MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 3, 2012

လက်ပန်းတောင်း စုံစမ်းရေးကော်မရှင်မှာ ၈၈မျိုးဆက်ကျောင်းသားများ မပါဝင်လို

သမ္မတရုံးက မနေ့က အမိန့်ထုတ်ပြန်ခဲ့တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှာပါဝင်လိုတဲ့ ဆန္ဒမရှိကြောင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ က ဒီကနေ့ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပါဝင်လိုတဲ့ဆန္ဒမရှိရတာရဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ ဖေါ်ပြမထားပါဘူး။
Photo: 88 Generation Facebook
ဒီဇင်ဘာလ ၁ရက်နေ့တွင် မုံရွာမြို့ကိုရောက်ရှိနေတဲ့ ၈၈ကျောင်းသားများအဖွဲ့က လက်ပန်းတောင်းအရေးနှင့်ပတ်သက်ပြီး ဒေသခံချို့နဲ့ တွေ့ဆုံမေးမြန်းနေစဉ်
ပြီးခဲ့တဲ့ဖြစ်ရပ်တွေနဲ့ စပ်လျဉ်းပြီး ကြေးနီမိုင်းဆက်လက်ဆောင်ရွက်ဖို့ သင့် မသင့်၊ ဆန္ဒပြမှုထိန်းသိမ်းခဲ့တဲ့အပေါ် အခြေအနေမှန်တွေဖေါ်ထုတ်နိုင်ဖို့အတွက် လူပုဂ္ဂိုလ် ၃ဝ ပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဌ၊ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဦးစစ်မြိုင်တို့ဖြစ်ကြပြီး၊ ၈၈မျိုးဆက် ကျောင်သားများအဖွဲ့က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး တို့လည်း အဖွဲ့ဝင်တွေအဖြစ်
ပါဝင်ခဲ့ကြပါတယ်။

ကော်မရှင်အနေနဲ့ ကြေးနီစီမံကိန်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာစံချိန်အတိုင်း စနစ်တကျဆောင်ရွက်မှု ရှိ မရှိ၊ စီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုး ဆိုးကျိုး သက်ရောက်မှုတွေ၊ ကြေးနီစီမံကိန်းကြောင့် နိုင်ငံတော်အကျိုး ရှိ မရှိ၊ စီမံကိန်းရပ်ဆိုင်းဖို့ ဆန္ဒဖေါ်ထုတ်ရတဲ့အကြောင်းရင်းတွေ၊ ဆန္ဒဖေါ်ထုတ်မှုအပေါ် ထိန်းသိမ်းမှုနဲ့ သံဃာတော်တွေ ထိခိုက်ရတဲ့အပေါ် သုံးသပ်ချက်၊ ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ သင့် မသင့်၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ရပ်ဆိုင်းဖို့ သင့် မသင့်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်တွေ၊ ကော်မရှင်ရဲ့ အထွေထွေသုံးသပ်တင်ပြချက်နဲ့ အကြံပြုချက်တွေ စတာတွေ တင်ပြရမှာဖြစ်ပါတယ်။

ကော်မရှင်အစီရင်ခံစာကို ၂ဝ၁၂ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတဆီကို တင်ပြရမှာဖြစ်ကြောင်း အမိန့်ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။


RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။