MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, December 9, 2012

လက်ပန်းတောင်းတောင်ကိစ္စ သံဃာတော်တွေကို သာသနာရေးဝန်ကြီး တောင်းပန်


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြစခန်းတွေ ဖြိုခွဲခဲ့ရာမှာ ရဟန်းသံဃာတွေ ထိခိုက်ဒဏ်ရခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကိုယ်စား သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်တွေကို တောင်းပန်လျှောက်ထားတဲ့ အခမ်းအနားတစ်ရပ် မနေ့မနက်ပိုင်း က ကျင်းပခဲ့ပါတယ်။
Photo: RFA
မုံရွာမြို့ရွှေစည်းခုံဘုရားဝင်းအတွင်း တင်ဝင်းထွန်း ဓမ္မဗိမာန်မှာ ဒီဇင်ဘာလ ၁ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သံဃာတော်များရဲ့ သြဝါဒခံယူပွဲတစ်ရပ် ကျင်းပနေစဉ်
ကမ္ဘာအေးကုန်းမြေ မဟာနာယက ကျောင်းဆောင်မှာကျင်းပတဲ့ အဲဒီတောင်းပန်လျှောက်ထားပွဲမှာ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ အလွန်တရာစိတ်နှလုံးမချမ်းမသာ ဖြစ်ခဲ့ရကြောင်း၊ တာဝန်ယူဆောင်ရွက်ခဲ့ရတဲ့ မိမိတို့အဖွဲ့အစည်းများဘက်မှာလည်း မကျွမ်းမကျင်၊ မသိ နားမလည်မှုတွေရှိနိုင်တဲ့အတွက် ထိခိုက်ဒဏ်ရာရ ဦးပဥင်းများနဲ့ ကိုရင်တွေကို အစိုးရကိုယ်စား အလေးအနက် တောင်းပန်လျှောက်ထားပါကြောင်း သာသနာရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး
သူရဦးမြင့်မောင်က လျောက်ထားခဲ့ပါတယ်။

သာသနာရေးဝန်ကြီးရဲ့ လျောက်ထားတောင်းပန်တာနဲ့ပတ်သက်လို့ ရန်ကုန်မြို့က စနေနေ့ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဦးဓမ္မသိရိ ကဝန်ချတောင်းပန်ရမှာက ပြစ်မှုကျူးလွန်သောသူရယ်၊ ပစ်မိန့်ပေးတဲ့သူရယ်၊ ဒီနှစ်ဦးစလုံးက ခံရတဲ့သံဃာတော်တွေကို ကျေနပ်အောင်တောင်းပန်ရမယ့်ဟာကို ဦးဇင်းတို့က လိုချင်တာ၊ ဒါကို သံဃာမဟာနာယကတွေက ရေငုံနှုတ်ပိတ်ပြီးတော့ ဘာတစ်ခုမှတာဝန်ယူ ဖြေရှင်းပေးခြင်း၊ ဖျန်ဖြေပေးခြင်း၊ အရေးယူပေးခြင်းကို သံဃာထုဘက်ကနေ ဘာတစ်ခုမှလုပ်ဆောင်ပေးခြင်း မရှိတဲ့အတွက် ဦးဇင်းတို့က ဒီနေ့ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ် လို့ မိန့်ကြားခဲ့ပါတယ်။

သာသနာရေးဝန်ကြီးက လျောက်ထားခဲ့ရာမှာတော့ လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးနားမလည်သေးတဲ့ ဦးပဉ္ဇင်းများနဲ့ ကိုရင်ငယ်တွေမှာ အပြစ်မရှိကြောင်း၊ နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ နောက်ကွယ်က မသမာသူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်သာ ဒီကိစ္စပေါ်ပေါက်ခဲ့ရတာဖြစ်ကြောင်း လျှောက်ထားခဲ့ပါတယ်။

RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။