MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

စိတ်ကြွ ဆေးပြားထုတ်လုပ်မှု များလာနေ

012-12-13
အာရှဒေသတွင်း မူးယစ်ဆေးဝါး ပြသနာ ကြီးထွားလာနေတာကို တိုက်ဖျက်နိုင်ဖို့အတွက် မြန်မာနိုင်ငံဟာ အဓိကကျတဲ့ နိုင်ငံတခုဖြစ်တယ်လို့ ကုလသမဂ္ဂက မနေ့က ပြောဆိုလိုက်ပြီး ဒေသတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းတွေမှာလည်း ပူပေါင်းပါဝင်ဖို့ကို မြန်မာအစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
Photo courtesy of Pimuk Rakkanam 
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မူးယစ် ဆေးဝါးနှိမ်နင်းရေး အေဂျင်စီရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် UNODC ဒေသဆိုင်ရာ ကိုယ်စားလှယ် Mr. Gary Lewis (ယာ)နှင့် INCB ဗဟိုဦးစီး အဖွဲ့ဝင် Dr Virooj Sumyai(ဝဲ) တို့ကိုတွေ့ရစဉ်။
ဒေသတွင်းမှာ Methamphetamine ခေါ် စိတ်ကြွဆေး ထုတ်လုပ်မှုမှာလည်း မြန်မာနိုင်ငံဟာ အဓိက ကျတဲ့ နေရာတခု ဖြစ်နေတာတွေရတယ်လို့ UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ေးဆးဝါးတိုက်ဖျက်ရေး အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်၊လွန်ခဲ့တဲ့ ၅နှစ်လောက်ကတည်းက ဒီစိတ်ကြွဆေးပြားတွေ စထွက်လာတာဖြစ်ပြီး ဒါကို သုံးစွဲလာတဲ့ နှုန်းဟာလည်း မြင့်လာနေတယ်လို့
UNODC ရဲ့ ဒေသဆိုင်ရာ တာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းက မြန်မာနိုင်ငံအတွင်းမှာ စိတ်ကြွဆေးပြား ၆သန်းနီးပါးလောက် ဖမ်းဆီးမိခဲ့ပြီး၊ အဲဒီပမာဏဟာ ၂၀၁၀ ခုနှစ်ထက် ၂ ဆများလာတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
အဲဒီလို ဖမ်းဆီးမိတဲ့ပမာဏဟာ မြန်မာနိုင်ငံမှာ စိတ်ကြွဆေးပြား ထုတ်လုပ်နေတာရဲ့ အစိတ်အပိုင်းလောက်သာ ရှိပြီး အိမ်နီးခြင်းနိုင်ငံတွေကို နယ်စပ်ဖြတ်ကျော် ရောင်းချနေတာတွေ မပါသေးဘူးလို့လည်း ဆိုပါတယ်။ ဒါကြောင့်မို့ အာရှတိုက်တွင်း မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုတွေကို တိုက်ဖျက်နိုင်အောင် နိုင်ငံအားလုံး အတူတကွပူးပေါင်းပါဝင်ကြဖို့ ဘန်ကောက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း UNODC ရဲ့ ဒေသဆိုင်ရာ တာဝန်ခံကတိုက်တွန်းခဲ့ပါတယ်။

RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။