MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 5, 2012

ဒဏ်ရာပြင်းထန်တဲ့သံဃာတွေ မန္တလေးဆေးရုံကို ပြောင်းရွှေ့ ကုသနေ

2012-12-03
လက်ပန်တောင်းတောင် ကြေနီ စီမံကိန်းကို ဖျက်သိမ်းဖို့ သပိတ်စခန်း ဖွင့် ဆန္ဒပြနေသူတွေကို ဖြိုခွဲခံရမှုမှာ ထိခိုက်ဒဏ်ရာ ရခဲ့ကြတဲ့ သံဃာတော်တွေထဲက ၅ ပါးလောက်ဟာ ဒဏ်ရာအခြေအနေ ဆိုးဝါးနေတယ်လို့ သိရပါတယ်။

Photo : RFA/ Myo Zaw Ko
ဒဏ်ရာရ သံဃာတော်တစ်ပါးအား မုံရွာဆေးရုံမှ မန္တလေးဆေးရုံသို့ ပြောင်းရွှေ့ကုသရန် ဆောင်ရွက်နေစဉ်
အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး မန္တလေးဘုရားကြီး အလယ်တိုက် ဆရာတော် ဦးဝိသုတစာရက RFA ကို အခုလို မိန့်ကြားပါတယ်။
" ပထမဆုံး ပြင်းထန်စွာဒဏ်ရာရတဲ့ ဆားလင်းကြီး မင်းတိုင်ပင်ရွာ ဆရာတော် ဒဏ်ရာတွေပြင်းထန်းပြီး ဒုတိယအကြိမ်ခွဲစိတ်ရမယ်၊ အလားတူ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ဆက်လက်ခွဲစိတ်ရမယ့်
သံဃာတော် လေးပါးရှိတယ်"
ဒဏ်ရာပြင်းထန်စွာ ခံစားနေရတဲ့ သံဃာတွေထဲက ဆရာတော် ဦးတိက္ခဉာဏကို ပြည်ပမှာသွားရောက် ဆေးကူသဖို့ သက်ဆိုင်ရာ ဆရာဝန်တွေက အကြံပြုတဲ့အတွက် စင်္ကာပူကို သွားရောက်ကုသဖို့ ဗီဇာ လျှောက်တာကို အစိုးရက ခွင်မပြုဘူးလို့ သိရပါတယ်။
လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး လက်ပန်တောင်းတောင် ဒဏ်ရာရ သံဃာ့စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ သပိတ်စခန်းမှာ ဖမ်းဆီးခံရပြီး မုံရွာထောင်ကနေ လွတ်မြောက်လာတဲ့ ဆရာတော် ဦးဝိမလက အခုလို မိန့်ကြားပါတယ်။
"ဒဏ်ရာရနေတဲ့ သံဃာတော်တွေကို သုံးမျိုးခွဲပြီး ဆေးပိုင်းနဲ့ လှူဖွယ် ပစ္စည်းပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်နေ ပါတယ် ပြည်သူလူထုတစ်ရပ်လုံးကလည်း ပါဝင်လှူဒါန်းစေလိုပါတယ်"
ဒဏ်ရာရလူနာတွေကို မန္တလေးပြည်သူ့ဆေးရုံမှာ တစ်ပေါင်း တစ်စည်းထဲ ကုသဖို့အတွက် မုံရွာဆေးရုံကနေ သယ်ဆောင်လာပြီး လက်ရှိစာရင်းအရ ဆေးရုံမှာ တတ်ရောက်ကုသနေတဲ့ သံဃာတော်အပါး ၈၄ ပါးနဲ့ အရပ်သား ဦးရေ ၁၅ ဦးရှိပြီး မုံရွာဆေးရုံမှာ ကျန်ရှိနေတဲ့ လူနာတွေ ထပ်ရောက်လာဖို့ ရှိတယ်လို့ သိရပါတယ်။
မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ တတ်ရောက်ဆေးကုသမှု ခံယူနေတဲ့ လက်ပန်းတောင်းတောင် သပိတ်ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ သံဃာတော် အပါး (၃၀) ကျော်ကို ဒီကနေ့ မန္တလေးဆေးရုံက အတင်းဆင်းခိုင်းနေတယ်လို့ သိရပါတယ်။
အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆေးကုသမှု ခံယူနေတဲ့ သံဃာတော်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဆရာတော် ဦးသုကို RFA သတင်းထောက် မသူဇာ က ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။


RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။