MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 19, 2012

 လွတ်လပ်ရေးရယူစဉ် ဖြစ်ပေါ်ခဲ့သည့် ဂြိုလ်ရပ်တည်မှု အနေအထားများကြောင့် မြန်မာနိုင်ငံ အုပ်ချုပ်ရေးသမိုင်းတွင် တပ်မတော်အာဏာသည် ၂၀၁၈ ခုနှစ်အထိသာ အင်အားအကောင်းဆုံးအဖြစ် ရပ်တည်နိုင်မည်

မြန်မာနိုင်ငံလွတ်လပ် ရေးရယူခဲ့စဉ် ဖြစ်ပေါ်ခဲ့သည့်  ဂြိုလ်နက္ခတ်များအရ မြန်မာနိုင်ငံ၏ နိုင်ငံရေး အာဏာတည်မြဲမှုတွင် တပ်မတော် အာဏာသည် ၂၀၁၈ ခုနှစ်အထိသာ တည်မြဲနိုင်မည်ဖြစ်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကို၏ ပြောပြချက်အရ သိရှိရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရယူခဲ့သည့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့  နံနက် ၄ နာရီ ၂၀ မိနစ်၊    ဗြိစ္ဆာရာသီတွင် နက္ခတ်ဗေဒများအရ စနေဂြိုဟ်ကို ဘုန်းကံအာဏာ မြင့်မားမည့်နေရာတွင် နေရာချထားပြီး တပ်မတော် ကိုယ်စားပြုသည် အင်္ဂါဂြိုဟ်အား တပ်မတော်အင်အား ခိုင်မာတောင့်တင်းစေရန်နှင့် လွတ်လပ်ရေးအဓွန့်ရှည်စေရန် အင်္ဂါဂြိုလ်အင်အား အကောင်းဆုံးနှင့် အားအရှိဆုံးဖြစ်သည့် သိဟ်ရာသီတွင် ရပ်တည်၍ လွတ်လပ်ရေးယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ လွတ်လပ်ရေးရယူစဉ်က ရာဟုနဲ့ကိတ်ဂြိုလ်တို့ရဲ့ ဂြိုလ်ရပ်တည်မှု လွဲမှားခဲ့တာကြောင့် တိုင်းပြည်ငြိမ်းချမ်းရေးရယူရာမှာ လွဲချော်နေတာပါ၊ ဗြိစ္ဆာရာသီမှာမဟုတ်ပဲ မိနစ် ၂၀ နောက်ကျပြီး
ဓနုရာသီမှာသာ လွတ်လပ်ရေးယူခဲ့မယ်ဆိုရင် တပ်မတော်အာဏာကတော့ မှေးမိန်မှာမဟုတ်ပဲ တိုင်းပြည်ရဲ့ဖွံဖြိုးမှု အနေအထား ပိုမိုအားကောင်းစေမှာ ဖြစ်ပါတယ်။ ဓနုရာသီမှာယူရင် အားနည်းချက်က စစချင်းအုပ်ချုပ်မယ့် ၀န်ကြီးချုပ် ဦးနုရဲ့ သြဇာအာဏာဆုံးရှုံးမှု ဆိုးရွားနိုင်တယ်။ ဒီလိုတွေကြောင့် ဗြိစ္ဆာရာသီနဲ့ပဲ လွတ်လပ်ရေးယူခဲ့ခြင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်” ဟု ဦးဇေယျာကိုက ပြောပါသည်။                                  
လွတ်လပ်ရေးရယူစဉ် ဖြစ်ပေါ်ခဲ့သည့် ဂြိုလ်ရပ်တည်မှုများအရ လွတ်လပ်ရေးသက်တမ်းမှာ နှစ်ပေါင်း ၇၀ အဓွန့်ရှည်နိုင်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်အထိ တပ်မတော်အာဏာသည် မှေးမှိန်ခြင်းရှိမည်မဟုတ်ပဲ ၂၀၁၃ ဇွန်မှ ၂၀၁၄ ဇွန်အတွင်းကာလများသည် အတိုက်အခံများ များပြားနိုင်သည့် ကာလများဖြစ်ကာ  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပြောင်းလဲလွှင့်တင်ခဲ့သည့် အလံသစ်အရ ၂၀၁၃ခုနှစ် စက်တင်ဘာလ နောက်ပိုင်းကာလသည် တပ်မတော်နှင့် ပတ်သက်သည့် ဂြိုဟ်ရပ်တည်မှုများအားကောင်းသည့် အခြေအနေတွင် ရှိနေမည်ဖြစ်ပြီး ၂၀၁၄ မေလနောက်ပိုင်းကာလများတွင်မူ ယခင်နှင့်မတူသည့် တိုင်းပြည်တိုးတက်မှု အခြေအနေ ပြန်လည်ရရှိလာနိုင်ကြောင်း ဦးဇေယျာကို၏ ပြောပြချက်အရ သိရသည်။                  
မြန်မာနိုင်ငံ လွတ်လပ်ရေးရယူစဉ် ဖြစ်ပေါ်ခဲ့သည့်  ဂြိုလ်ရပ်တည်မှုများအရ စနေဂြိုလ်နှင့် အင်္ဂါဂြိုလ် အင်အားယူထားသည့်  ဂြိုလ်ရပ်တည်မှုဖြစ်သောကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ၂၀၁၈ မတိုင်မီအထိ အင်္ဂါနေ့မွေးဖွားသူများသည် နိုင်ငံအုပ်ချုပ်မှုအပိုင်း၌ တပ်မတော်အာဏာအောက် ဒုတိယ နေရာတွင်ပါဝင်ခဲ့ပြီး  နောက်ပိုင်းတွင်လည်း ကြီးလေးသည့်တိုင်းပြည်တာဝန်နှင့် အုပ်ချုပ်သူအပိုင်းတွင် ပါဝင်လာနိုင်သည်ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။