MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 22, 2012

ဖမ်းထားတဲ့ ကျောင်းသားခေါင်းဆောင်တွေ အရေး ဗကသအဖွဲ့ချုပ် သတင်းစာရှင်းလင်း

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းအရေး သံဃာတော်တွေ ဆန္ဒပြကြရာမှာ ပါဝင်အားဖြည့်ခဲ့ကြတဲ့ ဗကသကျောင်းသားခေါင်းဆောင်တွေကို အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က ဒီကနေ့ နေ့လည်က ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ Home မီဒီယာခန်းမမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

Photo: RFA
လက်ပန်းတောင်းတောင်အရေးဆန္ဒပြရာမှာ ဖမ်းဆီးခံရတဲ့ ဗကသကျောင်းသားခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ဒီဇင်ဘာလ ၂၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့စဉ်
ဒီလို သတင်းစာရှင်းလင်းပွဲ ကျင်းပရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ
အဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက အခုလို ပြောကြားခဲ့ပါတယ်။

"လက်ပန်းတောင်းတောင်အရေး သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွဲမှုနဲ့အတူ လမ်းပေါ်မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ကျနော်တို့ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးတဲ့ကိစ္စအထိ ကျနော်တို့ ဒီခရီးကို ချီတက်လာခဲ့ရခြင်းဖြစ်တယ်၊ ဒီချီတက်လာဖို့အရေးကို ကျနော်တို့ အစဉ်တစိုက်ပါဝင်တာ ရှင်းပြချင်တဲ့အတွက်ကြောင့် ဒီအရေးမှာ အစကနေအဆုံးထိ တတ်အားသရွေ့ ကူညီခဲ့တယ်ဆိုတာကို တင်ပြချင်တဲ့အတွက် ဒီသတင်းစာရှင်းလင်းပွဲကိုလုပ်တာပါ"

ဒီသတင်းစာရှင်းလင်းပွဲမှာ ဗကသများအဖွဲ့ချုပ်ကနေ အချက်(၃)ချက်ပါ သဘောထားကြေညာချက်ကို  ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာ ကြေးနီစီမံကိန်းကို အစိုးရအနေနဲ့ ပြည်သူလူထုဆန္ဒနဲ့အညီ ဆောင်ရွက်ပေးဖို့၊ အကြမ်းဖက်ဖြိုခွဲမှုနဲ့  ပတ်သက်ပြီး သာမာန်ဖြေရှင်းမှုမျိုးနဲ့ မလုံလောက်ဘဲ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့၊ မတရားဖမ်းဆီးမှု၊ ဖမ်းဝရမ်းထုတ်မှုတွေကို ရပ်တန့်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဖမ်းဝရမ်းထုတ်ထားတာတွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ဗကသကျောင်းသားများအဖွဲ့ချုပ်က ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်၊ ကိုမိုးထက် တို့က ဗကသအဖွဲ့ချုပ်ရဲ့ လက်ရှိလှုပ်ရှားဆောင်ရွက်နေတာတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုကို  RFA အဖွဲ့သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။


RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။