MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 13, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအကြမ်းဖက်ဖြိုးခွင်းခြင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့တွင် သံဃာတော်များမှ မေတ္တာပို့ ဆန္ဒထုတ်ဖော်

thn-12-12-5
လက်ပံတောင်း တောင်ကြေးနီစီမံကိန်းအကြမ်းဖက်ဖြိုခွင်းခြင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့တွင် သံဃာတော်များမှ ယနေ့ နေ့လည် ၁၂နာရီ ၃၀ မိနစ်တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။
ယင်းသို့ ဆန္ဒထုတ်ဖော်ခြင်းနှင့် ပရိတ်ရွတ်ဆိုခြင်းကို စစ်တွေမြို့အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရှေ့တွင် သံဃာအတော်အပါး ၄၀ ကျော်တို့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင်ရေးရဟန်းတော်များက ဦးဆောင်ကျင်းပပြုလုပ်ခဲ့ခြင်း
 ဖြစ်ကြောင်းလည်းသိရသည်။အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို
ဘုရားကန်တော့ပြီး ဖွင့်လှစ်ကာ ကြေးနီတောင်သပိတ်စခန်းဖြိုခွင်းရာ၌ ထိခိုက်ဒဏ်ရာရခဲ့သော
သံဃာတော်များနှင့်လူပုဂ္ဂိုလ်များအတွက် ၅ မီနစ်ခန့်ငြိမ်သက်ဆုတောင်းခြင်း၊ လက်ပံတောင်း တောင်
ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ၏ သဘောထားကြေငြာချက်ကို ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ပြီးမေတ္တာသုတ်ပရိတ်တော်
ရွတ်ဖတ်ခြင်းနှင့် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆု တောင်းကာ အခန်းအနားကို ရုတ်သိမ်းလိုက်ကြောင်းသိရသည်။
ရခိုင်ပြည်နယ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင်ရေးရဟန်းတော်များမှ ထုတ်ပြန်သော သဘောထားထုတ်ပြန်ချက်များမှာ - (၁)မိမိ၏ အကျိုးမပါဘဲ အများတွက် စွန့်လွှတ်အနစ်နာခံပြီး
ဆန္ဒထုတ်ဖော်ခြင်းအပေါ် အင်အားသုံးဖြိုခွင်းအကြမ်းဖက်ခြင်းခံရသော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ နှင့်အတူ မိမိတို့ ထိပ်တူထပ်မျှ ခံစားရပါကြောင်း၊ (၂) သံဃာတော်များသည် ခေတ်အဆက်ဆက်၌ ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးအတွက်သာ အနစ်နာခံကြသူများဖြစ်၍ ယခုကိစ္စတွင်လည်း ကိုယ်ကျိုးမဖက်ဘဲ အများအတွက် အနစ်နာခံပြီး ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော သံဃာတော်များနှင့်
လူပုဂ္ဂိုလ်များအား ဥပဒေမဲ့ စွာအကြမ်းဖက် ဖြိုခွင်းနှိမ်နင်းခြင်းသည် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွယ်ဖယ်၍ ဗုဒ္ဓဘာသာဝင်များ၏ လုပ်ရပ်မျိုး မဟုတ်သည့်အတွက် ဤကဲ့သို့ ဥပဒေမဲ့စွာ အကြမ်းဖက်ဖြိုခွင်း နှိမ်နင်းမှုမျိုးကို ကန့်ကွက်ချု့ချ လိုက် ကြောင်း (၃) ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော်ကြရာတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား အကြွင်းမဲ့ ပြန်လွှတ်ပေးရန်။ (၄) ဒီမိုကရေစီအစိုးရပီသစွာဖြင့် အများပြည်သူ၏ ဆန္ဒမပါဘဲ ပြုလုပ်သည့် စီမံကိန်းများကို သူတို့ တို့၏ ဆန္ဒနှင့်အညီ ရပ်တန့်ပေးရန်။ (၅) ငိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော်ကြသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို လိုအပ်သည်ထက် ပိုမိုလွန်ကဲစွာ
အင်အားသုံးအကြမ်းဖက်နှိမ်နင်းဖြိုခွင်းသူများအား တရားဥပဒေနှင့်အညီ စီစစ်ဆောင် ရွက်ပေးရန် တို့ပါရှိကြောင်းသိရသည်။
ရခိုင်ပြည်နယ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင်ရေးရဟန်းတော်များအဖွဲ့၊ဥက္ကဌ ဦးဥာဏမှ ''သထေားထားထုတ်ပြန်ချက်ထဲမှာလည်းပါပြီးသားဖြစ်တယ်။ ပြီးတော့ ဒဏ်ရာရ သူတွေအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာပို့သ တဲ့အခန်းအနားဖြစ်ပါတယ်။ အများအတွက် အလုပ်လုပ်သူတွေကို နိုင်ငံတော်အစိုးရနေနဲ့လည်း မိဘ နဲ့သားသမီးကဲ့သို့
အတတ်နိုင်ဆုံးငဲ့ညှာဖို့တော့ကောင်းတာပေါ့နော်''ဟု ပြောကြားခဲ့ပြီး အစိုးရအပေါ် ဘယ်လိုမြင်ပါသလဲဟု မေးမြန်းချက်အပေါ်တွင်လည်း ဦးပဉ္ဇင်း ဦးဥာဏက'' အင်အားသုံးဖြိုးမယ်ဆိုရင် ဘယ်နေရာမှ အောင်မြင်မှုရမှာမဟုတ်ဘူး။
အနည်းဆုံးတော့ ပြဿနာနဲ့ ရင်ဆိုင်ရမှာဘဲလေ။ အစိုးရဆိုတာကလည်း ပြည်သူက ယုံကြည်လို့ တင်မြှောက်ထားတာဖြစ်သလို၊ အခုဒီမိုကရေစီအစိုးရ ဆိုရင် ပိုပြီး ပြည်သူတွေ ယုံကြည်မှုကို တည်ဆောက်သင့်တယ်။ စစ်အစိုးရလက်ထက်ကဆို ပြည်သူ တွေရဲ့ယုံကြည်မှုကို လုံးဝမရခဲ့ဘဲ၊ ပြည်သူတွေရဲ့တံတွေးခွက်ထဲမှာဘဲ နှစ်ပေါင်း ၅၀/၆၀ အချိန်ထိ ပက်လက်မျောခဲ့ရတယ်။ ဒီနေ့ဒီအချိန်မှာ
ပြည်သူလူထု ယုံကြည်လောက်တဲ့ အစိုးရအနေနဲ့ ၊ ပြည်သူ တွေယုံကြည်ခါစဖြစ်တဲ့ ဒီယုံကြည်ချက်တွေကို အလဟသမဖြစ်ရအောင်၊ ဒီထက်မကယုံ ကြည်လာအောင် ထိန်းထားနိုင်ရင် တိုင်းပြည်အနေနဲ့ရော
အစိုးရအနေနဲ့ရောပိုပြီးအကျိုးရှိမယ်လို့ မြင် တယ်''ဟု မိန့်ကြားခဲ့ပါသည်။ အခန်းအနားမှာ မီနစ်လေးဆယ်ခန့်သာ ကြာမြင့်ပြီး အေးချမ်းစွာပြီးဆုံးသွားခဲ့ကြောင်းလည်းသိရသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။