MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

ထိုင်း ဘုရင်မင်းမြတ် ၏ (၈၅) နှစ်မြောက် မွေးနေ့ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့

 
ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်ဂ်ျ ၏ ဒီဇင်ဘာ ၅ ရက်က ကျရောက်ခဲ့သည့် ၈၅ နှစ်မြောက် မွေးနေ့ အခမ်းအနားသို့ ဘန်ကောက် မြို့လယ်၌ ပြည်သူများ စုဝေး ရောက်ရှိခဲ့ပြီး ဘုရင်၏ မိန့်ခွန်းကို နာကြားခဲ့ကြောင်း သိရသည်။
ဘုရင်မင်းမြတ်အား ကြည်ညို လေးစားသူ ပြည်သူများသည် မွေးနေ့ အထိမ်းအမှတ် အဖြစ် အဝါရောင် ဝတ်စုံများကို ဝတ်ဆင် ထားကြပြီး၊ ဘုရင်မင်းမြတ်၏ ဓာတ်ပုံ များ၊ တော်ဝင် အလံများနှင့် ထိုင်းအလံ များကို ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကြ ကြောင်း သိရသည်။
ဘန်ကောက်မြို့၏ Ananta-samakom နန်းတော် ခန်းမ လသာ ဆောင်မှနေ၍ ပြောကြားခဲ့သည့် ဘုရင်ကြီး၏ မိန့်ခွန်းကို ပြည်သူ နှစ်သိန်းထက် မနည်း တက်ရောက် နာကြားခဲ့ကြောင်း သိရသည်။
ထိုင်းဘုရင် မင်းမြတ်သည် ၂ဝဝ၉ ခုနှစ်မှ စ၍ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါ ခံစားနေရ သဖြင့် ဆေးရုံ၌နေရဆဲ ဖြစ်ကာ မိန့်ခွန်းပြောကြားရန် ဆေးရုံမှ နန်းတော်သို့ သွားရာ လမ်းတစ် လျှောက်၌လည်း ပြည်သူများက ဘုရင်ကြီး သက်တော် ရာကျော်ရှည် ပါစေဟု အော်ဟစ်
ဆုတောင်းခဲ့ကြ သည်။
ဘုရင်ကြီး ဘူမိဘောသည် ၆၆ နှစ်ကြာ ထီးနန်းစိုးစံဆဲ ဖြစ်သဖြင့် ကမ္ဘာပေါ်တွင် နန်းသက် အရှည်ကြာဆုံး ဘုရင်လည်း ဖြစ်သည်။ နာမကျန်းသဖြင့် ဆေးရုံ ၌ နေထိုင် လျက်နှင့်ပင် ပြီးခဲ့သည့် လက အမေရိကန် သမ္မတ အိုဘားမားနှင့် တွေ့ဆုံ ဆွေးနွေးခဲ့မှု အပါအဝင် တွေ့ဆုံ ဆွေးနွေးမှု အများအပြား ကိုပြုလုပ်ခဲ့သေးသည်။
ဘုရင်ကြီး ဘူမိဘော၏ မွေး နေ့ပွဲသို့ တော်ဝင် မိသားစုဝင်များ တက်ရောက် ခဲ့သော်လည်း မိဖုရား ကြီး သီရိခေတ်မှာမူ ဇူလိုင်လက နာမကျန်း ဖြစ်ပြီးနောက် ဦးနှောက် ထဲသို့ သွေးစီးဆင်းမှု လျော့နည်းသည့် ဝေဒနာ ခံစားနေရကာ အားနည်းနေသည့် အတွက် မွေးနေ့ပွဲ မတက်ရောက် နိုင်ခဲ့ကြောင်း သိရ သည်။
ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ မွေးနေ့ပွဲကို ကမ္ဘာတစ်ဝန်း နိုင်ငံများ ရှိ ထိုင်းနိုင်ငံ သံရုံးများတွင် ကျင်းပသည့် နည်းတူ ပြည်ထောင်စု မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ် ကြီး၏ နေအိမ်ခြံဝင်း တွင်လည်း ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီက ကျင်းပခဲ့သည်။
မွေးနေ့ ပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေ နှင့် အခြား တာဝန်ရှိသူ များ၊ နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီး များနှင့် အခြားဖိတ် ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
သိင်္ဂီဝင်း
Ref:AFP

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။