MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 19, 2012

 တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်တည်ဆောက်ရန်အတွက် မြေဈေးနှုန်း ကြီးမြင့်နေမှု လျှော့ချနိုင်ရန်နှင့် ငွေကြေးအရင်းအနှီး အဓိကလိုအပ်နေ

ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်တည်ဆောက်ရန်အတွက် လက်ရှိ ကြုံတွေ့နေရသည့် မြေဈေးနှုန်းကြီးမြင့်နေမှုကို လျှော့ချနိုင်ရန်နှင့် ငွေကြေးအရင်းအနှီးမှာ အဓိကလိုအပ်ချက် ဖြစ်နေကြောင်းလည်း မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်များက ဆိုပါသည်။
ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ ၂၀၂၈ ခုနှစ်အတွင်း အိပ်ခန်းယူနစ်ပေါင်း တစ်သန်း ဆောက်လုပ်သွားမည်ဖြစ်ပြီး လာမည့်ငါးနှစ်အတွင်း  အိပ်ခန်းပေါင်း ၃၅၀၀၀၀ စတင် တည်ဆောက်သွားမည်ဖြစ်ကာ လက်ရှိဆောက်လုပ်မည့် အိမ်ရာ ၁၀၀၀၀ ကျော်မှာ စမ်းသပ်ဆောက်လုပ်သည့် အိမ်ရာစီမံကိန်း ဖြစ်ကြောင်းလည်း သိရှိရသည်။
လက်ရှိကာလ၌ ဒဂုံဆိပ်ကမ်း မြို့နယ်တွင် အိပ်ခန်း ၁၀၀၀၀ ပါဝင်မည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်း နှစ်ခုအတွက် လုပ်ငန်းဆောင်ရွက်မည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို
တင်ဒါခေါ်ယူထားပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။
“ရန်ကုန်မှာ အိမ်ရာစီမံကိန်းတွေ ဖော်ဖို့ဆိုရင် မြေနေရာနဲ့ ငွေကြေးအရင်းအနှီးက အဓိက လိုအပ်ချက် ဖြစ်နေတယ်။ အိမ်ရာအတွက် မြေနေရာလိုသလို တည်ဆောက်ဖို့အတွက်လည်း ငွေကြေးအရင်းအနှီးက လိုပါတယ်။ ငွေကြေးအရင်းအနှီးအတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်၊၊ ဧရာဝဏ်နဲ့ ရတနာစီမံကိန်းအတွက်တော့ တင်ဒါ ခေါ်ယူထားပါပြီ” ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“အိမ်ရာတွေ ဖော်ထုတ်ဖို့ စီစဉ်ထားသလို ပြည်သူ့အိမ်ရာတွေဖြစ်တဲ့ လမ်း (၅၀) လို၊ ရန်ကင်းအိမ်ရာ စတာတွေကိုလည်း လက်ရှိနေထိုင်နေတဲ့ အဆောက်အအုံတွေကို အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်နေပါတယ်။    အိမ်ရာတွေ ဖော်ထုတ်တယ်ဆိုရာမှာလည်း မိသားစုတွေ ၀ယ်နိုင်တဲ့ အနေအထားတွေ ဖြစ်ဖို့လိုပါတယ်။ မိသားစုတစ်ခုရဲ့ savingpower ကို မြှင့်တင်ပေးမှ အိမ်ဝယ်တာကို နောက်တစ်ဆင့်အနေနဲ့ လုပ်နိုင်မှာပါ။ အဲဒီတော့ လူတစ်ဦးချင်းရဲ့ ၀င်ငွေတိုးတက်လာမှာလည်း အိမ်ဝယ်နိုင်တဲ့အဆင့်၊ အဆင့်အတန်းမီ နေနိုင်တဲ့ အနေအထားတွေ ရှိလာမှာပါ။ ဒါကြောင့် တစ်ဦးချင်းရဲ့ purchasing power အား ကောင်းအောင်လုပ်ပေးရမှာ ဖြစ်ပါတယ်” ဟု မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင် ဦးသံမိုးက သုံးသပ်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လိုသူများ၊ တိုင်းရင်းသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လိုသူများမှ ရန်ကုန်မြို့၏ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့် အခြားတည်ဆောက်ရေး လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ရန် အဆိုပြုထားကြောင်းလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရှိရသည်။
တန်ဖိုးနည်း အိမ်ရာများတွင် ပါဝင်မည့် အိမ်ခန်းများအား ဧရိယာ စတုရန်းပေ ၆၅၀ပေ၊ ၇၀၄ပေ၊ ၈၅၂ ပေ၊ ၉၀၀ပေ၊ ၁၀၅၄ ပေ၊ ၁၂၇၀ပေ စသည်ဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။