MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

အင်တာနက်မြန်နှုန်း လာမည့် နှစ်ဆန်းတွင် ပိုမြန်လာမည်ဟုဆို




၂ဝ၁၃ ခုနှစ်ဆန်းမှစ၍ အင်တာနက်မြန်နှုန်းများယခုထက် ပိုမိုမြန်ဆန် ကောင်းမွန်လာမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
”အခု ကျွန်တော်တို့လုပ်နေ တဲ့3G ဖုန်းလိုင်း တစ်သန်းစီမံကိန်း ပြီးသွားတာနဲ့ လာမယ့်ဇန်နဝါရီမှာ အင်တာနက်မြန်နှုန်းတွေကောင်း မွန်လာမှာပါ။ ဒီအပြင် ရေအောက် ဖိုင်ဘာဆက်ကြောင်းSE-ME-WE 5 ကိုလည်း ၅လအတွင်း အပြီးချိတ်ဆက်မှာဖြစ်တဲ့အတွက် လာမယ့်နှစ် မှာ အင်တာနက်မြန်နှုန်း မြန်ဆန် ကောင်းမွန်လာမှာ ပါ” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီ ယာချုပ်တစ်ဦးက ပြောသည်။လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေး လုပ်ငန်းအနေဖြင့် အင်တာနက် မြန်နှုန်း ကောင်းမွန်ရေး အတွက် 3G ဖုန်း လိုင်းတစ်သန်းကို ရတနာ ပုံတယ်လီပို့၊ Huawei, ZTEနှင့် ASP ကုမ္ပဏီများနှင့် ပူးပေါင်း၍ ယခုလ အတွင်း စတင်ဆောင်ရွက် လျက်ရှိသည့်အပြင် ရေအောက် ဖိုက်ဘာ ဆက်ကြောင်း SE-ME-WE 5 ကိုလည်း ယခုလအတွင်း မှာပင်
စတင် သွယ်တန်းတော့မည်ဟု သိရသည်။ ”ဝန်ကြီးလည်း ပြောထား တယ်။
 မြန်နှု န်းမကောင်းရင်လျော် ကြေးပြန်ပေးမယ်ဆိုတဲ့ အတိုင်း အင်တာနက်မြန်နှုန်းကို စဉ်ဆက် မပြတ် တဖြည်းဖြည်းတိုးမြှင့်ဆောင် ရွက်သွားဖို့ ရှိပါတယ်”ဟု ၄င်းက ဆက် လက်ပြောသည်။ ယင်းသို့ အင်တာနက် မြန်နှုန်း များတိုးမြှင့်ဆောင်ရွက်ရာတွင် ဖိုင် ဘာဆက်ကြောင်း SE-ME-WE 5 ကို နိုင်ငံပေါင်း ၁၈ နိုင်ငံနှင့်ပူးပေါင်း သွယ်တန်း သွားမည်ဖြစ်ပြီး အင်တာ နက်Bandwidth ပမာဏကိုလည်း တိုးမြှင့် ယူဆောင်သွားမည်ဖြစ် ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင်လက်ရှိ အင် တာနက် သုံးစွဲခွင့်ပေး ထားသည့်Bandwidth ပမာဏမှာ 14GB သာရှိပြီးADSL အင်တာနက်သုံးစွဲ သူဦးရေမှာ သုံးသောင်းနီးပါး၊ Wimax အင်တာနက်လိုင်းသုံးစွဲသူ နှစ်ထောင်ကျော်၊ FTTX စနစ်သုံးစွဲ သူနှစ်ထောင်ကျော်နှင့် မိုဘိုင်း အင် တာနက်သုံးစွဲသူမှာ သုံးသောင်း ကျော်ခန့် ရှိကြောင်း ယခုနှစ်ဧပြီလ တွင် ထုတ်ပြန်ထားခဲ့ပြီး လာမည့် ၂ဝ၁၃ ခုနှစ်တွင် အင်တာနက် သုံးစွဲသူ သုံးသန်းကျော်ရှိအောင် ဆောင်ရွက်သွားမည်ဟု မြန်မာ့ ဆက်သွယ်ရေးမှ သိရသည်။လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံတကာအင်တာနက် အိတ်ချိန်း တစ်ခု၊ အင်တာနက်ဝန်ဆောင်မှု ထောက်ပံ့သည့် (ISP) နှစ်ခုနှင့် ၄င်း (ISP) နှစ်ခုမှ အင်တာနက် ချိတ်ဆက်ထားသူ ငါးသောင်းကျော် ရှိပြီး ယင်းမှတစ်ဆင့် အင်တာနက် Accessဝေမျှသုံးစွဲသူမှာ လေးသိန်း ခန့်ရှိကြောင့် ဆက်သွယ်ရေးလုပ် ငန်းမှ ခန့်မှန်းတွက်ချက်မှုများအရ သိရသည်။


PN-052
Popular News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။