MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 26, 2012

မိန်းမပျို ရောင်းစားနေတဲ့ မြန်မာ ၂ ဦး ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ထိုင်းမြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ စံခလဘူရီမြို့မှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေရတဲ့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ အမျိုးသမီး ၃ ယောက် အပါအဝင် မြန်မာအမျိုးသမီး ၁၈ ယောက်နဲ့အတူ လူပွဲစား မြန်မာနိုင်ငံသား ၂ ယောက်ကို ဒီဇင်ဘာ၂၅ ရက်နေ့ညက ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနိုင် ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နယ်ဖက်ကနေ တရားမဝင်ခေါ်သွင်းလာတဲ့ မြန်မာအမျိုးသမီးတွေကို ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်မှာ ပြည့်တန်ဆာအလုပ်လုပ်ကိုင်နေရကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ကို တိုင်ကြားလာတဲ့အတွက် ကွင်းဆင်းစုံစမ်းမှုတွေ ပြုလုပ်ပြီးနောက် အခုလို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းလူကုန်ကူးမှု
တားဆီးကာကွယ်ရေးရုံးက အရာရှိတစ်ဦးက RFA ကို  ပြောပါတယ်။
ပြည့်တန်ဆာအလုပ်လုပ်ကိုင်နေရတဲ့ မြန်မာအမျိုးသမီးတွေကို နောင်လူးရပ်ကွက်အုပ်စုအတွင်းမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့င်တွေနဲ့အတူ င်ရောက်ရှာဖွေခဲ့ရာမှာ မနွေး ဆိုတဲ့ အသက် ၃ အရွယ် မြန်မာအမျိုးသမီးကို တွေ့ပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးတဲ့ အမျိုးသမီး ၃ ဦးထံက သိရှိထားတာက မနွေးကနေပြီး လာရှာတဲ့ ဧည့်သည်တွေကို တစ်ယောက်ကို ဘတ်ငွေ ၁၅ဝဝ နဲ့ လိုက်အိပ်ခိုင်းတယ်။ လာအိပ်တဲ့ ဧည့်သည်တွေ လာရှာပြီဆိုရင် မနွေးက ပြည့်တန်ဆာ အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေကို ထိန်းသိမ်းထားတဲ့ ကိုသိန်းကျော် ဆိုတဲ့သူထံကို တဆင့်ပို့ပေးတယ်။ ကျနော်တို့က ရဲတပ်ဖွဲ့င်တွေ ဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့ မနွေး နဲ့ ကိုသိန်းကျော် တို့ကို ဖမ်းဆီးခဲ့တယ် လို့ ပြောပါတယ်။
ထိုင်းနိုင်ငံကို ဘယ်လိုရောက်ရှိလာပြီး အခုလို အလုပ်လုပ်ကိုင်နေရတယ်ဆိုတာတွေ မေးမြန်းဖို့ အဲဒီမြန်မာအမျိုးသမီးတွေကို ဘန်ကောက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဌာနကို ခေါ်ဆောင်သွားပြီး ပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
လူကုန်ကူးမှုလုပ်ကိုင်နေတဲ့ မနွေးနဲ့ ကိုသိန်းကျော်တိုနှစ်ဦးကိုတော့ လူကုန်ကူးမှု၊ ထိုင်းနိုင်ငံထဲ တရားမဝင်ခေါ်ဆောင်လာမှု စတဲ့ အမှု ၅ ခုနဲ့ တရားစွဲဆိုပြီး ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ခုနက ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးဌာနက အရာရှိက ပြောသွားပါတယ်။


RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။