MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

စဥ့်ကူးမြို့နယ်တွင် ရွှေတွင်းမြေပြိုကျ၍ လူသုံးဦးပိတ်မိခဲ့ရာ ၁၃နာရီကျော်အကြာတွင် ပြန်လည်ကယ်ဆယ်နိုင်ခဲ့

ဒီဇင်ဘာလ ၁၂ရက်နေ့ မွန်းလွဲ ၂နာရီခွဲ အချိန်တွင် မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ရေမျက်ကျေးရွာနှင့် ရေရှင်ကျေးရွာအကြား မင်းပန်းတောင်တွင် ရွှေတွင်းပြိုကျ၍ လူသုံးဦးပိတ်မိမှုဖြစ်ပွားခဲ့ပြီး ၁၃နာရီကျော်အကြာ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၃ နာရီကျော်အချိန်တွင် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၂ရက်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ရေမျက်ကျေးရွာနှင့် ရေရှင်ကျေးရွာအကြား မင်းပန်းတောင်တွင် လက်ယက်ရွှေတွင်းတူးဖော်သည့် မျိုးမြင့်ဦး(၂၅)နှစ် လိပ်စာစိစစ်ဆဲ၊ စဥ့်ကူးမြို့နယ် ခူလယ်ရွာနေ အောင်သူ(၁၉)နှစ်နှင့် စဥ့်ကူးမြို့နယ် ရေရှင်ရွာနေ အောင်ကျော်ဦး(၁၉)နှစ် တို့(၃)ဦးသည် ရွှေတွင်းတူးရာ အတောင်(၃၀)ခန့် အနက်သို့ရောက်ရှိစဉ် မြေပြိုကျပြီး ပိတ်မိနေသဖြင့် ရေမျက်ကျေးရွာ ရာအိမ်မှူး ဦးဖိုးစန်းပါ ရွာသား(၂၀)ဦးနှင့် တာဝန်ရှိသူများမှ အဆိုပါနေရာသို့ ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး
ဆက်လက်တူးဖော်ခဲ့ရာ စတင်ပြိုကျချိန်မှ ၁၃ နာရီအကြာ ဒီဇင်ဘာလ ၁၃ရက်နေ့ နံနက် ၃နာရီခွဲအချိန်တွင် မြေပြိုကျပိတ်မိနေသူသုံးဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်သည် နိုဝင်ဘာလ ၁၁ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အား ရစ်ခ်ျတာစကေး ၆.၈အဆင့်ရှိ ငလျင်ဒဏ်ကို အဓိကခံခဲ့ရသော ဒေသများထဲတွင် ပါဝင်ပြီး အဆိုပါအချိန်ကလည်း ရွှေတွင်းများပြိုကျ၍ အလုပ်သမားများပိတ်မိကြောင်း ကောလဟလများ ထွက်ပေါ်ခဲ့ဖူးကာ ယင်းဖြစ်စဉ်မှာ မဟုတ်မမှန်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်ကို တွေ့ရသည်။
Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။