MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 29, 2012

အခွန် လျှော့ပေါ့ သက်သာခွင့်ပြုရန် လုပ်ငန်းရှင် အချို့တင်ပြ

ပြည်သူ့လွှတ်တော် ဘဏ်များ နှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီသို့ အခွန်နှင့် ပတ်သက်သည် များ ပြန်လည် ပြင်ဆင်ပေးရန် အတွက် UMFCCI မှ ညီနောင် အသင်းများက တင်ပြ တောင်းဆို ထားကြောင်း သိရသည်။ကုန်သွယ် လုပ်ငန်းခွန်နှင့် ဝင် ငွေခွန်ကောက်ခံမှု များကို လက်ရှိ ဖြစ်ပေါ်နေသော စီးပွားရေး အခြေ အနေများအရ လျှော့ပေါ့ ကောက် ခံပေးရေး ဆိုင်ရာ ကိစ္စရပ် များကို အသင်းတာဝန်ရှိ သူများနှင့် လုပ်ငန်းရှင် များက တင်ပြ တောင်းဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။ သစ်လုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး (၁) ဦး အောင်နိုင်ဦး ကမူ သစ်ခွဲသားများ ပြည်ပ တင်ပို့မှုတွင် ကောက်ခံသော ကုန်သွယ် လုပ်ငန်းခွန် ၅ဝ ရာခိုင်နှုန်း ကို လက်ရှိ သစ်စက်များ မဖွံ့ဖြိုးခင်၌ အချိန်ကာလ တစ်ခုအထိ အခွန်လျှော့ ပေါ့ သက်သာခွင့်ပြုရန် တောင်းဆို
ထားပြီး သစ်စက်ရုံ များတွင် နည်းပညာ၊ စက်ကိရိယာများ ဖွံ့ဖြိုးရန် လိုအပ်နေကြောင်း ပြောသည်။
”သစ်အလုံးလိုက် တင်ပို့တာ နဲ့ သစ်ခွဲသား တင်ပို့တာကို အခွန် အတူတူ ကောက်ခံတယ်။ လက်ရှိမှာ သစ်အလုံးလိုက် တင်ပို့မှုရဲ့ ၁ဝ ရာခိုင်နှုန်း ကိုပဲ သစ်ခွဲသား တင်ပို့နိုင်သေးချိန် မှာ သစ်အခြေခံ စက်ရုံတွေ ဖွံ့ဖြိုးလာ ဖို့ အတွက် အခွန်ကို အချိန်ကာလ တစ်ခု လျှော့ပေါ့ပေးစေ လိုပါတယ်”ဟု ၄င်းက ပြောသည်။
ရော်ဘာ လုပ်ငန်းရှင် ဦးလှမြင့် ကမူ ရော်ဘာသည် စိုက်ပျိုးသီးနှံ၊ စက်မှုကုန်ကြမ်း သီးနှံဖြစ်သော ကြောင့် အခြား စိုက်ပျိုးသီးနှံ၊ စက်မှု ကုန်ကြမ်း သီးနှံများကဲ့သို့ အခွန် ကင်း လွတ်ခွင့် ပြုသင့်ကြောင်း တင်ပြ တောင်း ဆိုခဲ့သည်။
ဆေးဝါး လုပ်ငန်းရှင် ဒေါက်တာ စောလှထွန်းက ဆေးဝါး တင်သွင်းမှု တွင် တိုးမြှင့်လိုက်သော ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကြောင့် တရားမဝင် တင်သွင်းမှု များပြားလာ ခြင်းကြောင့် သင့်တင့် မျှတသောအခွန် နှုန်းထား တစ်ခုကို လျှော့ပေါ့ စဉ်းစား ပေးရန် တင်ပြခဲ့သည်။
စားသောက်ကုန် လုပ်ငန်းရှင် တစ်ဦးက စက်မှုဇုန် ပြင်ပတွင် ထုတ်လုပ်မှု အပေါ် ကောက်ခံသော ကုန်သွယ် လုပ်ငန်းခွန်နှင့် ပြည်ပမှတင် သွင်းရောင်းချမှု အပေါ် ကောက်ခံမှု နှုန်းမှာ တန်းတူ ဖြစ်နေသောကြောင့် အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဟန့် အတားဖြစ်နေ ပြီး ပြည်ပလုပ် ငန်းများကို ယှဉ်ပြိုင်နိုင်မှု မရှိဖြစ်နေသည်ဟု ပြောသည်။ ထို့အပြင် ကုန်စည်များ နိုင်ငံတော် အတွင်း ထုတ်လုပ် ရောင်းချခြင်း အတွက် ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ထုတ်လုပ် ရောင်းရငွေ စုစုပေါင်း ကျပ်သိန်း ၁ဝဝ ကို အခွန် ကင်းလွတ် ခွင့်ပြုခြင်းအား ကျပ်သိန်း ၅ဝဝ အထိ တိုးမြှင့်ပေးစေ လိုသည်ဟု  ပြောသည်။
ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းမှ ဥက္ကဋ္ဌ ဦးသိန်းဟန်က လည်း အခြေခံ စားသောက်ကုန် ဖြစ်သည့် စားသုံးဆီ အပေါ် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကောက် ခံပြီး အကောက် ခွန် ၅ ရာခိုင်နှုန်း ကောက်ခံနေရာ စားသုံးသူများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ဟု ပြောသည်။
ယင်းအပြင် အခွန်ထမ်း၍ တင်သွင်းလာသော ကုန်သည်များသည် နယ်စပ်မှ တရားမဝင် တင်သွင်းလာ သူများအား ဈေးကွက်တွင် ယှဉ်ပြိုင် နိုင်မှု မရှိ၍ အခက်အခဲနှင့် ကြုံတွေ့နေ ရသည်ဟု ၄င်းကပြောသည်။
ယင်းကဲ့သို့ အခွန်လျှော့ပေါ့ပေးရန်နှင့် ပြင်ဆင် သတ်မှတ်ပေးရန် လိုအပ်နေသည် များကို ယခုလ ၂၄ ရက်နေ့တွင် UMFCCI ၌ ပြည်သူ့လွှတ်တော် ဘဏ် များနှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ မှ လုပ်ငန်းရှင် များနှင့် တွေ့ဆုံစဉ်တွင် လုပ်ငန်းရှင်များ ဘက်မှ တင်ပြတောင်း ခံခဲ့ခြင်းဖြစ်သည်။

ဝေယံမိုးမြင့်၊ ဝေမာထွန်း
Popular News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။