MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 29, 2012

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ရပ်ဆိုင်းထားရန် တောင်းဆို



မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်ခုလုံး၏ လိုအပ်ချက်များကို မဖြေရှင်းနိုင်သေးချိန်တွင် စီမံကိန်းရပ်ဆိုင်းထားရန် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီမှ တောင်းဆိုလိုက်သည်။ 
”ဒေသဆိုင်ရာ အာဏာပိုင် များနဲ့ အစိုးရတာဝန်ရှိသူတွေဟာ ဒေသခံ ပြည်သူလူထုဘက်မှာမရှိဘဲ ဖြစ်နေတာကို ဝမ်းနည်းစွာ တွေ့မြင် ရပါတယ်။ ဒေသခံ ပြည်သူေ တွရဲ့ အခက်အခဲတွေ မပြေလည်သေး ခင်မှာ စီမံကိန်းကို ရပ်ဆိုင်းထားဖို့ တောင်းဆိုပါတယ်”
ဟု အဆိုပါ ကော်မတီဥက္ကဋ္ဌ ဦးတင်သစ်က ပြောသည်။ဒီဇင်ဘာ ၂၃ ရက်ေ န့၌ ရန် ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ယင်း ကော်မတီ၏ အစည်းအဝေးပွဲအပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ နှစ်လအတွင်း တွေ့ရှိချက်များအပေါ် အစီရင်ခံစာ တစ်ရပ် ထုတ်ပြန် ခဲ့ရာ ၄င်းအစီရင်ခံ စာအရ အထက်ပါအတိုင်း သဘော ထား ထုတ်ပြန်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။၎င်းထုတ်ပြန်ချက်တွင် EIA လေ့လာဆန်းစစ်ချက် ပြုလုပ် ခဲ့ သော ထိုင်းကုမ္ပဏီ၏
အမည်နှင့် တွေ့ရှိချက်ရလဒ်များအား မြန်မာ ပြည်သူလူထုအား အသိပေးရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာ မှုများအတွက် ပြန်လည် အစားထိုး မည့်အစီအစဉ်(Recovery Plan) ရေးဆွဲထုတ်ပြန် အကောင်အထည် ဖော်ရန်၊ ဒေသခံများ၏ မြေယာ သိမ်းယူစဉ် အသုံးပြုခဲ့သည့်လျော် ကြေးမှာ စီမံကိန်း တစ်ခုလုံး ရင်းနှီး မြှုပ်နှံမှု၏ ဝ ဒသမ ဝ၁၂၈ ရာခိုင် နှုန်းသာရှိခြင်းအပေါ် ပြန်လည်သုံး သပ်ရန်၊ စီမံကိန်းလုပ်ငန်းအဆင့်ဆင့်အား ဒေသခံ ပြည်သူလူထုအား ကြိုတင် အသိပေးရန်၊ သဘာဝဘေး အန္တရာယ်ဖြစ်စဉ်များကြောင့် ပိုက် လိုင်းပျက်စီးနိုင်မှုများအပေါ် နိုင်ငံ တကာ စံချိန်စံနှုန်းများနှင့် ညီ မညီ ဆန်းစစ်အကဲဖြတ်ရန်၊ ပင်လယ်ြ ပင် နှင့် ကုန်းတွင်း၌ ရေနံယိုဖိတ်မှုများ ပိုက်လိုင်းပေါက်ကွဲခြင်းများ ဖြစ်ပေါ် လာလျှင် ပြည်သူများအနေဖြင့် မည်သို့လုပ်ဆောင်ရမည့် နည်းလမ်း များကို ရေနံနှင့်သဘာဝ ဓာတ်ငွေ့ မပို့လွှတ်မီ ကြိုတင်အသိပညာပေး ရန် စသောအချက်များပါဝင်ကြောင်း ၄င်းက ဆက်ပြောသည်။”တရုတ်ပြည်မှာ မြေတစ်ဧက ကို မြန်မာငွေ ၃၂၄ သိန်းပေးေ လျာ် ပါတယ်။ မြန်မာဒေသခံတွေကိုတော့ ပျမ်းမျှ တစ်ဧက ၃၄ဝဝဝဝ ကျပ်ပဲ ရတဲ့အတွက် အလွန်ကွာပါတယ်။ ဒေသအလိုက် ပေးလျော်တဲ့ လျော် ကြေးသတ်မှတ်ချ က်တွေ မတူလို့ လည်းပိုမိုနစ်နာပါသေးတယ်” ဟု ယင်းကော်မတီ၏ သတင်းနှင့် ပြန် ကြားရေး တာဝန်ခံ ဦးအောင်ကျော် စိုးက ပြောသည်။ကုမ္ပဏီဘက်မှ စာသင်ကျော င်း၊ ဆေးခန်း၊ ရေတား အင်္ဂတေမြောင်း နှင့် နံရံပြုလုပ်ခြင်း၊ လမ်းများပြုပြင် ခြင်းများ စသောကိစ္စရပ်များကို အသိအမှတ်ပြုသော်လည်း စီမံ ကိန်းဖြတ်သန်းရာတစ်ေ လျှာက်တွင် အရေးတကြီးဆောင်ရွက်ရန် လို အပ်ချက်များရှိနေသောကြောင့် နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူများအား ဖြေ ရှင်းပေးရန် တိုက်တွ န်းကြောင်း ၄င်းက ပြောသည်။ မြန်မာ-တရုတ်ရေနံပိုက်လိုင်း စီမံကိန်း၏ ချစ်ကြည်ရေးအဖွဲ့အား ဆက်သွယ်စုံစမ်းရာတွင် ကုမ္ပဏီ တာဝန်ရှိသူများအနေဖြင့် ကော်မတီ မှ ထုတ်ပြန်သော အစီရင်ခံစာပါ အချက်အလက်များအား လေ့လာ ရန် အချိန်လိုအပ်နေကြောင်း၊ လေ့လာဆန်းစစ်ပြီးပါက ကုမ္ပဏီဘက်မှ တစ်စုံတစ်ရာ ထုတ်ဖော်ပြော ဆိုမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင်မူ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောသည်။ မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ေ ရး ကော်မတီကို သဇင် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊Arakan Ray Youth (ရခိုင်ပြည် နယ်)၊ Ayerawady West Development Organization (မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ ငဖဲ)၊ Green Network (မကွေး)၊ Green Future(ရေနံချောင်း)၊ ပုပ္ပားတောင် ချစ်သူများအဖွဲ့၊ Green For All (တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီး)၊ စိမ်းရော င်စို (တံတားဦး) နှင့် (မန္တလေး)၊ စိမ်းလန်း၊ ပြင်ဦးလွင် စိမ်းရောင်စို (ကျောက်မဲ)၊ ရှမ်းပြည် နယ် မြောက်ပိုင်းဖွံ့ဖြိုးရေးအသင်း၊ Sky Youth နှင့် ကျောက်ဖြူလူမှု ကွန်ရ က်အဖွဲ့စသော လူမှုရေး အသင်းအဖွဲ့ ၁၄ ဖွဲ့ဖြင့် အောက် တိုဘာ ၁ ရက်နေ့၌ မန္တလေးမြို့ တွင် စတင် စုစည်းတည်ထောင် ထားခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ -တရုတ် ရေနံနှင့်သဘာ ဝဓာတ်ငွေ့ပိုက်လိုင်းသည် အကျယ် မီတာ ၃ဝ ပိုက် လိုင်းအရှည် ကီလို မီတာ ၈၇ဝ၊ မြေအသုံးပြုမှု ၂၆ ဒသမ ၁ စတုရန်းကီလိုမီတာ (၆၄၄၉ ဒသမ ၃ ဧက) ရှိကာ စီမံ ကိန်းတစ်လျှောက်ရှိ ဒေသခံပြည်သူ များ၏ ထိခိုက်နစ်နာမှုများအပေါ် ကော်မတီမှ စောင့်ကြည့်လေ့လာ လျက်ရှိပြီး တွေ့ရှိချက်များအပေါ် အစီရင်ခံစာနှင့် သဘောထားထုတ် ပြန်ချက်များအား နိုင်ငံတော်သမ္မတ နှင့် တာဝန်ရှိသူများထံ ဆက်လက် ပေးပို့သွားမည်ဖြစ်ကြောင်း သိရ သည်။ မြန်မာ-တရုတ် ရေ နံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအားCNPC ကုမ္ပဏီနှင့်အရှေ့တောင်အာရှ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီတို့ အဓိက ရင်းနှီးမြှုပ်နှံကြသည်။ မြန် မာဘက်မှ ၇ ဒသမ ၃၆၅ ရာခိုင် နှုန်းနှင့် CNPC အပါအဝင် အခြား ကုမ္ပဏီများမှ ၉၂ ဒသမ ၆၃၅ ရာခိုင်နှုန်း ပါဝင်၍ ရင်းနှီးမြှုပ်နှံထား ကာ CNPC ကုမ္ပဏီ၏ ရှယ်ယာ ထည့်ဝင်မှုမှာ ရာခိုင်နှုန်းအများဆုံး ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

ပြည့်ဖြိုး၊ မိုးငယ်
Popular News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။