MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 13, 2012

အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆယ်လ်မန်ခါရှစ် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်မည်

အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆယ်လ်မန်ခါရှစ်သည် ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အဖြစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှစ၍ သုံးရက်ကြာ လာရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။
ဆယ်လ်မန်ခါရှစ်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန
 ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ဆယ်လ်မန်ခါရှစ်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်မြို့သို့လည်းသွားရောက်
 လည်ပတ်မည်ဖြစ်ကာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာတွေ့ဆုံဆွေးနွေးပွဲကိုလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဆယ်လ်မန်ခါရှစ်သည် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန တိုင်းတာရေးအဖွဲ့မှ  ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ပုဂံမြို့ရှိ အာနန္ဒာဘုရားသို့လည်း သွားရောက် ဖူးမျှော်မည်ဖြစ်ကြောင်း သိရသည်။အလားတူ ဆယ်လ်မန်ခါရှစ်သည် မြန်မာ့ဒီမိုကရေစီခေါင်း ဆောင်
 ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေရန်အတွက်လည်း စီစဉ်ထားကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမှ လှူဒါန်းသော ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံထားရှိသည့် ၁၆ ပေ အမြင့်ရှိ ဓမ္မစကြာ
မုဒြာသဲကျောက် ဗုဒ္ဓဆင်းတုတော်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ၎င်းက လွှဲပြောင်းပေးအပ်မည် ဖြစ်သည်။
''ပြည်ပရေးရာဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးအပေါ်မှာ ဘယ်လောက်ထိ အလေးထားတယ် ဆိုတာကို ထပ်မံပြသတာပဲ ဖြစ်ပါတယ်''ဟု   ပြည်ပရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆာအစ်အာဘာရုဒင်က ပြောပါသည်။
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ကျင်းပမည့် အိန္ဒိယ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှိကြောင်းလည်း သိရသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။