MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 17, 2012

ဗြိတိန်နိုင်ငံခြားရေး ဒုဝန်ကြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်

2012-12-16
ရခိုင်ပြည်နယ်က ပဋိပက္ခ၊ ကချင်ပြည်နယ်က စစ်ပွဲနဲ့ ရန်ကုန်မှာလိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်တို့နဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Hugo Swire ဟာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းပွဲ လုပ်ခဲ့ပါတယ်။
Photo:RFA/Moe Thu Aung
ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Hugo Swireက မြန်မာနိုင်ငံခရီးစဉ်နဲ့ ပက်သက်သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်စဉ်။
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ Mr.Hugo Swire uရန်ကုန်မြို့ကိုပေးနေတဲ့ လျှပ်စစ်က ၁၉၄၀ လောက်ကလုပ်ခဲ့တာဆိုတော့ အတော့်ကို ဟောင်းနေပါပြီ အစားထိုးဖို့လိုအပ်တယ်လို့ ကျွန်တော်တောင် စဉ်းစားမိပါတယ်။ လုပ်ငန်းကြီးပါပဲ၊ အိမ်တွေမီးရဖို့ လေ့လာချက်တွေလုပ်ဖို့
အများကြီးလိုအပ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။
ဗြိတိန်သံရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ လာမယ့် ၁၀ နှစ်မှာ လျှပ်စစ် ၁၀ဆ တိုးပေးဖို့ မြန်မာနိုင်ငံမှာ လိုအပ်တာကိုကူညီဖို့  ရည်ရွယ်ချက်နဲ့ စွမ်းအင်ကဏ္ဍကိုအလေးထားတဲ့ ကုန်သွယ်ရေးအဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံကိုလာတာလို့ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ ရိုဟင်ဂျာတို့ သင့်မြတ်လာရင်  ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်တဲ့အကြောင်း၊  အမုန်းတရားတွေပျောက်ကွယ်လို့ အတူတကွအလုပ်တွေလုပ်နိုင်ပြီး လူသားချင်းစာနာထောက်ထားမှုတွေပါ ရရှိလာမယ့်အကြောင်းလည်း ပြည်တွင်းသတင်းမီဒီယာတွေကို ပြောကြားပါတယ်။
ဗြိတိန်သံအမတ်ကြီး Mr. Heyn နဲ့ ဗြိတိန်နိုင်ငံခြားရေး  ဒုတိယဝန်ကြီး Mr. Hugo Swire တို့ဟာ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့  အခြေချနေထိုင်တဲ့ ဘင်္ဂါလီလူမျိုးတွေအရေးနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာရှိတဲ့ နိုင်ငံရေးပါတီ ၃ ခုက တာဝန်ရှိသူတွေနဲ့ စစ်တွေမြို့ နိုဗယ်ဟိုတယ်မှာ မနေ့ မနက်(၁၁) နာရီမှာ   သီးသန့် ဆွေးနွေးခဲ့ပါတယ်။


RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။