MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

ကားလက်မှတ် အရောင်းပြတ်သည်အထိ ကျိုက်ထီးရိုးဘုရားဖူး များခဲ့

 ကျိုက်ထီးရိုးခရီးစဉ်သို့ ပြည်တွင်းဘုရားဖူးအသွားများခြင်းကြောင့် ကားလက်မှတ်အရောင်းပြတ်သည်အထိ ဖြစ်သွားခဲ့ကြောင်း ပြည်တွင်း ခရီးသွားလုပ်ငန်းများမှ သိ ရသည်။ယခုနှစ် ဒီဇင်ဘာလ ၇ ရက် က ကျိုက်ထီးရိုးဘုရားသို့ ကုမ္ပဏီ နှင့် အစိုးရဝန်ထမ်း အများအပြား သွားကြသဖြင့် ခရီးသွားလုပ်ငန်းများ ရှိ ကားများအပြင် အောင်မင်္ဂလာ အဝေးပြေးရှိ ကားများငှား၍ လက် မှတ်ဖွင့် ရောင်းချခဲ့ရကြောင်း ရွှေ ကြေးစည်ခရီးသွားလုပ်ငန်းမှ ကိုအောင်ကိုက ပြောသည်။”ပိတ်ရက်ခံတော့ လူ အသွား များမယ်လို့ေ တာ့ သိတယ်။ ဒါပေမဲ့ ထင်မထားဘူး။ အဲဒီလောက် များသွားမယ်လို့။ လှည်းတန်းမှာ ဆို ကားစောင့်နေကြတဲ့ လူတွေ
နည်းတာမဟုတ်ဘူး” ဟု ၄င်းက ဆက်ပြောသည်။
ပုံမှန်အတိုင်း ကျိုက်ထီးရိုး ဘုရားသို့ အပတ်စဉ် သောကြာ နေ့တိုင်း ခရီးသွားလုပ်ငန်းမှ ၄၅ ယောက်ဆံ့ ကားသုံးစီးဖြင့်သာ လက်မှတ်ဖွင့် ရောင်းချပြီး၊ ယခု အပတ် သောကြာနေ့တွင် အမျိုး သားနေ့ ပိတ်ရက်ခံနေသည့်အတွက် ကားစီးရေ ၁၈ စီးကိုလက်မှတ်ဖွင့် ကာ ရောင်းချခဲ့ပြီး လက်မှတ်ခ နှုန်းထားများ လည်း မြင့်တက်ခဲ့ ကြောင်း ရွှေကြေးစည် ခရီးသွား လုပ်ငန်းမှ ပြောသည်။”ရှိတဲ့ကားနဲ့ မလောက်လို့ အဝေးပြေးကွင်းက ကားသန့်တွေ ငှားရတယ်။ ပုံမှန် ကျပ် သုံးသိန်းကို ကျပ် လေးသိန်း ခွဲ၊ ကျပ် ငါးသိန်း လောက်အထိ တက်သွားတယ်။ ခရီးသည်တွေကိုလည်း ဈေးတိုး ရောင်းရတယ်” ဟု အထက်ပါပုဂ္ဂိုလ် က ပြောသည်။ကားလက်မှတ်များကို တစ် သောင်းနှစ်ထောင်မှ တစ်သောင်းခွဲ အထိ ဈေးနှုန်းတိုးမြှင့်ရောင်းချကြသော်လည်း ရုံးပိတ်ရက်နှင့် တိုက်၍ သွားလိုသူ များပြားခြင်းကြောင့် ယခုနှစ် အမျိုးသားနေ့ ပိတ်ရက် သည် လပြည့်နေ့ ပိတ်ရက်များ ထက်ပင်ပို၍ ရောင်းချရကြောင်း သိရသည်။လက်ရှိတွင် ပြည်တွင်း ဧည့် များသည် အထက် မြန်မာပြည်သို့ သွားရောက်မှုနည်း ပါးနေပြီး ကျိုက် ထီးရိုးနှင့် ချောင်းသာသို့ ယခင် နှစ်ထက် သွားရောက်သူဦးရေ ပို များလျက် ရှိသည်။ခရစ္စမတ် ပိတ်ရက်များနှင့် ဇန်နဝါရီလများအတွက် ကြိုတင် လက် မှတ်များ စတင်ရောင်းချနေရ ပြီ ဖြစ်ကြောင်း သိရသည်။

ခိုင်နွယ်ဦး
Popular News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။