MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 29, 2012

ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံတွင် ပြုလုပ်မည်

ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့စည်းများမှ ကြီးမှူး၍ အဖွဲ့အစည်းပါင်းစုံ ပါဝင်မည့် ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည့် ရခိုင်အမျိုးသားကွန်ယက်မှ သိရသည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်းပြည်ပရှိ နိုင်ငံရေးပါတီများ၊ ရဟန်းရှင်လူ ကျောင်းသားလူငယ်များ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ လူုထုအခြေပြု အဖွဲ့အစည်းများနှင့် တတ်သိပညာရှင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။အလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်းပြည်ပရှိ
 နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် အမျိုးသားရေး ရပ်တည်ချက် ဘုံလမ်းစဉ်များကို ချမှတ်နိုင်ရန်၊
ရခိုင်တစ်မျိုးသားလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ ပညာရေး တိုးတက်ဖွံ့ဖြိုးရေးနှင့် လက်ရှိပဋိပက္ခများကို အမျိုးသားရေးဘုံ ရပ်တည်ချက်အပေါ် အခြေခံ၍ အဖြေရှာ ဖြေရှင်းနိုင်ရန်နှင့် ရခိုင်အမျိုးသား ညီလာခံတစ်ခု ပြည်တွင်း၌ ကျင်းပပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီဆွေးနွေးပွဲမှာ တက်ရောက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးသွားဖို့ရှိတယ်” ဟု ရခိုင်အမျိုးသားကွန်ယက်မှ ဥက္ကဌ ကိုတင်ထူးအောင်က ပြောပါသည်။
ထိုင်းနိုင်ငံ အခြေစိုက်ပါတီ အဖွဲ့အစည်းအသီးသီးရှိ တာဝန်ရှိခေါင်းဆောင်များ ပါဝင်သည့် ရခိုင်အမျိုးသား အလုပ်ရုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ခေါင်းဆောင် ၈ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။