MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 5, 2012

ဦးသန့် အရေးအခင်း စာအုပ်ထုတ်ဝေ

2012-12-04
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် ၁၀ နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့်ရဲ့ နောက်ဆုံး ဈာပနကာလ အတွင်း မြန်မာနိုင်ငံက ရဟန်းရှင်လူတွေ လှုပ်ရှားခဲ့ပုံတွေကို ရေးသားထားတဲ့ "ဦးသန့်အရေး လှုပ်ရှားမှုမှတ်တမ်း" စာအုပ်မိတ်ဆက်ပွဲကို ဒီကနေ့ မွန်းလွဲပိုင်းက ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ HOME ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
Photo: RFA/Nay Myo Htun
ဦးသန့်စာအုပ်မိတ်ဆက်ပွဲ
အဲဒီစာအုပ်မှာ ဦးသန့်အရေးတော်ပုံအတွင်း ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်၊ ဦးသက်လှိုင်တို့ ရေးသားထားတဲ့ မှတ်တမ်းဆောင်းပါးတွေအပြင် အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့သူတွေရဲ့ ကိုယ်တွေ့ဖြစ်ရပ်တချို့လည်း ပါဝင်ပါတယ်။
မျိုးဆက်သစ်ပြည်သူတွေကို ဦးသန့်နဲ့ ပတ်သတ်တဲ့ သမိုင်းကြောင်းတွေ သိစေချင်တဲ့အတွက် ဒီစာအုပ်ကို ထုတ်ဝေရခြင်းဖြစ်တယ်လို့  ၁၉၇၄ခုနှစ် ၊ ဦးသန့်အရေး ကျောင်းသားလှုပ်ရှားမှု ဦးဆောင်အဖွဲ့ဝင်
တစ်ဦးဖြစ်တဲ့ ၃၈နှစ်မြောက် ဦးသန့်အရေးလှုပ်ရှားမှု အထိမ်းအမှတ် ဖြစ်မြောက်ရေးကော်မတီမှ ဦးရာကျော်က ပြောပါတယ်။
" ဦးသန့်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်တဲ့အပြင်  ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးချုပ် ဦးနုတို့နဲ့ အတူ ပူးတွဲလှုပ်ရှားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ ခေတ်စမ်းစာပေနယ်ပယ်မှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ကျောင်းအုပ်ဆရာကြီး တစ်ဦးလည်းဖြစ်သလို စာနယ်ဇင်းသမားတစ်ဦးအဖြစ်လည်း သိရှိကြပါတယ်။
ဦးသန့်အရေးအခင်းစာအုပ်နဲ့ ပတ်သက်ပြီး ဒီကနေ့ အခမ်းအနားကို တက်ရောက်လာသူတစ်ဦးဖြစ်တဲ့ ဝါရင့်နိုင်ငံရေးသမား ၊ စာရေးဆရာကြီး ဦးသာပန်းက RFA ကို အခုလိုပြောပါတယ်။
" ဦးသန့်နဲ့ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးလုပ်ခဲ့တာက အားလုံးသိပြီးတဲ့အတိုင်းပေါ့၊ ဒီစာအုပ်မှာရေးထားတာကတော့ လှုပ်ရှားမှုအကြောင်းပေါ့လေ ဦးသန့်ဟာကြိုးစားလို့၊ လုံးလစိုက်လို့ ဦးသန့်ဆိုတာဖြစ်လာတာပဲ၊ ဦးသန့်လှုပ်ရှားမှုဟာ မြန်မာ့သမိုင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သမိုင်းမှတ်တိုင်တစ်ခုလို့ပဲမှတ်ယူရမှာပဲ "
ဦးသန့်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံ စစ်အေးကာလ တိုက်ပွဲပြင်းထန်နေချိန် ကျူးဘားအရေးအခင်းမှာ စစ်ဖြစ်တော့မယ့် အနေအထားကနေ ကာကွယ်တားမြစ်ပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် လူသိများပါတယ်။
ဦးသန့် ကွယ်လွန်ချိန်က ဦးနေဝင်းအစိုးရလက်ထက်ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်သယ်ဆောင်လာတဲ့ ဦးသန့်ရဲ့ ရုပ်ကလာပ်ကို အစိုးရသတ်မှတ်တဲ့နေရာမဟုတ်ဘဲ ဦးသန့်နဲ့ ထိုက်တန်တဲ့နေရာမှာ သဂြိုဟ်ခွင့်ရဖို့ ကျောင်းသားရဟန်းရှင်လူ ပြည်သူအများအပြားက လှုပ်ရှားခဲ့ကြပါတယ်။  အဲ့ဒီ လှုပ်ရှားမှုရဲ့ ၃၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဦးသန့်အခမ်းအနားကို လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ကျရင် ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ပေါက်စေတီကျောင်းတိုက်မှာ ကျင်းပပြုလုပ်ဖို့ရှိပါတယ်။

RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။