MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 10, 2012

ဂျာမနီ၊ သြစတြေးလျနှင့် ပြင်သစ် စသည့်နိုင်ငံစုံမှ ပါဝင်မည့် (၁၅) ကြိမ်မြောက် မီးပုံးပျံ ပျံသန်းမှုကို အင်းလေးဒေသမှစ၍ မန္တလေး၊ စစ်ကိုင်းမြို့များ၌ ဒီဇင်ဘာလ တတိယပတ်မှ ဇန်န၀ါရီလဆန်းအထိ ပြုလုပ်မည်


91


မြန်မာနိုင်ငံရှိ ခရီးသွားများ သွားရောက်လည်ပတ်မှု များပြားသော နေရာဒေသများသို့ ဒီဇင်ဘာ ၂၁ ရက်နေ့မှ ဇန်န၀ါရီလ ၈ ရက် နေ့အထိ ၁၉ ရက်ကြာ မီးပုံးပျံ ခြောက်လုံးဖြင့် ပျံသန်းရန် စီစဉ်နေကြောင်း Golden Express  ခရီးသွားကုမ္ပဏီမှ သတင်းရရှိသည်။
ယင်းမီးပုံပျံခရီးစဉ်မှာ (၁၅) ကြိမ်မြောက် ပျံသန်းခြင်းဖြစ်ပြီး ယခုအကြိမ်တွင် မီးပုံးပျံခြောက်လုံးဖြင့် အင်းလေး၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဟဲဟိုး၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ပျံသန်းမည်ဖြစ်ကာ လေထီးခုန်ချမည့် အစီအစဉ်လည်းရှိကြောင်း သိရှိရသည်။
“တစ်နေ့ကို နှစ်ကြိမ်၊ မနက်ပိုင်း ခပ်စောစောနဲ့ ညနေပိုင်း နေ၀င်ချိန်လောက်ကို ပျံသန်းဖို့ စီစဉ်ထားပါ တယ်။ သူတို့က မြောက်ဦးကိုပါ သွားချင်တာ။ ဒါပေမယ့် ကျွန်တော်တို့က စီစဉ်မပေးနိုင်ဘူး။ သူတို့ တစ်ခုခု ဖြစ်သွားရင် ကျွန်တော်တို့ တာဝန်ယူရမှာဆိုတော့ အာမမခံနိုင်ဘူး။ အဲဒါကြောင့် ဒီခရီးစဉ်ကိုပဲ
စီစဉ်ပေး ဖြစ်တာပါ။ မီးပုံးပျံမောင်းမယ့်သူက ခုနစ်ယောက်နဲ့ လေထီးခုန်မယ့် ယောကျာ်းလေးက နှစ်ယောက်ပါမယ်။ သူတို့ပျံသန်းတဲ့ တစ်ချိန်လုံးကို မီးပုံးပျံသယ်ဖို့အတွက် ဒိုင်နာကားသုံးစီးနဲ့ မီးပုံးပျံစီးတဲ့အဖွဲ့တွေ စီးဖို့အတွက် ကားတွေနဲ့ တောက်လျှောက်လိုက်မှာဆိုတော့ တစ်နာရီလောက်ပဲ ပျံသန်းဖြစ်ပါမယ်” ဟု Golden Express ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးတင့်နောင်က ပြောကြားခဲ့သည်။
ယင်းခရီးစဉ်တွင် ဆွစ်ဇာလန်နိုင်ငံမှ Mr.Peter Blaser တို့ စုံတွဲက ဦးဆောင်မည်ဖြစ်ပြီး ဂျာမနီ၊ သြစတြေးလျနှင့် ပြင်သစ် စသည့်နိုင်ငံပေါင်းစုံမှ နိုင်ငံခြားသား ၂၉ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းအဖွဲ့သည် ၁၉၉၉ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံသို့ နှစ်စဉ်နှစ်တိုင်း မီးပုံးပျံ စီးနင်းပျံသန်းပြီး ယခုကဲ့သို့ လာရောက်လည်ပတ်လေ့ရှိကြောင်း သိရှိရသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။