MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 5, 2012

စင်္ကာပူလာချင်သူများအတွက် အထူးသိထားရန်

 စင်ကာပူဆိုတာ အများသိကြတဲ့အတိုင်း ကျွန်းနိုင်ငံလေးတခုပါ။အဲဒီနိုင်ငံလေးကို စင်င်္ကာပူအစိုးရ၏ နည်းပညာနှင့် အရင်းနှီး ကုန်သွယ်မှုတွေကြောင့် ကျွန်းကိုတိုးချဲ့ သဲဖို့ ဖြင့် နိုင်ငံသည်တဆထက် တဆတဖြည်းဖြည်းကြီးထားလာခဲ့ပါသည်။အလားတူ နိုင်ငံတကာဆက်ဆံရေးလည်း  ပိုမိုကောင်းမွန်လာသည်နှင့်အမျှ ပညာရေး ၊စီးပွားရေးများလည်းအထူးကောင်းမွန်လျှက်ရှိသည်။
           ထို့ ကြောင့် နိုင်ငံတကာမှ နိုင်ငံခြားသားများသည် စင်္ကာပူနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်
ကြသလို့ အချို့ မှာ ပညာလာရောက်သင်ယူနေကြသည့်လူငယ် လူလတ်များလည်းရှိကြသည်။အချို့ ဆိုလျှင် စင်္ကာပူနိုင်ငံတွင် နေထိုင်ချင် အလုပ်လုပ်ချင် လွန်းသဖြင့် မြန်မာနိုင်ငံတွင် ပိုင်ဆိုင်သမျှရောင်ချ ပေါင်နှံပြီး အေးဂျင့်တွေဖြင့်ဆက်သွယ်ပြီး ကြိုးစားခဲ့ ကြသည်။
မိဘများကလည်း မိမိ၏သားသမီးကောင်းစားရေးအတွက်ဆိုပြီး မြေကွက်ပေါင်။ ကားရောင်း ။ရွှေငွေ လက်ဝတ်ရတနာတွေရောင်းပြီး သားသမီဆန္ဒကိုလိုက်လျောခဲ့ကြသည်။အချို့ ကလည်း မိမိ၏ ချစ်သူ။အွန်လိုင်းချစ်သူ။ခင်ပွန်း။စေ့စပ်ထားသူထံများသို့ လိုက်လာချင်ကြသဖြင့် အမျိုးမျိုးကြိုးစားခဲ့ကြသည်။အချို့ ကလည်း မိတ်ဆွေသူငယ်ချင်းများအကူညီကို မျှော်မှန်းပြီး စင်္ကာပူသို့ လာရောက်ခဲ့ ကြသည်။အချို့ ကလည်း အွန်လိုင်းမှ သူငယ်ချင်းဖွဲ့ ကာ အလိမ်အညာဖြင့်ခေါ်
သည်များလည်းရှိသည်။အချို့ မှာ အလုပ်၇ှာရန်အတွက် ကျောင်းကိုဟန်ပြတက်ပြီး Stay ရယူကာ အလုပ်ရှာဖွေနေသူများလည်းရှိကြပြီး ထိုသူတို့ သည်( Part Time)အချိန်ပိုင်းအလုပ်များကို တနာရီ
၎ ဒေါ်လာ/၅ ဒေါ်လာ/၆ ဒေါ်လာ စသဖြင့်အလုပ်လုပ်ကြသည်။
                              မည်သို့ ပင်ဖြစ်စေကာမူ မိမိဘ၀အတွက် တက်လမ်းအတွက်ကြိုးစားမှူသည်
အလွန်ကောင်းမွန်သော ရည်မှန်းချက်ရှိသူများဖြစ်ကြသည်။ထို သို့ အမျိုးမျိုးနည်းလမ်းဖြင့် စင်္ကာပူသို့ လာရောက်ကြသောမြန်မာများသည် နှစ်ကာလရှည်ကြာသည်နှင့်တစ်ကွ မိမိတို့ ၏မြန်မာအကျင့်စရိုက် ယဉ်ကျေးမှုများသည် တိုင်းတပါးသာ စင်ကာပူလူမျိုးစိတ်နှင့်စရိုက်ကို အတော်များများမသိမသာ နေ့စဉ်တစ်ကွပြောင်းလဲလျှက်ရှိကြသည်။အချို့ အနဲစုသာ ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုကို ကြံ့ ကြံ့  ခံ ကာ မြန်မာ့ ယဉ်ကျေးမှု ဓလေ့စရိုက်နှင့် မြန်မာ့စိတ်ထားကို ဆက်လက်ထိန်းသိမ်းလျှက်ရှိသည်။ထိုသူများသည် အလွန်အမင်း ချီးကျုးထိုက်သော မြန်မာလူမျိုးများဖြစ်သည်။အချို့ မှာတော့ ထိုသူတို့နှင့် ဆန့်ကျင့်ဘက်ဖြစ်ကြသည်။အမြှီးကျက်အမြှီးစားခေါင်းကျက်ခေါင်းစား တဦးနှင့်တဦးဘတပြန်ကျားတပြန် ရန်လို မုန်းတီး မနာလို ပြိုင်ဆိုင် ဂျောက်ချ စသည်ဖြင့် အလုပ်ထဲ။ပတ်ဝန်းကျင်။ကျောင်း နှင့်အသိုင်းအ၀ိုင်းအပေါင်းအဖော်များကြားတွင်ဖြစ်ပေါ်လျှက်ရှိသည်။
ထိုသူများသည် မြန်မာနိုင်ငံသား အချင်းချင်းများဖြစ်ကြသည်။ဒါအပြင် မြန်မာနိုင်ငံမှ စင်ကာပူသို့ လာရောက်ချင်သူများကိုလည်း အွန်လိုင်းမှ သူငယ်ချင်းများက ညာယူခေါ်ဆောင်လျှက်ရှိကြပြီး PR ( permanent resident) စင်္ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်ရသူများဟု မက်လုံးပေးပြီး လိမ်ညာလျှက်ရှိသည်။အချို့ သော မမြင့်မြတ်သည့်သူများကလည်း မနူးမနတ်မြန်မာနိုင်ငံမှ ရောက်ရှိလာသူများကို လိမ်လည်လှည်းဖြားလျှက်ရှိသည်။တချို့ ကလည်း အလုပ်ရှာဖွေပေးမည် သူတို့ ကုမဏီမှာလူခေါ်နေတယ် စသဖြင့် သွေးဆောင်လျှက်ရှိကြသည်။အချို့ ကလည်း PR ရရှိထားသူများကို အထင်ကြီးပြီးယှံမှားကာ အချိန်နှင့်အမျှ မိမိဘ၀ ရေစုန်မျောပြီး နောက်ဆုံး မတော်မရာထွက်လာပြီး မြန်မာနိုင်ငံသို့ ပြန်လာရသူများလည်းရှိသည်။အချို့ ကလည်း City Hall ခေါ် ပင်နီစူလာပလာဇာ( မြန်မာများစုဝေးရာနေရာ) တွင် ညနေဘက်တိုင်း ငါးစာချောင်းနေသူများနေ့စဉ်တစ်ကွတွေ့ နိုင်ပါသည်။ ငါးစာကောင်းကောင်းရရန်အတွက် သူတို့ သည် လှေကားနား ။ဓာတ်လှေကားနားတို့ တွင် စောင့်ဆိုင်းလျှက် အချိန်တော်တော်ကြာ ဇွဲရှိရှိဖြင့် စောင့်နေသူများရှိကြသည်။ထိုသူတို့သည် အိမ်ထောင်ရှိ အမျိုးသမီးများကိုပင် လိုက်လံ ငါးစာချပေးတတ်ကြသည်။ တခါတရံ ကလေးရှိသူ မိခင် ကိုပင် ငါးစာရမည်ထင်ပြီးလိုက်လံ ရည်းစားစကားပြော ဖုန်းနံပါတ်နှင့်အီးမေးအတင်းလိုက်တောင်း
တာမျိုးလည်းရှိပါသည်။ခင်ပွန်းက ကွမ်းရာဝယ်နေပြီး နောက်မှ လိုက်လာပြီး  မေးမြန်သောအခါမှ ထိုငါးစာရှာနေသူများ လစ်ကြသည်လည်း မကြာခဏတွေ့ မြင်ရပါသည်။
                              မည်သို့ ပင် အလုပ်မျိုး။ရာထူးမျိုး လုပ်နေရရှိနေကြပါစေ။မည်သို့ ပင် သားသားနားနားဝတ်စားထားစေကာမူ ထိုသူတို့၏အတွင်းစိတ်ကို မည်သူမှမမြင်နိုင်။ထို့ ကြောင့် စင်ကာပူသို့ လာရောက်မည့်သူများကို အထူးအသိပေးလိုသည်မှာ.......

(၁)ယခုအချိန်တွင် စင်္ကာပူသို့ အလုပ်လာရောက်ရှာဖွေရန်မသင့်လျှော်သောအချိန်ဖြစ်ပါသည်။
(၂) အလုပ်ရရှိပြီးသော်လည်း အလုပ်လုပ်ခွင့် ပါမစ် ( Spass/ E-pass/Work permit) တို့ ရရှိရန် အရမ်းခက်ခဲနေချိန်ဖြစ်ပါသည်။
(၃) ကျောင်းဖြင့်အလုပ်လာရှာသူများ အထူးသတိထားပါ။ နေရာတိုင်း Shopping Mall / Hotels များ/ Part time house cleaner or house maid များ/မြန်မာဆိုင်များတွင်  Immigration ရဲများ ပြင်ပ၀တ်စုံအရပ်ဝတ်များဖြင့် ပိုက်စိတ်တိုက် စီမံချက် ၂၀၁၂-၂၀၁၃  တရားမ၀င်အလုပ်လုပ်ကိုင်မှုများစီမံချက်ဖြင့် လိုက်လံဖမ်းဆီးလျှက်ရှိပါသည်။
(၄) မိမိ အကယ်၍လက်ရှိ ထိုအလုပ်များလုပ်ကိုင်နေပါက မိမိနှင့်သူငယ်ချင်းများ။အသိမိတ်ဆွေများကိုမိမိ အလုပ်လုပ်နေကြောင်း လုံးဝ လုံးဝအသိမပေးပါနှင့် ။အထူးသဖြင့် မြန်မာအချင်းချင်း ။အခန်းဖော်များအားသတိထားပါ။ မကြာသေးခင်လေးကပဲ မြန်မာပွဲစားမအား စင်္ကာပူရဲက စီမံချက်ဖြင့် ဖမ်းဆီးရာ မိသွားသဖြင့် ထိုအမျိုးသမီးသည် အချိန်ပိုင်းလုပ်နေသော သူများကို သတင်းပေးသဖြင့် အခြားသူများလည်းမိသွားခဲ့သည်။ထိုအခြားသူများကိုလည်း ၇ဲက ဆက်လက်စစ်ဆေးရာ  အကယ်လို့  မိမိမိတ်ဆွေမှာ တရားမ၀င်အချိန်ပိုင်းလုပ်နေသူများအား ဖော်ထုတ်ပေးပါက အမှူသက်သာပေးမည် လျှော့ပေါ့စဉ်းစားပေးမည်ဟုပြောဆိုဖော်ထုတ်ခိုင်းသဖြင့် မြန်မာအများစု ဒုက္ခရောက်ကြရပါသည်။စင်္ကာပူ ဥပဒေသည် မြန်မာနိုင်ငံ ဥပဒေ နှင့်လုံးဝ မတူညီသည်ကို ရွှေမြန်မာများ အထူးသိသင့်ပါသည်။
(၅)အထူး အထူးသတိပေး.....စင်္ကာပူတွင် မည်သူ့ ကိုမျှမယုံပါနှင့်။မြန်မာအချင်းချင်း PR ရှိသည့်သူများက မိမိအားအလုပ်ရှာပေးမည်ဟုပြောဆိုင်မှုများလည်းမယုံကြည်ပါနှင့်။စင်္ကာပူတွင် မြန်မာသူဌေးအလွန်နဲပါးပါသည်။ထို PR များသည် မိမိအားအလုပ်မခန့်ုနိုင်ပါ။
 ထို့အပြင် ကျောင်းသူများလည်း PR ရှိသူများအားလုံးဝအထင်ကြီး၇န်မလိုပါ။အထင်ကြီးမိသူများလည်း နောက်ဆုံး ငါးစာဖြစ်ခံရကာ မပေါ့မပါးနှင့် လက်ဆောင်ကြီးပိုက်ကာ မြန်မာပြည်သူပြန်ကြသူအမြောက်အများရှိပါသည်။အချို့ မှာ မိမိနှင့်
ဟိုဟာဒီဟာ လုပ်ထားသည်များကိုဖုန်းဖြင့်ရိုက်ထားကာ အွန်လိုင်းစာမျက်နှာများပေါ်သဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ရန်ကြိုးပန်းမှုများမကြာခဏဖြစ်ပေါ် လျှက်ရှိသည်။
( ၆) စင်္ကာပူသို့ ရောက်ရှိပြီးသူများ အရေးကြုံလျှင် မည်သူမှမကြောက်ပါနှင့်။မိမိပတ်ဝန်းကျင်မှ အသိမိတ်ဆွေသူငယ်ချင်း ယုံကြည်ရသူများအား ရင်ဖွင့်ပါ အကြံဥာဏ်ယူပါ။တပါးသူ ၏  ခြိမ်းခြောက်မှုကို မကြောက်ကြပါနှင့်။နီးစပ်ရာ ရဲစခန်းအား တိုင်တန်းပါ။အင်္ဂလိပ်စကားမပြောဆိုတတ်လျှင် မြန်မာစကားပြန် အမျိုးသမီးအရာရှိများ ခန့်အပ်ထားပါသည်။ အမျိုးသမီးများ မိမိ၏ဒုက္ခလွယ်ထားရချိန်တွင် ဒေါ်လာလေးနဲနဲပါးပါးပေးပြီး မိမိချစ်သူက မြန်မာပြည်အတင်းပြန်လွှတ်မှုများကြောင့် လုံးဝမကြောက်ပါနှင့်။ထိုသူတို့တွင်အိမ်ထောင်ရှိသူများ ဖြစ်စေကာမူ အားမနာ မသနားပါနှင့်။ ထိုသူတို့ ၏ မဆိုသလောက်ငွေ အားမက်မောပြီး မိမိလက်ရှိအခြေနေအလုပ်အားစွန့် လွှတ်ကာ မြန်မာနိုင်ငံသို့ ဒုက္ခနှင့် မပြန်သွားပါနှင့်။ မိမိ ပတ်ဝန်းကျင်မှ လူကြီးမိဘ ပညာရှိသူများအားတိုင်ပင်ပါ။
(၇)အေးဂျင့်ဖြင့်အလုပ်ရှာသူများ (သို့မဟုတ်) စင်္ကာပူလို့ အလုပ်လာလုပ်မည့်သူများ စာရွက်စာတမ်းအတုအပ များ လုံးဝမလုပ်လာပါနှင့်။ စင်္ကာပူ Immigration ရဲများက မြန်မာများ၏ စာရွတ်စာတမ်း ပညာအရည်အချင်းအား အထူးစစ်ဆေးနေပါသည်။အေးဂျင်များသည် ပိုက်ဆံတခုတည်းသာကြည့်ပြီး အတုအပစာရွက်စာတမ်းများလုပ်ဆောင်ပေးပါက  လက်မခံပါနှင့်။ မြန်မာနိုင်ငံသားတစ်ဦးပညာအရည်ချင်းအတုစာရွက်စာတမ်းကြောင့် တရားစွဲ ဖမ်းဆီးခံရမှုကို 
                   >>>> ဒီမှာ  <<<< ဖတ်ပါ။

( ၇ ) အွန်လိုင်းမှ ချစ်သူဖြစ်ကြသူများ။ မိတ်ဆွေဖြစ်ကြသူများ အထူးသတိထားပါ။ စင်္ကာပူ နှင့်အခြားသောနိုင်ငံများက ခေါ်ဆောင်ပါကလည်း အလားတူ အထက်ဖော်ပြထားသော ဒုက္ခများဖြစ်နိုင်ပါသည်။အထူးသတိထားပါ။  သူတို့ဘာသာ PR သို့မဟုတ် Citizen ပဲဖြစ်ဖြစ်။Green Card ပဲရထားထား  အယုံမလွယ်ပါနှင့်။ Sponsor ရှာသူများလည်း မိမိဘ၀နှင့်ရင်းနိုင်မည်ဟု အဆုံးထိစဉ်းစားထားလျှင် လုပ်သာလုပ်ပါ။

( ၈ ) စင်္ကာပူမှ အွန်လိုင်းချစ်သူများထံသို့  အစားအသောက်များပို့ပေးခြင်း။မြန်မာနိုင်ငံမှ ငွေလှမ်းထောက်ပံခြင်း။ အမြဲတမ်းခေါက်ဆွဲပဲပြုတ်စားနေရပါသည်ဆိုပြီး မြန်မာပြည်မှ ချစ်သူထံ ပစ္စည်းများ ငွေများ လိမ်လည်မှာယူသုံးစွဲနေသော ယုတ်ညံ့ သည့် မြန်မာနိုင်ငံသားအချို့ ကြောင့် အခြားကောင်းမွန်သော မြန်မာနိုင်ငံသားများပါ နာမည်ပျက်နေရပါသည်။ ထို့ ကြောင့် ထိုကဲ့ သို့ ယောကျာ်းပိုင်းလုံး များအား အထူး
သတိထားရှောင်ကြဉ်ပါ။ မိမိမှာ အလားတူကိစ္စများရှိခဲ့ပါက လည်း  မဖြစ်သေးသောသူများတွေ့ ပါက ရင်ဖွင့်ကူညီပါ။ မြန်မာလူမျိုးအချင်းချင်း မျိုးချစ်စိတ်ဖြင့် ကူညီကြပါရန်တိုက်တွန်းနှိုးဆော်ပါသည်။


မှတ်ချက်....
လူသားတိုင်းသည် အမိဝမ်းဗိုက်ထဲကထွက်စဉ်က မည်သည့်ပစ္စည်းမှ သယ်ဆောင်မလာပါ။
အရွယ်ရောက်မှသာ မိမိဘာသာကြိုးစားပြီး ဖြစ်ချင်လျှာက်ချင်ရာ ဘ၀လမ်းကို ဆန္ဒဦးတည်ချက် ရည်မှန်းချက်ဖြင့်လျှောက်ခဲ့ ကြသဖြင့် ယနေ့တွင် အောင်မြင်နေကြတာပါ။
မိမိလည်း လူထဲက လူ တစ်ယောက်ပါ။ မည်သည့်ကိစ္စမဆို မဖြစ်ဘူးဆိုတာ မရှိပါဘူး။အချိန်တခုမရောက်လာခင် ခဏစောင့်ပြီး သေချာကြိုးစားလိုက်ပါက မည်သည့်နိုင်ငံမဆို သူတပါးအထောက်အကူ Sponsor မလိုပဲသွားနိုင်မှာမုချဧကန်ပါ။
မိမိသာ ဇွဲ။လုံးလ။ဝိရီယ နှင့် မိမိစွမ်းအင်ဖြင့် ကြိုးစားပါက တနေ့ဖြစ်ချင်တာဖြစ်သလို သွားလို့ သည့်နိုင်ငံ လုပ်လိုသည့်အလုပ်လည်း ရရှိနိုင်ပါသည်။

လူသားအားလုံး ဘ၀မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့်  မည်သည့်နိုင်ငံတွင်မဆို ဒုက္ခအပေါင်းမှ လွတ်ကင်းပြီး ပူပင်ကြောင့်ကြသောကများကင်းဝေးပါစေဟု ဆုမွန်ကောင်းတောင်းပေးလျှက်........

*အထက်ဖော်ပြပါစာသားများတွင် အချို့ သော အကျင့်စာရိတ္တမကောင်းသော သူများကိုသာဆိုလိုပါသည်။
မည်သူကိုမှ မရည်ညွှန်းပါ။တိုက်ဆိုင်သူများပါခဲ့ လျှင် နားလည်ပေးပါ။ မြန်မာလူမျိုးအချင်းချင်း တဆင့်စကားတဆင့်လက်ဆင့်ကမ်းခြင်းဖြင့်   ကူညီနိုင်ကြပါစေ။


ဟန်နိုင်စော(မရမ်းတလင်း)
ခေတ္တစင်္ကာပူ
၀၅-ဒီဇင်ဘာ-၂၀၁၂

4 comments:

  1. အကို
    ကျွန်တော် စင်ကာပူ ကိုအလုပ်လာလုပ်မလို့ ပြင်ဆင်နေသူပါ။အခုရက်ပိုင်းမှာ လာမလို့လုပ်နေပါတယ်။ agentတွေနဲ့ ချိတ်ပေမဲ့ အဆင်မပြေဖြစ်နေတာမလို့ visit လာပြီး အလုပ်ရှာမလို့ပါ။ ဘယ်အချိန် လာရင် အလုပ်အကိုင်ပေါပြီးအကောင်းဆုံးဖြစ်မလဲဆိုတာလေးကို သိရင်ပြောပြပေးပါအုံးနော်။ ကျေးဇူးတင်ပါတယ် အကို။

    ReplyDelete
    Replies
    1. စင်္ကာပူကို အလုပ်လာရှာမယ်ဆိုရင် ၁ လပိုင်းပထမအပတ်မှ ၂လပိုင်း Chinese News မတိုင်မှီနဲ့ ၆ လပိုင်းပတ်ဝန်းကျင်လောက်မှာ အလုပ်ရှင်တွေ လူခေါ်တာများပါတယ်။ကိုယ့်ရထား တတ်ထားတဲ့  လုပ်ငန်းအတွေ့ အကြုံ နှင့် ပညာအရည်ချင်းဖြင့် အလုပ်ရှာတာ တော့အကောင်းဆုံးပေါ့။ အခုခေတ်ကာလမှာ လူလိမ်တွေက ဦးချိုမပါတော့ အမှန်ထက် အတုယောင်တွေက ပိုများနေပါတယ်။စင်္ကာပူကိုလာမယ်ဆိုရင်တော့ နိုင်ငံခြားသားထက် မြန်မာအချင်းချင်းကို အထူးသတိထားပါ လုံဝမယုံပါနဲ့ ။မြန်မာအေးဂျင့်တွေလည်း အလုပ်ရဖို့ မကူညီနိုင်ပါဘူး။ အသိမိတ်ဆွေတွေ မြန်မာအေးဂျင့်က လိမ်သွားတာတွေရှိပါတယ်။ စတေးရှောင်ရင်လဲ မြန်မာအေးဂျင့်တွေက လိမ်ပါတယ်။အလုပ်လာရှာလို့ ၁ လ စတေးရပြီးလို့ ဒုတိယတစ်လ နေထိုင်ခွင့်တစ်လ ထပ်တိုးလို့မရခင်ရင်တောင် သူတပါးအိမ်နီးချင်နိုင်ငံကိုစတေးရှောင်တာထက် ကိုယ့်မြန်မာနိုင်ငံပြန်တာ ငွေအကုန်ကျ တူတူလောက်ပါပဲ။ပြီးတော့ ပိုစိတ်ချရပါတယ်။ စတေးရှောင်ပြီး ပြန်အ၀င်မှာ Black List ဖြစ်တဲ့သူတွေလည်းရှိပါတယ်။အခုအချိန်ခါမှာ စင်္ကာပူအစိုးရက မြန်မာတွေကို အလုပ်လုပ်ခွင့် ပါမစ် သိပ်မထုတ်ပေးတော့ပါဘူး။အလုပ်ရခဲ့ရင်တောင် ပါမစ်ရဖို့ ခက်နေတဲ့အချိန်မှာ အေးဂျင့်အပ်လိုက်ရင်လည်းအေးဂျင့်က အနည်းဆုံး၅၀၀ လောက် ရိတ်သွားပါလိမ့်မယ်။ အလည်အပတ်နှင့်အလုပ်လာရှာသူများ www.jetstar.com မှာလေယာဉ်လက်မှတ်ဝယ်ပြီး Date Change/Flight Change နေရာမှာ $30 ပေးရတာကို Add လုပ်ပြီး ပိုဝယ်ထား၇င် စင်္ကာပူမှာ ဒုတိယလ စတေးရခဲ့ရင် သိုမဟုတ် အလုပ်ရခဲ့လျှင် Flight Date Change လို့ ရပါတယ်။ စင်္ကာပူ ဗီဇာက အရမ်းကြပ်နေပါတယ်။ ၁ လလက်မှတ်ဝယ်ထားတာပြမှ Visa ထုတ်ပေးပါတယ်။(မြန်မာနိုင်ငံက ပွဲစားနဲ့ ပိုင်တဲ့သူနဲ့ ဗီဇာရအောင်လုပ်ရင်တော့ ကျနော်လည်းမပြောတတ်ပါဘူး)။ ယေဘုယျအားဖြင့် စင်္ကာပူလေယာဉ်ကွင်းမှာ ၁ လလက်မှတ်ထက်ပိုဝယ်လာသူတွေကို ပြန်လွှတ်တာတွေရှိပါတယ်။သို့မဟုတ် အရမ်းဖြေရှင်းရခက်အောင် မေးခွန်းတွေနဲ့ ရစ်ပါတယ်။ အင်္ဂလိပ်စာအရမ်းကောင်းပြီးလည်လည်ဝယ်ဝယ်ရှိမှ သာသူတို့ ရစ်တာကို ဖြေရှင်းနိုင်မှာပါ။ စင်္ကာပူက အလုပ်တွေရှာမယ်ဆိုရင် အွန်လိုင်းကနေလျှောက်တာပို သေချာပါတယ်။ www.jobdb.com /www.jobstreet.com/www.jobcentral.com/http://www.stjobs.sg တို့မှာအလုပ်လျှောက်နိုင်ပါတယ်။စင်္ကာပူနိုင်ငံထုတ် Strait Timeသတင်းစာမှာလည်း အလုပ်ရှာနိုင်ပါတယ်။စနေနေ့ထုတ်သတင်းစာတွေမှာအလုပ်ခေါ်တာတွေ အများဆုံးပါပါတယ်။ အဆင်ပြေပါစေဗျာ။

      Delete
  2. စင်္ကာပူကို အလုပ်လာရှာမယ်ဆိုရင် ၁ လပိုင်းပထမအပတ်မှ ၂လပိုင်း Chinese News မတိုင်မှီနဲ့ ၆ လပိုင်းပတ်ဝန်းကျင်လောက်မှာ အလုပ်ရှင်တွေ လူခေါ်တာများပါတယ်။ကိုယ့်ရထား တတ်ထားတဲ့  လုပ်ငန်းအတွေ့ အကြုံ နှင့် ပညာအရည်ချင်းဖြင့် အလုပ်ရှာတာ တော့အကောင်းဆုံးပေါ့။ အခုခေတ်ကာလမှာ လူလိမ်တွေက ဦးချိုမပါတော့ အမှန်ထက် အတုယောင်တွေက ပိုများနေပါတယ်။စင်္ကာပူကိုလာမယ်ဆိုရင်တော့ နိုင်ငံခြားသားထက် မြန်မာအချင်းချင်းကို အထူးသတိထားပါ လုံဝမယုံပါနဲ့ ။မြန်မာအေးဂျင့်တွေလည်း အလုပ်ရဖို့ မကူညီနိုင်ပါဘူး။ အသိမိတ်ဆွေတွေ မြန်မာအေးဂျင့်က လိမ်သွားတာတွေရှိပါတယ်။ စတေးရှောင်ရင်လဲ မြန်မာအေးဂျင့်တွေက လိမ်ပါတယ်။အလုပ်လာရှာလို့ ၁ လ စတေးရပြီးလို့ ဒုတိယတစ်လ နေထိုင်ခွင့်တစ်လ ထပ်တိုးလို့မရခင်ရင်တောင် သူတပါးအိမ်နီးချင်နိုင်ငံကိုစတေးရှောင်တာထက် ကိုယ့်မြန်မာနိုင်ငံပြန်တာ ငွေအကုန်ကျ တူတူလောက်ပါပဲ။ပြီးတော့ ပိုစိတ်ချရပါတယ်။ စတေးရှောင်ပြီး ပြန်အ၀င်မှာ Black List ဖြစ်တဲ့သူတွေလည်းရှိပါတယ်။အခုအချိန်ခါမှာ စင်္ကာပူအစိုးရက မြန်မာတွေကို အလုပ်လုပ်ခွင့် ပါမစ် သိပ်မထုတ်ပေးတော့ပါဘူး။အလုပ်ရခဲ့ရင်တောင် ပါမစ်ရဖို့ ခက်နေတဲ့အချိန်မှာ အေးဂျင့်အပ်လိုက်ရင်လည်းအေးဂျင့်က အနည်းဆုံး၅၀၀ လောက် ရိတ်သွားပါလိမ့်မယ်။ အလည်အပတ်နှင့်အလုပ်လာရှာသူများ www.jetstar.com မှာလေယာဉ်လက်မှတ်ဝယ်ပြီး Date Change/Flight Change နေရာမှာ $30 ပေးရတာကို Add လုပ်ပြီး ပိုဝယ်ထား၇င် စင်္ကာပူမှာ ဒုတိယလ စတေးရခဲ့ရင် သိုမဟုတ် အလုပ်ရခဲ့လျှင် Flight Date Change လို့ ရပါတယ်။ စင်္ကာပူ ဗီဇာက အရမ်းကြပ်နေပါတယ်။ ၁ လလက်မှတ်ဝယ်ထားတာပြမှ Visa ထုတ်ပေးပါတယ်။(မြန်မာနိုင်ငံက ပွဲစားနဲ့ ပိုင်တဲ့သူနဲ့ ဗီဇာရအောင်လုပ်ရင်တော့ ကျနော်လည်းမပြောတတ်ပါဘူး)။ ယေဘုယျအားဖြင့် စင်္ကာပူလေယာဉ်ကွင်းမှာ ၁ လလက်မှတ်ထက်ပိုဝယ်လာသူတွေကို ပြန်လွှတ်တာတွေရှိပါတယ်။သို့မဟုတ် အရမ်းဖြေရှင်းရခက်အောင် မေးခွန်းတွေနဲ့ ရစ်ပါတယ်။ အင်္ဂလိပ်စာအရမ်းကောင်းပြီးလည်လည်ဝယ်ဝယ်ရှိမှ သာသူတို့ ရစ်တာကို ဖြေရှင်းနိုင်မှာပါ။ စင်္ကာပူက အလုပ်တွေရှာမယ်ဆိုရင် အွန်လိုင်းကနေလျှောက်တာပို သေချာပါတယ်။ www.jobdb.com /www.jobstreet.com/www.jobcentral.com/http://www.stjobs.sg တို့မှာအလုပ်လျှောက်နိုင်ပါတယ်။စင်္ကာပူနိုင်ငံထုတ် Strait Timeသတင်းစာမှာလည်း အလုပ်ရှာနိုင်ပါတယ်။စနေနေ့ထုတ်သတင်းစာတွေမှာအလုပ်ခေါ်တာတွေ အများဆုံးပါပါတယ်။

    ReplyDelete

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။