MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 29, 2012

သော့ဝိဇ္ဇာရှိုးဂန်း အချုပ်မှ ဖောက်ပြေး လွတ်မြောက်နေစဉ် မန်းတွင် သိန်းတစ်ရာကျော်ဖိုး ဖောက်ထွင်းခဲ့ဟုဆို

မင်္ဂလာတောင်ညွန့် တရားရုံးတွင် ချုပ်ရမန် ရယူနေစဉ် ထွက်ပြေး သွားသည့် သော့ဝိဇ္ဇာ ရှိုးဂန်းသည် လွတ်မြောက်နေစဉ် ကာလ အတွင်း မန္တလေး၌ ကျပ်သိန်း တစ်ရာကျော်ဖိုးဖောက်ထွင်းခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သံသယ ရှိကြောင်း သိရသည်။
ရှိုးဂန်း(ခ) စံလင်းအောင် (ခ)ဟာမစ် အသက် ၂၇ နှစ်နှင့် အတူ ၄င်းနှင့်တွဲဖက် ကျော်ဇေယျာလင်း အသက်၂၇ နှစ်လည်း လွတ်မြောက်ခဲ့ခြင်း ဖြစ်ပြီး လွတ်မြောက် နေ စဉ် မန္တလေးသို့ ရောက်ရှိကာ ကျွဲဆည်ကန် လူထု တည်းခိုခန်းတွင် တည်းခိုပြီး ချမ်းအေးသာဇံမြို့ နယ်ရှိ တိုက်ခန်း တစ်ခန်းမှ ငွေ ကျပ်သိန်း ၆ဝ နှင့် ရွှေထည် ၁၂ မျိုး စုစုပေါင်း ကျပ် ၁ဝ၇ သိန်းဖိုး ဖောက်ထွင်း ခဲ့သည်ဟု ဆိုကာ မန္တလေး အမှတ် (၈) ရဲစခန်းမှ ပ-၂၂/၂ဝ၁၂ ပြစ်မှု ပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်ထားကြောင်း သိရ သည်။
ရန်ကုန်တိုင်း ဒေသကြီး ဒုစရိုက် နှိမ်နင်းရေး ဌာနစုမှ ၄င်းတို့ နှစ်ဦးအား ပထမအကြိမ် အောက်တိုဘာ ၂၅
ရက်နေ့က တိုက်ကြီး၊ ဂုန်ညင်းတန်း ကျေးရွာ အုပ်စု၊ ကောက်ကွေ့တန်း ကျေးရွာရှိ ကျော်ဇေယျာလင်း၏ နေအိမ်မှ ဖမ်းဆီး ရမိခဲ့သည်။ မင်္ဂလာ တောင်ညွန့်မြို့နယ် အတွင်း ရမန် ယူရန်အတွက် ဒီဇင်ဘာ ၁ဝ ရက် နေ့ က မင်္ဂလာတောင်ညွန့် ရဲစခန်း အချုပ်မှ မင်္ဂလာတောင်ညွန့် မြို့နယ် တရားရုံး အချုပ်သို့ ပို့၍ချုပ်ထားစဉ် မွန်းလွဲ ၂ နာရီခန့်က ထွက်ပြေး လွတ်မြောက် သွားခဲ့ခြင်းဖြစ် သည်။
ယင်းတို့ နှစ်ဦးသည် ပဲခူး၊ သထုံမှ တစ်ဆင့် မန္တလေးသို့ ရောက်ရှိနေစဉ် ဖောက်ထွင်းမှု ထပ်မံ ကျူးလွန်ခဲ့ပြီး လားရှိုးမြို့သို့ ရောက်ရှိနေစဉ် ဒီဇင်ဘာလ ၂ဝ ရက်နေ့ နေ့လယ် က ရပ်ကွက် ၈၊ သိန္ဒီလမ်းရှိ ယုံဟော်စားသောက် ဆိုင်ရှေ့တွင် ပြန်လည် ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းစာရင်းဌာနမှ တာဝန် ရှိသူ တစ်ဦးက ”အခု သူတို့ နှစ်ယောက်ကို အင်းစိန်ထောင်မှာ ချုပ်ထားပါတယ်။ နောက်ပြီး သူတို့ ကို ပြန်ဖမ်းပေးနိုင်တဲ့ ရဲအရာရှိနှစ် ယောက်ကိုလည်း ရာထူး တစ်ဆင့် တိုးဖို့ ရဲချုပ်က ညွှန်ကြားထားပါ တယ်”ဟု ပြောသည်။
ရှိုးဂန်း(ခ) စံလင်းအောင်သည် ၂ဝဝဝ ခုနှစ်က အထပ်မြင့် တိုက်ခန်းများ ဖောက်ထွင်းမှု ၅ မှုဖြင့် ထောင် ၃၁ နှစ်ကျခဲ့ပြီး မွန်ပြည် နယ်ရှိ တောင်စွန်း ရဲဘက် စခန်းသို့ ရောက်ရှိနေစဉ် ၂ဝ၁ဝ ခုနှစ် ဒီဇင် ဘာလ အတွင်း ထွက်ပြေးခဲ့ပြီး ယခု နှစ်တွင် ပြန်လည် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ယင်းတို့ နှစ်ဦးသည် မင်္ဂလာ တောင်ညွန့် မြို့နယ်တွင် ၅မှု၊ ပုဇွန် တောင်မြို့နယ် တွင်း ၃ မှု၊ သင်္ဃန်း ကျွန်း မြို့နယ်တွင် ၂ မှု၊ တာမွေမြို့ နယ်တွင် ၂ မှု၊ အလုံမြို့နယ် တွင် ၂ မှု၊ ကမာရွတ် မြို့နယ်တွင် ၄ မှု၊ လှိုင်မြို့က နယ်တွင် ၁ မှု၊ စမ်းချောင်း မြို့နယ်တွင် ၂ မှု၊ ကြည့်မြင်တိုင် မြို့နယ်တွင် ၃ မှုနှင့် အင်းစိန် မြို့နယ်တွင် ၂ မှု ခိုးမှု ဖောက်ထွင်းမှု စုစုပေါင်း ၂၆ မှု ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးလွန်ခဲ့သည် ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ ဆိုသည်။

Popular News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။