MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 12, 2012

၂၀၁၂ ခုနှစ် ဆယ်လတာ ကာလအထိ နိုင်ငံအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုမှာ ယမန်နှစ် အလားတူ ကာလထက် များပြားခဲ့ပြီး သေဆုံးသူအရေအတွက်လည်း များပြားခဲ့ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အများဆုံးဖြစ်ကြောင်း သိရ

၂၀၁၂ ခုနှစ် အောက်တိုဘာလအထိ ဆယ်လတာကာလအတွင်း  မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယာဉ်တိုက်ခိုက်မှုဖြစ်ပွားမှုမှာ ယမန်နှစ် အလားတူကာလထက် များပြားခဲ့ပြီး  သေဆုံးသူအရေအတွက်မှာလည်း ယမန်နှစ်ထက် များပြားခဲ့ပြီး မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အများဆုံးဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရှိရသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလအထိ ယာဉ်တိုက်ခိုက်မှု စုစုပေါင်း ၇၆၃၇ မှု ဖြစ်ပွားခဲ့ပြီး ယခင်နှစ် အောက်တိုဘာလထိ ယာဉ်တိုက်ခိုက်မှုမှာ ၇၂၂၅ မှုသာ ရှိခဲ့ကြောင်းနှင့် သေဆုံးသူအရေအတွက်မှာလည်း  ယခုနှစ် အောက်တိုဘာလအထိ ၂၁၈၅ ရှိခဲ့ပြီး ယခင်နှစ် အောက်တိုဘာလအထိမှာ ၂၀၆၅ ဦးသာရှိခဲ့ ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအတွင်း ယာဉ်တိုက်ခိုက်မှု အများဆုံးဖြစ်ပွားသည့် ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်ပြီး  ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက် အများဆုံးမှာ မန္တလေး၊ ပဲခူး၊
ရန်ကုန်တိုင်းဒေသကြီးတို့ ဖြစ်ကြောင်း သိရသည်။
ယာဉ်မတော်တဆမှုဖြစ်ပွားမှု အနည်းဆုံးဒေသများမှာ မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးမှု နည်းနေသေးသည့် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်ဖြစ်ပြီး ယင်းဒေသများတွင်  ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အနည်းဆုံးဖြစ်ကြောင်းလည်း သိရှိရပါသည်။
ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံတွင် လူဦးရေ၊ ယာဉ်အစီး ရေ တိုးတက်များပြားလာသည်နှင့်အမျှ ယာဉ်အန္တရာယ်၏ ခြိမ်းခြောက်မှုမှာလည်း ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာမည်ဟု ပညာရှင်များက အကြံပြု သတိပေးထားကြသည်။ ယင်းကြောင့် မြန်မာအပါအ၀င် ကမ္ဘာ နှင့်တစ်ဝန်းကို ခြိမ်းခြောက်လျက်ရှိသော ယာဉ်အန္တရာယ်ကို ထိရောက်စွာ လျှော့ချနိုင်ရေးအတွက် ၂၀၁၀ ပြည့်နှစ် ကုလသမဂ္ဂအထွေထွေညီလာခံမှ အတည်ပြုပြဋ္ဌာန်းခဲ့သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆယ်စုနှစ် စီမံကိန်း ၂၀၁၁-၂၀၂၀ မူကြမ်းကို မြန်မာနိုင်ငံကလည်း ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ယာဉ်အန္တရာယ် ဖြစ်ပွားမှုများသည် မြန်မာနိုင်ငံ၌သာမက ကမ္ဘာနှင့်အ၀န်း  ခြိမ်းခြောက်လာသော ဘေးအန္တရာယ်တွင် တစ်ခုအပါအ၀င် ဖြစ်လာပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဆင်းရဲသောနိုင်ငံများ တွင် ယင်းအန္တရာယ်ကို ပိုမိုကြုံတွေ့လာရသည်ဟု သိရသည်။ ချမ်းသာသော နိုင်ငံကြီးများက သယ်ယူပို့ဆောင်ရေးစနစ် ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကို ဘဏ္ဍာငွေအပြည့်အ၀ သုံးစွဲကာ ဆောင်ရွက်ခြင်းတို့ကြောင့် ဆုံးရှုံးမှုနည်းပါးသော်လည်း သယ်ယူပို့ဆောင်ရေးစနစ် အားနည်းသော၊ ဆင်းရဲသည့်နိုင်ငံများတွင် ယာဉ်အန္တရာယ်မှာ သဘာဝဘေးအန္တရာယ်ဆိုးများ ထက် ပိုမိုခြိမ်းခြောက်လာနေသော ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သုံးသပ်ချက်အရ သိရှိရသည်၊၊



Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။