MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 22, 2012

တာမွေမြို့နယ်အတွင်း ဖြိုလက်စနှစ်ထပ်တိုက်ပြိုကျရာ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

ha-21-12-1
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းအထက်ရပ်ကွက်၊ ကျောက်မြောင်းလမ်းနှင့် မလွှကုန်းလမ်းထောင့်ရှိ ဖြိုလက်စနှစ်ထပ်တိုက်တစ်လုံး ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က ပြိုကျမှုဖြစ်ပွားခဲ့ရာ ယင်းတိုက်ရှေ့တွင် အိပ်ပျော်နေသော အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။အဆိုပါတိုက်ကို ဒီဇင်ဘာ ၃ ရက်နေ့ကတည်းက စတင်ဖြိုဖျက်လျက်ရှိရာ အခင်းဖြစ်ပွားသည့် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် အလုပ်သမား ၇ ဦး
လုပ်ငန်းခွင်ဝင်နေစဉ် ယခုလိုပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ပြိုကျမှုကြောင့် သေဆုံးသွားသော မသန်းဌေး (အသက် ၃၈ နှစ်) မြောက်ဥက္ကလာပမြို့နယ်နေသူသည် ယင်းအလုပ်သမားများကို ထမင်းချက်ကျွေးနေသူတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် တိုက်ရှေ့အိပ်ပျော်နေကြောင်း သိရသည်။
“ ပြိုကျတဲ့အချိန်မှာ ကျွန်တော်က ရေတက်သောက်နေတယ်။ ကျန်တဲ့ခြောက်ယောက်က နောက်ဖေးမှာ အလုပ်လုပ်နေတယ်။ အဲဒီမှာ ကျွန်တော်နင်းထားတဲ့ အုတ်ချပ်ကြီးက ပြိုကျသွားတာ။ ကျွန်တော်လည်း လှမ်းဆွဲလိုက်သေးတယ်။ ဒါပေမယ့် မဆွဲနိုင်တော့ ကျွန်တော်ပါ ပါသွားတယ်။ အောက်ကပိသွားတဲ့ အမျိုးသမီးကတော့ ပွဲချင်းပြီး သေသွားတယ်။ ကျွန်တော်ကတော့ ဒဏ်ရာလောက်ပဲ ရခဲ့တယ်” ဟု တိုက်ဖြိုဖျက်နေသူ အလုပ်သမား ကိုသန်းနိုင်က ပြောသည်။
“ကျွန်တော်တို့ရောက်တော့ ၂ နာရီကျော်နေပြီ။ သေဆုံးတဲ့ အမျိုးသမီးကို ဆေးရုံပို့လိုက်တယ်။ ဒီလိုမျိုး တိုက်ဖြိုဖျက်နေတဲ့ အချိန်မျိုးမှာ သတိလေးထားပြီး မနေခဲ့တဲ့အတွက် ခုလိုဖြစ်ရတာပါ” ဟု တာမွေမြို့နယ်၊ ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယတပ်ရင်းမှူး ဦးခင်မောင်က ပြောသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။