MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 18, 2012

 ထားဝယ်လေဆိပ်တွင် ထိုင်းလေတပ်မှ လေယာဉ်တစ်စီး အင်ဂျင်ပိုင်းချွတ်ယွင်းမှုကြောင့် ညအိပ်ရပ်နားခဲ့ရ


ဒီဇင်ဘာလ ၁၇ ရက်နေ့က ထားဝယ်ရေနက်ဆိပ်ကမ်းသို့ လာရောက်သည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်၏ အဖွဲ့တွင် လိုက်ပါလာသော လေယာဉ်တစ်စီးသည် အင်ဂျင်ပိုင်းပြသာနာ
 ဖြစ်ပွားခဲ့၍ လေယာဉ်ပျံတက်နိုင်ခြင်း မရှိဘဲ ထားဝယ်လေဆိပ်၌ ညအိပ်ရပ်နားခဲ့ရကြောင်း သတင်းရရှိသည်။ထိုင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် မီဒီယာများ စီးနင်းလိုက်ပါလာသော
 အင်ဂျင်လေးလုံးပါ C-130 လေယာဉ်သည် ယင်းနေ့ ညနေပိုင်းတွင် ထားဝယ်လေဆိပ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် အင်ဂျင်စက်နှိုးစဉ် လေယာဉ်၏ ညာဘက်အင်ဂျင်တစ်လုံး ပါဝါမတက်သောကြောင့် ဘန်ကောက်သို့ ထွက်ခွာနိုင်ခြင်းမရှိဘဲ ရပ်နားထားခဲ့ရကြောင်း သိရသည်။
“မနေ့က အဲ့ဒီလေယာဉ်နဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ လေယာဉ်နှစ်စီး ထားဝယ်လေဆိပ်ကို ရောက်ရှိလာပါတယ်။ C-130 မှ လေယာဉ် အမှူးထမ်းနဲ့ ခရီးသည် ၄၆ ယောက် ပါလာပါတယ်။ ATR-72 က ၀န်ကြီးချုပ်
စီးလာပါတယ်။ ညနေပိုင်း ထိုင်းကိုပြန်ဖို့လုပ်တော့ C-130 က ညဘက်အင်ဂျင်တစ်လုံး ပါဝါမတက်တဲ့အတွက် လေယာဉ်ကို ထားဝယ်လေဆိပ်မှာ ညအိပ်ရပ်နားခဲ့ရပြီး ခရီးသည်တွေကိုတော့ ထားဝယ်က ဟိုတယ်တွေမှာ ညအိပ်ဖို့ စီစဉ်ပေးခဲ့ရပါတယ်။ ၀န်ကြီးချုပ်ရဲ့ လေယာဉ်ကတော့ ထိုင်းနိုင်ငံကို ပျံသွားပါတယ်။ ဒီနေ့ မနက်က သူတို့ထိုင်းလေယာဉ် အင်ဂျင်နီယာ ၁၁ ယောက်လာပြီး လေယာဉ်ကို ပြန်လည်ပြုပြင်နေပါတယ်။ ခရီးသည် ၂၀ ဦးနဲ့ လေယာဉ်အမှူထမ်း ၁၁ ယောက်ကိုတော့ အင်ဂျင်နီယာတွေကို ခေါ်လာတဲ့ ထိုင်းလေယာဉ်နဲ့ ခေါ်သွားပါပြီ။ ITD က လေယာဉ်ငယ်မှာတော့ ၁၄ ယောက်ပါသွားပါတယ်။ အခု ထားဝယ်လေယာဉ်ကွင်းမှာ လေယာဉ်မှူး တစ်ယောက်ပဲ ကျန်ခဲ့ပါတယ်” ထားဝယ်လေယာဉ်ကွင်း လုံခြုံရေးအဖွဲ့က ပြောကြားခဲ့ပါသည်။
ထိုင်းဝန်ကြီးချုပ် ယင်လတ်နှင့် အဖွဲ့သည် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံအခြေစိုက် ITD (Italian-Thai Development Public Co.,Ltd)  က အကောင်အထည်ဖော် တည်ဆောက်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် တွေ့ဆုံဆွေးနွေးရန် ရောက်ရှိလာခြင်းဖြစ်သည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၁၃ ရက်နေ့ ကလည်း မြန်မာ့လေကြောင်းပိုင် လေယာဉ်တစ်စီးသည် ပြည်တွင်းခရီးစဉ် ပျံသန်းနေစဉ်အတွင်း အင်ဂျင်ပိုင်း ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် ထားဝယ်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရသေးကြောင်း သတင်းရရှိသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။