MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 7, 2012

သမ္မတ ဦးသိန်းစိန် နိုင်ငံခြားခရီးစဉ်တွေ ကို ရွှေ့ဆိုင်း

2012-12-07
သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် သီတင်းပတ်အတွင်း သွားရောက်ဖို့ စီစဉ်ထားတဲ့ သြစတေးလျနဲ့ နယူးဇီလန် နိုင်ငံခရီးစဉ်တွေ ကို ရွှေ့ဆိုင်းလိုက်ကြောင်း သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
Photo: President Office Website
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ဒီဇင်ဘာလ ၃ ရက်နေ့က ဘရူးနိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်စဉ်
သြစတေးလျအစိုးရရဲ့ ဖိတ်ကြားချက်အရ ဦးသိန်းစိန် ဟာ  ရှေ့လာမယ့် တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ကင်ဘာရာမြို့နဲ့ ဆစ်ဒနီမြို့တွေကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတာဖြစ်ကြောင်း၊ ဒါပေမဲ့ လောလောဆယ် ပြည်တွင်းရေးကိစ္စတွေ ဆောင်ရွက်စရာရှိတဲ့အတွက် ခရီးစဉ်ကိုရွှေ့ဆိုင်းဖို့
ဆုံးဖြတ်လိုက်ကြောင်း သြစတေးလျ ဝန်ကြီးချုပ် Juila Gillard ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက နယူးဇီလန် ဝန်ကြီးချုပ် မစ္စတာ John Key မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်အတွင်း ဦးသိန်းစိန် ကို အလည်အပတ်လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ မစ္စတာ John Key ဟာ ၅၄ နှစ်အတွင်း ပထမဆုံးလာရောက်တဲ့ နယူးဇီလန် အစိုးရအကြီးအကဲ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ကတော့ ဘရူနိုင်း ဒါရူဆလမ် နိုင်ငံကို နှစ်ရက်ကြာသွားရောက်ခဲ့ပြီး ဒီဇင်ဘာ ၅ ရက်နေ့က နေပြည်တော်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ လာအိုနဲ့ ဘရူနိုင်း ခရီးစဉ်ပြီးရင် သြစတေးလျနဲ့ နယူးဇီလန် နိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်ထားခဲ့ပေမဲ့၊ အဲဒီခရီးစဉ်တွေကို မနေ့က ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။

နှစ်ဦးနှစ်ဘက် အဆင်ပြေမယ့်အချိန်ကို သက်ဆိုင်ရာနိုင်ငံတွေနဲ့ ပြန်လည်ညှိနှိုင်းသွားမယ်လို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ ခရီးစဉ်ရွှေ့ဆိုင်းရတဲ့အကြောင်းရင်းကို ဖေါ်ပြမထားပါဘူး။


RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။