MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 22, 2012

ကမ္ဘာကျော် ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ မြန်မာနိုင်ငံသို့ ရောက်ရှိ

211
ကမ္ဘာကျော် ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ဂာာနှင့် တရားပြဆရာ၊ ယောဂီ ၁၀၀ ကျော်သည် ယနေ့ (ဒီဇင်ဘာလ ၂၁ရက်နေ့) ညနေ ၄ နာရီမိနစ် ၄၀ အချိန်တွင် အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့မှ ရန်ကုန်မြို့သို့ MAI စင်းလုံးငှားလေယာဉ်ဖြင့် ရောက်ရှိလာကြောင်း သိရသည်။ ဆရာကြီး ဦးဂိုအင်ကာ၏ ယခုခရီးစဉ်ကို ဂိုအင်ကာမျိုးဆက် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှ ယခုကာလအထိကို ရည်ညွှန်းပြီး "ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ/135 Years In Dhamma Land" ဟု အမည်ပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အချိန်အတွင်း ဒီဇင်ဘာလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့ ညနေ ၅နာရီ မိနစ် ၃၀ အချိန်တွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ "ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ/135 Years In Dhamma Land" ဓမ္မဟောပြောမှုကို နှစ်ရက်တိုင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲကို ဟောပြောပွဲနေ့များ၏ ည ၇ နာရီအချိန်တွင် Channel 7 ရုပ်သံလိုင်းမှ ထုတ်လွှင့်
ပြသပေးမည်ကြောင်းနှင့် MRTV-4 ရုပ်သံလိုင်းတွင် နောက်နေ့များ ဖြစ်သော ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့်
ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၃၀ အချိန်နှင့် မွန်းလွဲ ၁ နာရီအချိန်တို့တွင် ထပ်မံ ထုတ်လွှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဆရာကြီး ဦးဂိုအင်ကာ၏ မြန်မာနိုင်ငံ ခရီးစဉ်သို့ အိန္ဒိယမှ လိုက်ပါလာသော တရားပြဆရာ၊ ယောဂီ ၁၀၀ ကျော်နှင့်အတူ နိုင်ငံအသီးသီးမှ တရားပြဆရာ၊ ယောဂီ ၅၀၀ ကျော်မှာလည်း မိမိတို့ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး လိုက်ပါကြမည် ဖြစ်ကြောင်း သိရသည်။

ဆရာကြီး ဦးဂိုအင်ကာနှင့် အတူ လိုက်ကြမည့် အိန္ဒိယနှင့် နိုင်ငံတကာမှ တရားပြဆရာ၊ ယောဂီ ၆၀၀ ကျော်သည် ဒီဇင်ဘာ၂၃ရက်နေ့ နံနက် ၅နာရီ မိနစ် ၃၀ အချိန်မှာတော့ ရွှေတိဂုံဘုရား အောင်မြေမှာ စုပေါင်း တရားထိုင်ကြမည် ဖြစ်ပြီး ဓမ္မနိုင်ငံမှာ ၁၃၅နှစ်ကြာ အထိမ်းအမှတ် အဖြစ် သံဃာတော် ၁၃၅ပါးအား နေ့ဆွမ်း ကပ်လှူဒါန်းခြင်းကို ရန်ကုန်မြို့ရှိ ဓမ္မဇောတိ ရိပ်သာ၌ ပြုလုပ်ကြမည်ဟု သိရသည်။

ဆရာကြီးနှင့် လိုက်ပါလာသည် နိုင်ငံတကာ ယောဂီ ၆၀၀ကျော်သည် ဒီဇင်ဘာ၂၄ရက်မှ ၂၉ ရက်နေ့ အထိ ကျိုက်ထို ၊ မန္တလေး ၊ မေမြို့ ၊ မုံရွာနှင့် ကျောက်ဆည် မြို့တွေကို ဓမ္မခရီးများ ထွက်ပြီး စုပေါင်း တရားထိုင်မှုများ ပြုလုပ်ကြမည်ဖြစ်ကာ အဆိုပါ ခရီးစဉ်များသို့ ကျန်းမာရေး အခြေအနေကြောင့် ဆရာကြီး ဂိုအင်ကာ လိုက်ပါမည် မဟုတ်ကြောင်း သိရသည်။ ဆရာကြီး ဦးဂိုအင်ကာနှင့် အတူ မြန်မာနိုင်ငံသို့ လာရောက်သည့် တရားပြဆရာ၊ ယောဂီများသည် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံက ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

အသက် ၈၈ နှစ်ရှိပြီ ဖြစ်သော ဆရာကြီး ဦးဂိုအင်ကာကို ၁၉၂၄ ခုနှစ်က မြန်မာနိုင်ငံ မန္တလေးမြို့၌ မွေးဖွားခဲ့ပါသည်။ ထိုနောက် အလွန်အောင်မြင်သော စီးပွားရေးသမားဘ၀သို့ ရောက်ရှိခဲ့ကာ ၀ိပဿနာ တရားပြဆရာကြီး ဦးဘခင်၏ သင်ကြားမှုဖြင့် ၁၄ နှစ်ကြာ တရားကျင့်ကြံခဲ့ ပါသည်။ ၁၉၆၉ ခုနှစ်မှ စတင်ပြီး အိန္ဒိယနိုင်ငံတွင် ၀ိပဿနာ တရားများ ဆက်တိုက် ပြသခဲ့ရာမှ ကမ္ဘာကျော် ၀ိပဿနာ တရားပြဆရာ ဖြစ်လာခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ကမ္ဘာအနှံ့ နိုင်ငံပေါင်း များစွာတွင် အမြဲတန်း တရားရိပ်သာ ၁၅၀ ကျော်နှင့် ယာယီရိပ်သာပေါင်း များစွာ ဖွင့်လှစ်ထားပြီး လက်ထောက် တရားပြဆရာပေါင်း ၁၀၀၀ ခန့်ကို မွေးထုတ်ကာ တရားဓမ္မ ပြန့်နှံရေးများကို လုပ်ဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ထောင်တွင်း တရားရိပ်သာ သုံးခု အပါအ၀င် တရားရိပ်သာ ပေါင်း ၁၅ ခု ဖွင့်လှစ်ထားပြီး ယာယီတရားရိပ်သာ များလည်း ဖွင့်လှစ်ထားသည်။

ဆရာကြီး ဦးဂိုအင်ကာ၏ အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိ ၀ိပဿနာ အဖွဲ့ကြီးမှ ဖွင့်လှစ်ထားသေား ကမ္ဘာတ၀ှမ်း တရားရိပ်သာများတွင် နှစ်စဉ် ယောဂီ တစ်သိန်းကျော် တရားဝင်ရောက် အားထုတ်လျက် ရှိနေကြောင်း သိရှိရပါသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။