MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 3, 2012

ဆန္ဒပြ သံဃာတွေအပေါ် အကြမ်းဖက် ဖြိုခွဲမှုအား မုံရွာရဲတပ်ဖွဲ့ တောင်းပန်

2012-12-01
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်းကို အကြမ်းဖက် ဖြိုခွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဟန်းတော်တွေကို တောင်းပန်တဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့ အစိုးရတာဝန်ရှိသူတွေဟာ သံဃာ့သြဝါဒ ခံယူပွဲတစ်ရပ်ကို ဒီကနေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

Photo: RFA
လက်ပန်းတောင်းသပိတ်တွင် ဒဏ်ရာရသူများအား မုံရွာပြည်သူ့ဆေးရုံတွင် သီတဂူဆရာတော် အရှင်ဥာဏိဿရ က လာရောက်ကြည့်ရှုစဉ်
မုံရွာမြို့၊ ရွှေစည်းခုံဘုရား၊ တင်ဝင်းထွန်း ဓမ္မဗိမ္မာန်မှာ  နေ့လည် ၂နာရီလောက်က ပြုလုပ်ခဲ့တာဖြစ်ပြီး သံဃာအပါး ၂ဝကို ဖိတ်ကြားခဲ့ပေမယ့် သံဃာအနည်းအကျဉ်းသာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အာဏာပိုင်တွေရဲ့ အခုလုပ်ရပ်ဟာ အကြမ်းဖက်ခံရတဲ့ သံဃာတော်တွေကို တောင်းပန်တာမျိုးမဟုတ်တဲ့အတွက် အခြေအနေတွေကို ပိုမိုဆိုးရွားသွားစေတယ်လို့
မနေ့က မန္တလေးသံဃာတော် ထိုင်သပိတ်ပွဲကို ဦးဆောင်ခဲ့တဲ့ ဓမ္မိကာရာမကျောင်းတိုက် ဘဝအလင်းဆရာတော် ဦးသောဘိတက ဝေဖန်မိန့်ကြားပါတယ်။ သြဝါဒခံယူပွဲအပြီးမှာ ဖိတ်ကြားခံရတဲ့ ဆရာတော်တွေကို အာဏာပိုင်တွေက သင်္ကန်းဆပ်ကပ် လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

မနေ့ကဆိုရင် မုံရွာလက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုကြောင့် အာဏာပိုင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်ခံရပြီး ဒဏ်ရာတွေရရှိခဲ့တဲ့ ရဟန်းသံဃာတော်တွေကို နာမည်ကျော် သီတဂူဆရာတော် အရှင် ဒေါက်တာ ဥာဏိဿရက သွားရောက်တွေ့ဆုံပြီး ငွေကြေးလှူဒါန်းခဲ့ပါတယ်။
မုံရွာဆေးရုံမှာ မြင်တွေ့ခဲ့ရတဲ့ သံဃာတော်တွေဟာ မီးလောင်ဗုံးထိမှန်ထားတဲ့ ဒဏ်ရာတွေအပြင် အက်ဆစ်လို ရေတွေနဲ့ ပက်ဖျန်းခံရတဲ့ ဒဏ်ရာတွေကလည်း တွေ့ခဲ့ရတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
သီတဂူဆရာတော် အရှင်ဥာဏိဿရကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က လျှောက်ထား မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

တဆက်ထဲမှာလည်း လက်ပန်းတောင်းတောင်ဒေသရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မသူဇာက  မြန်မာနိုင်ငံ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ကျောင်းသားများအဖွဲ့က တာဝန်ခံ ကိုသောင်းထိုက်ကို ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။