MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

ကေအိုင်အေ ထိန်းချုပ်နယ်မြေများသို့ ကုလ သွားခွင့်မရှိ၍ လူ ၄ဝဝဝ ခန့် အကူအညီ မရ



UN အနေဖြင့် ကေအိုင်အေ ထိန်းချုပ်မှုအောက်ရှိ နေရာများသို့ သွားရောက်ခွင့် မရှိခြင်းကြောင့် ယင်းဒေသရှိ လူ ၄ဝဝဝ ခန့်ကို အကူအညီမပေးနိုင်ခဲ့ကြောင်း ကုလ သမဂ္ဂ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဗယ်လာရီ အေးမို့စ်က ပြောသည်။
ကုလသမဂ္ဂသည် လုံခြုံရေး ကင်းမဲ့သည့် နိုင်ငံများ၌ လုပ်ငန်း များ ဆောင်ရွက်ခဲ့ဖူးသော အတွေ့ အကြုံများစွာ ရှိသောကြောင့် ကချင်ပြည်နယ်ရှိ အကူအညီ အလွန်အ မင်း လိုအပ်နေသည့် နေရာများသို့ သွားရောက်ကူညီခွင့် ပြုရန် မြန်မာအစိုးရထံသို့ ခွင့်ပြုချက် တောင်းခံထားကြောင်း ၄င်း က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထည့်သွ င်းပြောကြားခဲ့သည်။ လူသားချင်း စာနာမှု ဆိုင်ရာ ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီ အေးမို့စ်သည် ဒီဇင်ဘာ ၆ ရက်နေ့ တွင် ကချင်ပြည် နယ် မြစ်ကြီးနား မြို့ပြင်ရှိ ဂျမိုင်ဂေါင်းစခန်းသို့ သွား ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါစခန်းမှာ အစိုးရ ထိန်း ချုပ်မှုအောက်၌ရှိခြင်းကြောင့် အကူ အညီပေးနိုင်သည့် အဖွဲ့အစည်းများ ထံမှ ထောက်ပံ့မှု ရယူနိုင်ကြသော် လည်းUN အနေနှင့် လက်လှမ်း မမီနိုင်သည့် အခြားဒေသရှိ အိမ် ခြေစွန့်ခွာနေရသူများအတွက် ပိုမို စိုးရိမ်ကြောင်း
ပြောကြားခဲ့သည်။ ဒေသခံ တွဲဖက် အဖွဲ့များမှ စားနပ်ရိက္ခာနှင့် အခြားအကူအညီ များ ထောက်ပံ့ပေးနေကြသော် လည်း ၄င်းတို့၏ ထောက်ပံ့ရေး ပစ္စည်းများပါ ကုန်ခန်း လုနီးပါး ဖြစ်နေကြောင်း၊ ယင်းအတွက် ဆောင်းရာသီအမီ အထောက်အပံ့ ပစ္စည်းများ အရေးတကြီး ရောက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြား သည်။ ကေအိုင်အေနှင့် မြန်မာ့တပ် မတော်ကြား ၁၉၉၄ ခုနှစ်မှစ၍ အပစ်အခတ်ရပ်စဲခဲ့သော်လည်း ၂ဝ၁၁ ခုနှစ် ဇွန်လမှ စတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ သည်။ ယခုနှစ်အတွင်း ဦးအောင် မင်း ဦးဆောင်သော ပြည်ထောင် စု အဆင့် ငြိမ်းချမ်းရေး ကော်မတီ နှင့်KIO ငြိမ်းချမ်းရေးဆွေးနွေး အဖွဲ့တို့ အလွတ်သဘောအနေဖြင့် သုံး ကြိမ် တွေ့ဆုံခဲ့ပြီး ပြည်ထောင် စု အဆင့် သုံးကြိမ်၊ ပြည်နယ် အဆင့် သုံးကြိမ်ဆွေးနွေးခဲ့ပြီး ဖြစ် ကြောင်း သိရသည်။

သုတလင်း
Popular News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။