MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 26, 2012

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေသည့် သံဃာတော်လေးပါးအနက် နှစ်ပါးကို အရေပြားအစားထိုး ခွဲစိတ်ကုသပေးခဲ့ရာ ကျန်းမာရေး ကောင်းမွန်လျက်ရှိ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်လေးပါးအနက် နှစ်ပါးကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဒီဇင်ဘာ ၂၄ ရက်က အရေပြားအစားထိုး ကုသမှုခံယူခဲ့ရာ လက်ရှိတွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က ပြောသည်။
ထိုနေ့က အရေပြားအစားထိုး ခွဲစိတ်ကုသမှု ခံယူခဲ့သည့် သံဃာတော်နှစ်ပါးမှာ မန္တလေးမြို့၊ ဘုရားကြီးအလယ်တိုက်မှ ဆရာတော် ဦးဝိသုဒ္ဓနှင့် ပခုက္ကူ အလယ်တိုက် ဆရာတော် ဦးစန္ဒောဘာသ တို့ဖြစ်သည်။“ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ သံဃာလေးပါးအနက် ဦးသုစိတ္တဟာ မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူချိန်ကတည်းက အရေပြား အစားထိုးကုသမှု ပြုလုပ်ပြီးမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ရောက်လာတာပါ။ အခုအစားထိုး ကုသပေးထားတဲ့ သံဃာနှစ်ပါးကို
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာပဲ ခွဲစိတ်ပေးခဲ့ပါတယ်။ အစားထိုးတဲ့နေရာမှာ လူနာရဲ့ အရေပြားနဲ့ပဲ ပြန်လည်အစားထိုး ပေးခဲ့တာပါ။ လက်ရှိမှာ ကျန်းမာရေး အခြေအနေ ကောင်းကြပါတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က ပြောသည်။
သံဃာတော်များအား အရေပြားအစားထိုး ခွဲစိတ်ကုသရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပလပ်စတစ်ဆာဂျရီနှင့် မျက်နှာမေးရိုးခံတွင်း ကုသရေးဌာနမှ ပါမောက္ခဌာနမှူး၊ မေ့ဆေးပညာဌာန ပါမောက္ခဌာနမှူးတို့မှ ဦးဆောင်သည့် ဆရာဝန်ဆရာမများက ပူးပေါင်းခွဲစိတ်ခဲ့ခြင်းဖြစ်သည်။
ဦးစန္ဒောဘာသကို ယင်းနေ့ နံနက် ၁၀ နာရီတွင် ခွဲစိတ်ကုသမှု စတင်ခဲ့ပြီး ဦးဝိသုဒ္ဓကိုမူ နေ့လယ် ၁၂ နာရီတွင် စတင်ခွဲစိတ်ခဲ့ကြောင်း သိရသည်။
သံဃာတော်လေးပါးကို ဆေးဝါးကုသရာတွင် သက်ဆိုင်ရာ ပါမောက္ခ ဆရာဝန်ကြီးများ (ဖျားနာ၊ ခွဲစိတ်၊ PMF၊ မေ့ဆေး၊ ထိခိုက်ဒဏ်ရာ၊ ဓာတ်မှန်၊ ဓာတ်ခွဲ၊ ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်း၊ ဦးနှောက်အာရုံကြော)  စသည့်ဌာနများ ပူးပေါင်းပါဝင်သည့် ဆေးဝါးကုသရေးအဖွဲ့ ဖွဲ့စည်းပြီး စုပေါင်းညှိနှိုင်း ကုသပေးခြင်းဖြစ်ကြောင်း၊ ပိုးဝင်ဒဏ်ရာ ရရှိနေသည့် ကိုရင်ရှင်သဇ္ဇနကိုလည်း သင့်လျော်သည့် ဆေးဝါးကုသမှု ပေးထားပြီး ပိုးဝင်ဒဏ်ရာ မရှိတော့ကြောင်းနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာပင် အရေပြားအစားထိုး ခွဲစိတ်ကုသပေးရန် ဆေးဝါးကုသရေးအဖွဲ့က ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း ဒေါက်တာကျော်ကျော်က ဆက်လက်ပြောသည်။
ခန္ဓာကိုယ် အပူလောင်ဒဏ်ရာများသည် အရေပြားကို ထိခိုက်ပျက်စီးစေကြောင်း၊ အရေပြား ထိခိုက်ပျက်စီးသွားပါက ခန္ဓာကိုယ်ကို ဖုံးအုပ်ကာကွယ်မှု မပေးနိုင်ကြောင်း၊ ခန္ဓာကိုယ်၏ အရည်ဓာတ်များ ဆုံးရှုံးခြင်းနှင့် ရောဂါပိုးများ ၀င်ရောက်ခြင်း အန္တရာယ်ကို ခံစားရပြီး အသက်အန္တရာယ် ရှိလာနိုင်ကြောင်းနှင့် အဆိုပါ အရေပြားပျက်စီးမှု အခြေအနေအရ အရေပြားအစားထိုး ခွဲစိတ်ကုသမှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွင်းမှုကြောင့် ဒဏ်ရာရ သံဃာတော်များအနက် ဒဏ်ရာပြင်းထန်သော သံဃာတော်များဖြစ်သည့် ဦးဝိသုဒ္ဓ၊ ဦးစန္ဒောဘာသ၊ ဦးသုစိတ္တ၊ အရှင်သဇ္ဇနတို့သည် ဒီဇင်ဘာ ၁၅ ရက်တွင် မန္တလေးပြည်သူ့ ဆေးရုံကြီးမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ခြင်းဖြစ်သည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။