MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, December 9, 2012

ကုလ လက်ထောက်အတွင်းရေးမှူးချုပ်က အစိုးရ၏ ထိန်းချုပ်နယ်မြေ အပြင်ဘက်၌ အကူအညီပေးရေးကို ခွင့်ပြုရန် တောင်းဆို


မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်က နိုင်ငံမြောက်ပိုင်းဒေသများ၌ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသူများအား ကုလသမဂ္ဂက အကူအညီပေးရေးကို ခွင့်ပြုရန် မြန်မာနိုင်ငံတော်အစိုးရထံ ဒီဇင်ဘာလ ၇ ရက်တွင် တောင်းဆိုလိုက်သည်။။ ၎င်းအပြင် နိုင်ငံအနောက်ပိုင်းဒေသတွင် လူမျိုးရေးပဋိပက္ခကြောင့် နေရာရွှေ့ပြောင်းခဲ့ရသူများကို အကူအညီပေးရေး နိုင်ငံတကာ အလှူရှင် များကိုလည်း နှိုးဆော်လိုက်သည်။
ယခုအထိ ခြောက်လနီးပါး ကြာလာသည့်တိုင် ကုလသမဂ္ဂအနေဖြင့် KIA က ထိန်းချုပ်ထားသော နယ်မြေအတွင်းသို့ဝင်ရန် ခွင့်ပြုချက်မရသောကြောင့် လူပေါင်း ၄၀,၀၀၀ ခန့်ကို ကူ ညီထောက်ပံ့နိုင်ခြင်း မရှိသေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဗယ်လာရီအားမို့စ်
က ပြောကြားခဲ့သည်။
ဒေသခံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များက စားနပ်ရိက္ခာနှင့် အခြားအကူအညီများ ထောက်ပံ့နေသော်လည်း ၎င်းတို့မှာ ရိက္ခာများပြတ်လပ်လာပြီး ဆောင်းရာသီကျရောက်လာခြင်းနှင့်အတူ အကူအညီအထောက်အပံ့ ထပ်မံရရှိရေး အလွန်အရေးကြီးနေကြောင်းလည်း ကုလသမဂ္ဂ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရုံး၏ သတင်းထုတ်ပြန်ချက်တစ်ရပ်၌လည်း ဖော်ပြထားသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။