MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 11, 2012

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ကို သွားရောက်

2012-12-11
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်တွင်းက ဒေသခံတွေနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ဒီကနေ့မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
Photo: RFA/Sai Htun Aung Lwin
ကော့မှူးမြို့နယ်သို့ ဒီဇင်ဘာ ၁၁ ရက်နေ့က သွားရောက်စဉ် ဒေသခံပြည်သူတွေကို တွေ့ဆုံနှုတ်ဆက်နေစဉ်
ဒေါ်အောင်ဆန်းစုကြည်ဟာ နတ်မောက် ခရီးစဉ်အပါအဝင် မကွေးတိုင်းဒေသကြီးကို သွားရောက်ခဲ့ပြီး ဒီကနေ့မှာ ကော့မှူးမဲဆန္ဒနယ်ကို သွားရောက်လေ့လာခဲ့တာ ဖြစ်ပါတယ်။ ကော့မှူးမြို့နယ် ဝါးဘလောက်ကျေးရွာအတွင်းမှာရှိတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံစဉ်မှာ ကလေးငယ်တွေရဲ့ ပညာရေးအခြေအနေကို မေးမြန်းပြီး ပြည်သူတွေမကြောက်မရွံ့နဲ့ အခြေအနေမှန်ကို ပြောပြနိုင်မှ တိုင်းပြည်ကို ကောင်းအောင် ပြုပြင်နိုင်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံပြည်သူတွေအပြင် ကော့မှူးမြို့နယ်
အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မြို့နယ်စည်ပင်၊ တိုင်းစည်ပင်နဲ့ ဆောက်လုပ်ရေးဌာနတို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီှး ကော့မှူးမြို့နယ်တွင်းမှာ ပြည်သူတွေအသုံးပြုများတဲ့ လမ်းတံတားတွေကို မိုးရာသီမရောက်ခင် သက်ဆိုင်ရာက အမြန်ဆုံး ဆောက်လုပ်ပေးနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆောက်လုပ်ဆဲ ပေ ၆၀ ချောင်းတံတား၊ ဝါးဘလောက်သောက် ကျေးရွာအတွင်းက (၁) ရပ်ကွက်မှာ ရှိတဲ့ ဈေး၊ NLD ရပ်ကျေးရုံး၊ တိုက်နယ်ဆေးရုံ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းဖြစ်တဲ့ ခါတော်မှီကျောင်းတိုက်၊ စာသင်ဆောင်တွေ ပြိုကျပျက်စီးနေတဲ့ အ.ထ.က ၊ ဝါးဘလောက်သောက် စာသင်ကျောင်းနဲ့ မြို့သစ်ရပ်ကွက်မှာရှိတဲ့ ချောင်လမ်းတို့ကို သွားရောက်လေ့လာခဲ့ပါတယ်။ လွှတ်တော်အမတ်တွေ အနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်က ပြည်သူတွေရဲ့ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဝိုင်းဝန်း ကူညီရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အရင်ကော့မှူးခရီးစဉ်တွေအတွင်းက ပြောခဲ့ဖူးပါတယ်။


 RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။