MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 29, 2012

ပြည်တွင်းစစ်များပိုမိုပြင်းထန်လာ။လိုင်ဇာမြို့အနီး ဒေါ့ဖုန်းယန်နှင့် လဂျားယန် ဒေသတစ်ဝိုက် တိုက်ပွဲများပြင်းထန်နေ၊ အရပ်သားတစ်ဦးသေ (၃) ဦး ဒဏ်ရာရ

292
မြစ်ကြီးနားမြို့ပေါ်တွင် စစ်ရဟတ်ပျံသန်းနေမှုကို ဒီဇင်ဘာလအတွင်းက တွေ့မြင်ရစဉ်
ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်အတွင်းရှိ ဒေါ့ဖုန်းယန်မြို့နှင့် လဂျားယန် ဒေသတစ်ဝိုက်တွင် အစိုးရတပ်များနှင့် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် အစိုးရတပ်များနှင့် ကေအိုင်အေတို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် နန်းလုံချောင်းအနီးတွင် အခင်းလုပ်နေကြသော အမျိုးသားတစ်ဦး သေဆုံးပြီး (၃) ဦးဒဏ်ရာရရှိကာ ဒဏ်ရာရရှိသော အမျိုးတစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြင့် လိုင်ဇာဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်း လဂျားယန် အနီးတစ်ဝိုက်တွင် ကေအိုင်အေတပ်များ
 လေကြောင်းတိုက်ခိုက် ခံရသည်ဟု ကေအိုင်အေ ဌာနချုပ်မှ ပြောကြားချက်အရ သိရှိရသည်။
''ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၆ နာရီဝန်းကျင် လောက်ကတည်းက အစိုးရတပ်က
လဂျားယန်ကနေ ဒေါ့ဖုန်းယန်ဘက်ကို လက်နက်ကြီးတွေနဲ့ပစ်တယ်။ မနက် ၉ နာရီဝန်းကျင်မှာ မြစ်ကြီးနား လေတပ်စခန်းကနေပြီး Jet Fighter (၂)စင်းလာပြီး စတင်းဂမ်းနဲ့ ပစ်တယ်။ ဗုံးချတယ်။ အဲဒါပြီးတော့ စစ်ရဟတ်ယာဉ် (၂) စီးလာပြီး (၃၀) မမ ကျည်တွေ၊ စတင်းဂမ်းတွေ၊ ဒုံးကြည်တွေနဲ့ ပစ်တယ်'' ဟု ကေအိုင်အေ ပြန်ကြားရေးအရာရှိ ဦးလနန်က ဒီဇင်ဘာလ (၂၈) ရက်နေ့ ညနေ (၄နာရီခွဲ) အချိန်တွင် ပြောကြားခဲ့သည်။
ပန်ဝါဒေသဘက်တွင် နှစ်ရက်အတွင်း တိုက်ပွဲကြီးများ မဖြစ်ခဲ့သော်လည်း အစိုးရစစ်တပ်မှ စစ်ရေးပြင်ဆင်မှု အကြီးအကျယ် ပြုလုပ်နေကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါဒေသတွင် ၂၀၁၁ ခုနှစ် ဇွန်လ လယ်မှစ၍ အစိုးရတပ်များနှင့် ကေအိုင်အေတို့ ရင်ဆိုင်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားသော နေရာဖြစ်ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ တတိယအပတ်မှ စတင်ကာ လေကြောင်းစတင် တိုက်ခိုက်မှုများ ခံရပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့် နေရာတစ်ခုဖြစ်သည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။