MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 5, 2012

လက်ပန်းတောင်းတောင် အရေး ဆန္ဒဖေါ်ထုတ်သူတွေကို ရုံးတင်စစ်ဆေး

2012-12-03
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းဖို့အတွက် ရန်ကုန်မြို့မှာ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်အဖွဲ့ဝင် ကိုဝေဠု အပါအဝင် ဆန္ဒပြခေါင်းဆောင် (၆)ဦးကို ကျောက်တံတား တရားရုံးနဲ့ ပန်းပဲတန်း တရားရုံးမှာ ဒီဇင်ဘာလ ၃ ရက်နေ့က ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေး ခဲ့ပါတယ်။
Photo: RFA
လက်ပန်းတောင်းတောင်အရေး ရန်ကုန်မှာ ဆန္ဒပြခဲ့သူတွေကို ဒီဇင်ဘာ ၃ ရက်နေ့က တရားရုံးတင် စစ်ဆေးစဉ်
ရုံးတင်စစ်ဆေးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒီအမှုကို အခမဲ့လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က RFA ကို အခုလို ပြောပါတယ်။
"သူတို့ကိုဒီနေ့ ကျောက်တံတားတရားရုံးနဲ့ ပန်းဘဲတန်း တရားရုံးနှစ်ခုမှာ အမှုတင်ပါတယ်၊ ဥပဒေပုဒ်မ ၅၀၅(ခ)နဲ့တင်တယ် အာမခံမပေးပါဘူး"

ဒီကနေ့မှာ နိုင်ငံတော်အား အသရေဖျက်မှု ပုဒ်မ ၅၀၅(ခ) အရ တရားရုံးနှစ်ခုလုံးက ရုံးတင်စစ်ဆေးခဲ့ပေမယ့် သူတို့အားလုံးကို အာမခံ မပေးဘဲ ပယ်ချခဲ့ပါတယ်။ လာမယ့် ဒီဇင်ဘာလ (၁၁)
ရက်နေ့ကို ရုံးချိန်းပြန်လည် ချိန်းဆိုလိုက်ပြီး အင်းစိန် အကျဉ်းထောင်ကို ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။ အလားတူ မနေ့က ဒီဇင်ဘာလ ၂ ရက်နေ့မှာ လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းပစ်ဖို့ ဆန္ဒပြခဲ့တဲ့ Generation Wave အဖွဲ့က ကိုမိုးသွေးနဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုအောင်တို့တို့ နှစ်ဦးကို ဒီကနေ့ ဒီဇင်ဘာလ ၃ ရက် နေ့မှာ ဗဟန်းတရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြခေါင်းဆောင်တွေဖြစ်တဲ့ ကိုဝေဠု၊ ကိုရဲလင်း၊ ကိုမျိုးချစ်၊ ကိုညီညီ၊ ဒေါ်နော်အုံးလှနဲ့ ဒေါ်ရှမ်းမတို့ကို ပုဒ်မ ၁၈၊ ပုဒ်မ ၅ဝ၅(ခ)နှစ်ခုနဲ့ နိုဝင်ဘာလ (၂၆)ရက်နေ့ကတည်းက တရားစွဲဆိုခဲ့ပြီး အာဏာပိုင်တွေက အင်းစိန်အကျဉ်းထောင်ကို တစ်ပါတည်း ခေါ်ဆောင်သွားခဲ့တာပါ။

ကိုဝေလုတို့အမှုကို အခမဲ့ လိုက်ပါကူညီပေးနေတဲ့ ဥပဒေ အကျိုးဆောင် ဦးအောင်သိန်းကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။


RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။