MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 3, 2012

ဦးဂမ္ဘီရ(ခေါ်)ကိုညီညီလွင်ကို ဖမ်းဆီးပြီး အင်းစိန်အကျဉ်းထောင်ပို့

မနေ့ကညနေပိုင်းမှာ သင်္ဃန်းကျွန်း ရဲစခန်းကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဦးညီညီလွင်(ခေါ်)ဦးဂမ္ဘီရကို သန်လျှင်ရဲစခန်းက ထပ်မံခေါ်ဆောင်သွားပြီး ဒီဇင်ဘာလ ၁ရက်နေ့ ညတွင်းချင်းမှာပဲ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
ဦးညီညီလွင်ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ (၄၄၈)၊ အကျိုးဖျက်ဆီးမှု ပုဒ်မ (၄၄၇)၊ ပုဒ်မ(၄၅၄) တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ သင်္ဃန်ကျွန်းမြို့နယ် ရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပြီး မိသားစုက ထပ်မံ စုံစမ်းချက်အရ သန်လျှင်မြို့နယ်မှာလည်း ပြစ်မှုကျူးလွန်တာမျိုးရှိတယ်ဆိုပြီး အဲဒီကို ထပ်မံခေါ်ဆောင်သွားတာလို့ ဦးညီညီလွင်ရဲ့ မိသားစုဝင် ကိုအောင်ကျော်ကျော်က အခုလို ပြောပါတယ်။
"သင်္ယန်းကျွန်းရဲစခန်းမှူး ရဲအုပ်သန်းဇော်ဦး ဦးဆောင်တဲ့ ၁၅ ယောက်အဖွဲ့က လာဖမ်းတာပါ၊ မနက်ကျတော့ ကျွန်တော်တို့က သင်္ယန်းကျွန်းရဲစခန်းကိုသွားတော့ စခန်းမှူးက ဦးဂမ္ဘီရကို ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ထားတယ်ပြောတယ်၊ ဒီတော့ ကျွန်တော်တို့က တွေ့ချင်တယ်ပြောတော့ သန်လျင်ရဲစခန်းကို လွဲအပ်ထားပါတယ်လို့ပြောတယ်၊ သန်လျင်ရဲစခန်းသွားတော့ ရဲအုပ်မြင့်ကျော်က ပုဒ်မတွေတော့ တိတိကျကျမပြောပေမယ့် ပိုင်နက်ကျူးလွန်မှုနဲ့ ညတွင်းချင်းပဲ အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ ပြောတယ်"
ဆေးဝါးကုသမှုခံယူဖို့၊ နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့ဆုံဖို့အတွက် ရန်ကုန်ကိုရောက်ရှိနေချိန်မှာ အခုလို
အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
အခုလို ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဦးညီညီလွင်ဟာ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတော်တစ်ပါးဖြစ်ပြီး တော်လှန်ရေးအပြီးမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ၂ဝ၁၂ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ မြောင်းမြအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။


RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။