MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 19, 2012

ခေတ်မမီတော့သည့် ရန်ကုန်မြို့ပတ် ရထားလမ်းစီမံကိန်းအား ဂျပန်နိုင်ငံ အကူအညီဖြင့် ၂၀၁၃ ဇန်န၀ါရီမှ စတင်ပြုပြင် တည်ဆောက်မည်

thn-19--12-1
အင်းစိန်မြို့နယ်အတွင်းရှိ တညင်းကုန်းဘူတာအနီးမြင်ကွင်း
ခေတ်မီခြင်းမရှိတော့သည့် ရန်ကုန်မြို့ပတ် ရထားလမ်းစီမံကိန်းအား ၂၀၁၃ ဇန်န၀ါရီလမှ စတင်ကာ ဂျပန်နိုင်ငံအကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
 မြန်မာ့မီးရထားဝန်ကြီးဌာန၏ ရုံးအဖွဲ့မှူးထံမှ သိရသည်။ယင်းစီမံကိန်းနှင့် ဆက်စပ်ပြီး
 ၂၀၁၂ ခုနှစ် ဧပြီက ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားခဲ့ကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးပေးမည့် မြန်မာ့မီးရထား စီမံကိန်းတွင် ရန်ကုန်မြို့ပတ်ရထားလမ်း စီမံကိန်းနှင့် ရန်ကုန်-နေပြည်တော် စီမံကိန်းတို့ ပါဝင်ကြောင်း မြန်မာ့မီးရထားဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့ပတ်လမ်းအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လေ့လာမှုများနှင့် အစားထိုးစမ်း သပ်မှုများအား လနှစ်ဆယ်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး လေ့လာမှုများနှင့် ရထားစက်ခေါင်းများ
အစားထိုး ပြေးဆွဲမှုကာလများ ပြီးဆုံးသွားပါက ရန်ကုန်မြို့ပတ်ရထားလမ်းအား လမ်းအပိုင်းလိုက် ပြုပြင်မှုများ၊ ရထားများ ပြုပြင်အစားထိုးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာ့မီးရထားဝန်ကြီးဌာန၏ ရုံးအဖွဲ့မှူး ဦးဝင်းနောင်က ''ဂျပန်နိုင်ငံအနေနဲ့ နည်းပညာပိုင်းနဲ့ အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေကို ထုတ်ပေးသွားမှာပါ။ နောက်ပြီး လာမယ့် နှစ် ဇန်န၀ါရီမှာ ဂျပန်နိုင်ငံက အကောင်အထည်ဖော်သွားမယ့် ရန်ကုန်မြို့ပတ်ရထားလမ်း စီမံကိန်းကို သူတို့အနေနဲ့ ဒီမှာရှိတဲ့ လမ်းအနေအထားတွေကို စနစ်တကျ လေ့လာတိုင်းတာပြီးမှ မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်မယ့် စက်ခေါင်းတွဲတွေ ပြုလုပ်ပေးသွားမှာပါ။ နောက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ ရထားလမ်းပိုင်းတွေမှာ မြို့ပတ်ရထားအစီးရေ ထပ်မံတိုးချဲ့ဖို့အတွက် မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဂျပန်နိုင်ငံက ခေတ်မမီတော့တဲ့ ရန်ကုန် မြို့ပတ်ရထားလမ်းကို ပုံစံများပြောင်းလဲ ပြုလုပ်သွားမှာ ပါ။ ကျွန်တော်တို့အနေနဲ့က ဂျပန်နိုင်ငံက အတိုးနှုန်းသက်သာတဲ့ ချေးငွေယူပြီးတော့ ကျန်ရှိနေတဲ့ ရထားလမ်းပိုင်းတွေကို ဆက်လက် လုပ်ကိုင်သွားဖို့ရှိပါတယ်''ဟု ပြောသည်။
ရန်ကုန် မြို့ပတ်ရထားလမ်းစီမံကိန်း အကောင်အထည်ဖော်ရာတွင်ဲJICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ)မှ အကူအညီပေးသွားရန် ရှိကြောင်းလည်း သိရသည်။
ထို့ပြင် မြန်မာ့မီးရထားတွင် လက်ရှိပြေးဆွဲနေသော မီးရထားစက်ခေါင်း ၄၀၀ ကျော်တွင် စက်ခေါင်း ၁၀၀ ကျော်မှာ သက်တမ်း ၄၀ ကျော် ရှိနေပြီဖြစ်ကြောင်း မီးရထားဝန်ကြီးဌာနမှ သိရသည်။ ရန်ကုန်တွင် ပြေးဆွဲနေသော မြို့ပတ်ရထားလိုင်းပေါင်း ၂၁  လိုင်းရှိပြီး ငါးမိနစ်လျင် တစ်ကြိမ်စီ ပြေးဆွဲနေကာ တစ်နေ့လျင် အခေါက်ရေ ၂၀၀ ခန့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။