MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 18, 2012

နယ်စပ်ဒေသအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ ရက်သတ္တတစ်ပတ်ကြာ ပြည်တွင်းအတွေ့အကြုံများကို သတင်းစာရှင်းလင်းပွဲကျင်းပ

thn-18-12-2
နယ်စပ်ဒေသအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်

နယ်စပ်ဒေသအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က ရက်သတ္တတစ်ပတ်ကြာ ပြည်တွင်း အတွေ့အကြုံများအား သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရွှေရသာစားသောက်ဆိုင်၌ နံနက် ၉နာရီဝန်းကျင်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။အဆိုပါ နယ်စပ်ဒေသအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့်  နိုင်ငံရေးပါတီများ၊  အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး၊နိုင်ငံရေးအမြင် များကို ဆွေးနွေးခြင်း၊ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးခြင်း၊အမျိုးသမီးများ အခွင့်အရေး၊ဖွံဖြိုးတိုးတတ်ရေး၊နိုင်ငံ့စွမ်းရည်မြှင့်တင်ရေးတို့အတွက် ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း
သိရှိရသည်။တွေ့ဆုံဆွေးနွေးခဲ့သော နိုင်ငံရေးပါတီများ၊ အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများရှိ ပုဂ္ဂိုလ်များမှာ ဟံသာဝတီဦးဝင်းတင်၊ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းတို့ ဖြစ်ကြောင်းလည်း သိရှိရသည်။
ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်ကိစ္စနှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ၎င်းအဖွဲ့ချုပ်မှ  အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက''ကျွန်မတို့ အဖွဲ့အစည်းအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမြင်တွေကို နိုင်ငံရေးခေါင်းဆောင်တွေ၊နိုင်ငံရေးပါတီတွေနဲ့ လက်တွဲပြီး ကူညီလုပ်ဆောင်သွားဖို့ လာရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ ပြည်တွင်းမှာ လာရောက် ရပ်တည်ဖို့က တိုင်းရင်း သားဒေသတွေမှာ ပြည်တွင်းစစ်တွေ ဖြစ်ပွားနေတဲ့အတွက်ရယ်၊ထိုင်း၊အိန္ဒိယစတဲ့ နိုင်ငံတွေမှာ မြန်မာလူမျိုးတွေ သန်းနဲ့ချီ ရှိနေတဲ့အတွက် သူတို့အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်အောင်လို့ ပြည်တွင်းမှာ လာရောက်ရပ်တည်ဖို့ မဖြစ်နိုင်သေး ပါဘူး၊အမျိုးသမီးအခွင့်အရေးတွေ အတွက်တော့ ပြည်တွင်း အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ အမြင်ဖလှယ်ကာ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း အစီအစဉ်တွေ လုပ်ဆောင်သွားပါမယ်၊အသင်းရဲ့ရန်ပုံငွေအနေနဲ့ကတော့ ကျွန်မတို့ကို နိုင်ငံ တစ်ကာက ထောက်ပံ့ကူညီမှုတွေနဲ့ ကျွန်မတို့အဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင်လက်မှုလုပ်ငန်းတွေကရတဲ့ လုပ်ငန်းတွေနဲ့ ရပ်တည်နေပါတယ်''ဟု ပြောကြားသည်။
နယ်စပ်ဒေသအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)သည် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုကို တိုးမြှင့်ရန်ရည်ရွယ်ပြီး၊၁၉၉၉ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့တွင် ထိုင်း၊ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တို့၌ အခြေစိုက်သော အမျိုးသမီးများအဖွဲ့အစည်း ၁၃ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။