MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 18, 2012

 ရန်ကုန်မြို့ရှိ မြို့နယ် ၁၉ ခု၏ သန့်ရှင်းရေးဆောင်ရွက်ခများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ထပ်မံ တိုးမြှင့်မည်


thn-18-12-4

ရန်ကုန်မြို့ရှိ မြို့နယ် ၁၉ ခု ၏ သန့်ရှင်းရေးဆောင်ရွက်ခများကို  လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်သည့် စာနယ်ရှင်းလင်းပွဲမှ သိရှိရသည်။
ရန်ကုန်တစ်မြို့လုံး၏ သန့်ရှင်းရေးဆောင်ရွက်ခများကို ယခု ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ ယခင်နှုန်းထား၏ နှစ်ဆသို့ တိုးမြှင့်ခဲ့ပြီး မြို့တွင်း Down Town  ခြောက်မြို့နယ်တွင် ယခင်သုံးလ တစ်ကြိမ် ကျပ် ၉၀၀ အစား ၁၈၀၀ ကျပ်သို့ လည်းကောင်း၊ မြို့တွင်းနှင့်  ဆက်စပ်(၉) မြို့နယ်ဖြစ်သော  မင်္ဂလာတောင်ညွန့်၊ တာမွေ၊  အလုံ၊ ကြည့်မြင်တိုင်စသည်တို့တွင်  ယခင် သုံးလတစ်ကြိမ် ၆၇၅ ကျပ်အစား ၁၃၅၀ ကျပ်သို့လည်းကောင်း၊ ကျန် ဆင်ခြေဖုံး ၁၇ မြို့နယ်ဖြစ်သည့်  ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း အရှေ့ပိုင်း၊ တောင်ဥက္ကလာပ စသော မြို့နယ်များတွင် ယခင် သုံးလတစ်ကြိမ် ၄၅၀ ကျပ်အစား ၉၀၀
ကျပ်သို့ တိုးမြှင့်ကာ ကောက်ခံလျက် ရှိသည်။
ယင်းသို့ တိုးမြှင့်လိုက်သည့် နှုန်းထားများအနက် လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် မြို့တွင်း ဆက်စပ် ၉ မြို့နယ်ဖြစ်သော  မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ ဒဂုံ၊ ရန်ကင်း၊ ကမာရွတ်မြို့နယ်တို့အားလုံးတွင် လက်ရှိသုံးလတစ်ကြိမ်  ၁၃၅၀ ကျပ်မှ ၁၈၀၀ ကျပ်သို့ လည်းကောင်း၊ ဆင်ဖြေဖုံးမြို့နယ် ၁၇ မြို့နယ် အနက် ၁၀ မြို့နယ်ဖြစ်သော ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ကန်းကျွန်း၊ သာတေက၊ ဒေါပုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်မြို့နယ်တို့တွင်  လက်ရှိ သုံးလတစ်ကြိမ် ၉၀၀ ကျပ်မှ  ၁၃၅၀ ကျပ်သို့ ထပ်မံ တိုးမြှင့်မည် ဖြစ်ကြောင်း သိရသည်။ ကျန်ဆင်ခြေဖုံး ၇ မြို့နယ်ဖြစ်သော ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များနှင့် မြို့တွင်း ခြောက်မြို့နယ်မှာ ထပ်မံတိုးမြှင့် မည့်အထဲတွင် မပါဝင်ကြောင်း သိရသည်။
''အခု သန့်ရှင်းရေးဆောင်ရွက်ခ တိုးလိုက်တဲ့မြို့နယ်တွေမှာ အဲဒီမြို့နယ်တွေရဲ့ ဖွံ့ဖြိုးမှုအတိုင်းအတာ၊ လူနေမှုအဆင့်အတန်း၊ စီးပွားရေး လုပ်ငန်းများ များပြားလာမှု၊ အမှိုက် ထွက်ရှိမှုနှုန်းထားအပေါ် မူတည်ပြီး တိုးလိုက်တာဖြစ်ပါတယ်။ မြို့တွင်းနဲ့ ဆက်စပ်ကိုးမြို့ဆိုရင်လည်း ဖွံ့ဖြိုးမှု အတိုင်းအတာက၊ တိုးတက်လာတဲ့ လူနေမှုအဆင့်အတန်းတွေက  မြို့တွင်းနဲ့ ဆက်စပ်နေတဲ့အတွက် အဲဒီမြို့နယ်တွေရဲ့ နှုန်းထားကို မြို့တွင်းနဲ့ တူညီအောင်လို့ ကျပ် ၁၃၅၀ အစား ကျပ် ၁၈၀၀ ကို ပြောင်းလဲလိုက်တာဖြစ်ပါတယ် ''ဟု  သန့်ရှင်းရေးဆောင်ရွက်ခ တိုးမြှင့်သည့်အပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက ပြောကြားခဲ့သည်။
သန့်ရှင်းရေးဆောင်ရွက်ခ တိုးမြှင့်သည့်အပေါ်တွင် အမှိုက်သိမ်းဝန်ဆောင်မှုများအား တိုးမြှင့် ပြုလုပ်ရန် အစီအစဉ်နှင့် ပတ်သက်၍ ''အမှိုက်သိမ်းမှုနဲ့ ပတ်သက်ပြီး အခုထက်ပိုပြီး ၀န်ဆောင်မှုပေးဖို့အတွက် ပထမအပိုင်းက ၀ါးကပ် အမှိုက်ကန်တွေကို ဖျက်သိမ်းပြီး အမှိုက်ပုံးတွေ ချပေးမယ်။ ပြီးတော့ လူအင်အားထက် ကားအင်အားကို ပိုပြီးသုံးမှာဖြစ်ပြီး ကားအစီးရေ ၄၀ ထပ်ပြီးဝယ်မှာ ဖြစ်ပါတယ်'' ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဦးခင်ဝင်းက ပြောကြားခဲ့သည်။
''သန့်ရှင်းရေးဆောင်ရွက်ခ  တိုးမြှင့်တာနဲ့အတူ အမှိုက်သိမ်း ၀န်ဆောင်မှုတွေကို ဘယ်လိုတိုးမြှင့် ပေးမှာလဲ ။ ဆောင်ရွက်ခတိုးသလို ၀န်ဆောင်မှု ကောင်းတာကိုပဲ ပြန်ရချင်ပါတယ်။ အခုဆိုရင် သီးသန့် အမှိုက်အိပ်ဝယ်သုံးနေရတဲ့ ကုန်ကျစရိတ်ကလည်း ရှိနေပါတယ်''ဟု သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ အိမ်ရှင်တစ်ဦးက ပြော ကြားခဲ့သည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။