MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

“ဂစ်တာတီးပြီး သီချင်းရေးတဲ့ ဘဝကို ပိုကြိုက်သူ မီးမီးခဲ”


 

Missed Call စီးရီးကို ဗီဒီဒီရိုက်ကူးနေပြီဖြစ်ပြီး သုံးပုဒ်လောက်ပဲ ရိုက်ဖို့ ကျန်တော့တယ်လို့ မီးမီးခဲက ပြောပါတယ်။ Missed Call စီးရီးကို ပရိသတ်က လက်ခံအားပေး တဲ့အတွက် အတိုင်းမသိ ဝမ်းသာကြောင်း ဆက်ပြောပါတယ်။
မိဘတွေက ဂီတလမ်းကြောင်းမှာ ကိုယ်စီအောင်မြင်မှုမှတ်တိုင်ကို စိုက်ထူ နိုင်ခဲ့ကြသူတွေဖြစ်တာနဲ့အမျှ မီးမီးခဲရဲ့ သမီးလေး ဖြူဖြူစင်စင်လင်းကလည်း အနုပညာကို တော်တော်ဝါသနာ ပါတာကို တွေ့ရပါတယ်။ မီးမီးခဲကို သမီးလေး ဖြူဖြူစင်စင်လင်းနဲ့ ပတ်သက်ပြီးမေးကြည့်တော့ “ဘုရားကျောင်းမှာဆိုရင် သူ့ကို ဆိုတတ်မှန်းသိလို့ ဆိုခိုင်းကြတယ်။ Live Show တစ်ခုလည်း လုပ်ဖို့ရှိတယ်၊ ခရစ်ယာန်နာမည်ကြီး အဆိုတော်တွေ ပါသေးတယ်။ သီချင်းတစ်ပုဒ် ဆိုနိုင်တာ သမီးအတွက် ဂုဏ်ယူတယ်၊ အဖေအမေသွေးပါတာ ဝမ်းသာမိတယ်”လို့ မီးမီးခဲက ပြောပါတယ်။
ငယ်ငယ်တည်းကက မိဘအမွေကို ဆက်ခံနေတဲ့ ဖြူဖြူစင်စင်လင်းကို မီးမီးခဲတို့လို ပြည်သူချစ်တဲ့
အနုပညာရှင်တစ်ယောက် ဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့ ရှိမလားလို့ မေးကြည့်တော့ “သူ့ဝါသနာအရပါပဲ။ သူဝါသနာပါရင်ပါတဲ့ အတိုင်းပါပဲ။ ကလေးကိုတော့ ဖိအားမပေးပါဘူး။ စိတ်ပါရင် ပါတဲ့အတိုင်းပါပဲ” လို့ မီးမီးခဲက သမီးလေး ဖြူဖြူ စင်စင်လင်းနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
တေးရေးပိုင်းကို တေးဆိုပိုင်းထက်ပိုပြီး ဝါသနာပါတယ်ဆိုတဲ့ မီးမီးခဲကို သီချင်းရေးတာနဲ့ ပတ်သက်ပြီး မေးကြည့်တော့ “သီချင်းရေးတာက ငွေရေးကြေးရေးကို တပ်မက် မှု မရှိပါဘူး။ တချို့က အစ်မသီချင်းရေးတတ်မှန်းသိလို့ သီချင်းတွေ လာအပ်ကြပါတယ်။ ရေဗက္ကဝင်းတို့၊ ရှင်ဖုန်းတို့၊ စင်ဒီတို့ ထွက်မယ့် အခွေတွေထဲမှာ အစ်မသီချင်းတွေ ရေးပေးထားတယ်။ ဂစ်တာတီးပြီးတော့ ကိုယ့်ဘာသာကိုယ် သီချင်းမယ်လိုဒီ ရှာတဲ့ဘဝကို ပိုကြိုက်မိတယ်”လို့ ပြောပြခဲ့ပါတယ်။

သီဟ
Popular News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။