MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, December 14, 2012

အက်ဆစ်ထိမိပြီး ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်လေးဦးအား ကျန်းမာရေးစစ်ဆေးမှု သတင်းထုတ်ပြန် ၊ ကလေးငယ်များအား မည်သူနှင့်မျှ တွေ့ဆုံခွင့်ပြုမထား

thn-14-12-5
ရန်ကုန်ကလေးဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် ကလေးငယ်များအား ဒီဇင်ဘာလ၁၂ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုနေစဉ် ဓါတ်ပုံ - Sunny

လက်ပံတောင်းတောင် နယ်မြေဒေသအတွင်း အက်ဆစ်ထိမိပြီး ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်လေးဦးအား ကျန်းမာရေးစစ်ဆေးမှု သတင်းထုတ်ပြန်ချက်ကို ဒီဇင်ဘာလ၁၄ရက်နေ့က နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ခြင်းမဟုတ်ဘဲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ရန်ကုန်ကလေးဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော
အဆိုပါ ကလေးငယ်များထံသို့ ဒီဇင်ဘာလ၁၂ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်ရက်အကြာတွင်
ထိုသို့ ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

သတင်းထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီတောင်းခံမှုဖြင့် အက်ဆစ်ထိမိပြီး ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်လေးဦးအား ကျန်းမာရေးဝန်ကြီးဌာနက ရန်ကုန်ကလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ ကလေးငယ်များသည် ရန်ကုန်ကလေးဆေးရုံကြီးသို့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးငယ်များအား ကျန်းမာ ရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် မယွန်းဝတီ(၁နှစ်၁၀လ)၊ မောင်ကောင်းထက်ဇော်(၈နှစ်)၊ မစန်းယုမော်(၂နှစ်၎လ)တို့မှာ သူငယ်နာအကြောနှင့် ကြွက်သားအားနည်းရောဂါများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ မဇင်မာဆွေ(၁၆နှစ်)မှာ လွန်ခဲ့သည့် ငါးနှစ်က ဦးနှောက်အကျိတ်ခွဲစိတ်ခဲ့ပြီး မျက်စိတဖြည်းဖြည်းမှုန်၍ လုံးဝကွယ်သွားခြင်းဖြစ်ကြောင်းနှင့် ကလေးငယ်အားလုံးမှာ ''အက်ဆစ်ကြောင့်ဖြစ်သည့် ရောဂါများ မတွေ့ရှိရကြောင်း'' သတင်းထုတ်ပြန်ချက်က ဆိုသည်။

ကလေးငယ်များနှင့်ပတ်သက်၍ ''သတင်းထုတ်ပြန်တာတောင်မှ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တာမဟုတ်ဘူး။ သတင်းထုတ်ပြန်ရေးအဖွဲ့က တိုက်ရိုက်ထုတ်ပြန်တာ။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သတင်းထုတ်ပြန်ခွင့်မရှိဘူး။ အ ထူးသဖြင့် ကလေးတွေကို ဘယ်သူနဲ့မှ ပေးမတွေ့ပါနဲ့လို့ မှာထားတာရှိပါတယ်။ ဒါတိကျသော ညွှန်ကြားချက်ပဲ။ ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီးက ညွှန်ကြားထားတာ''ဟု ရန်ကုန်ကလေးဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ကလေးငယ်များမှာ စီမံကိန်းနှင့် အနီးစပ်ဆုံးရွာမှ ကလေးငယ်များဖြစ်ကြောင်းနှင့် ဖြစ်ပွားသော ရောဂါများမှာ အက်ဆစ်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမျိုးမဟုတ်ဘဲ မြေအောက်ရေနှင့်အတူ ဓာတ်ပြုပြီးနောက် အဆိုပါရေများ သောက် သုံးမိသူများမှာ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားတတ်ကြောင်း ၊လက်ရှိကလေးငယ်များ ဖြစ်ပွားနေသည့် ရောဂါများနှင့် တိုက်ဆိုင်နေကြောင်း၊ ကြေးနီစီမံကိန်းတွင် ဓာတုဗေဒဓာတ်ပစ္စည်းများ ထွက်ပေါ်နိုင်ကြောင်း၊ယင်းပစ္စည်းများသည် ဦး နှောက်၊ နှလုံး၊ကင်ဆာရောဂါ၊ အာရုံကြောဆိုင်ရာ ရောဂါများနှင့် အခြားရောဂါများပါ ဖြစ်ပွားနိုင်ကြောင်း ဓါတုဗေဒပညာရှင် ဒေါက်တာ ခင်မောင်ညိုက သုံးသပ်ပြောကြားခဲ့ပါသည်။

''တကယ့်တကယ်တော့ ဒီသတင်းထုတ်ပြန်ချက်က မှားတယ် လို့တော့ ပြောလို့မရဘူး။ သို့သော် ဒီရောဂါတွေက အက်ဆစ်နဲ့ တိုက်ရိုက်ထိတာကြောင့် မဟုတ်ဘူး။ ပညာရှင်အနေနဲ့ကလည်း ဒါကြီးက မပြောရင် မကောင်းဘူး။ အက်ဆစ်ကတော့ မီးလောင်တယ်။ ရှုမိရင် အသက်ရှုကြပ်တယ်။ ဒါပဲရှိတယ်။ အက်ဆစ်က Heavy metal ကြောင့် မြေထဲက သောက်သုံးရေထဲကို ရောက်သွားစေနိုင်တဲ့အတွက် ဖြစ်ရတာ။ ကလေးတွေမှာ အရင်သက်ရောက်တာ။ ကြာရင်တော့ လူကြီးတွေပါ ဒီလိုရောဂါမျိုး ဖြစ်လာနိုင်တယ်။ အဲဒီ Heavy Metal တွေက ခန္ဓာကိုယ်ထဲကို ၀င်သွားရင် ဘယ်တော့မှ ပြန်မထွက်တော့ဘူး။အဓိက အစားအသောက် ရေကတစ်ဆင့်ဝင်တယ်။တစ်ဖြည်းဖြည်းနဲ့ စုပြီး နှစ်ပေါင်းကြာလာရင် Heavy Metal တွေကြောင့် ဖြစ်နိုင်တဲ့ ရောဂါတွေ ပိုများလာလေပဲ ။ သတ္တုတူးတဲ့ လုပ်ငန်းမှာ အက်ဆစ်သုံးခြင်းဖြင့် ဖြစ်လာတဲ့နောက်ဆက်တွဲ ရောဂါတွေလို့ ပြောရင်တော့ ဖြစ်နိုင်ပါတယ်''ဟု
 ဒေါက်တာခင်မောင်ညိုက ပြောကြားခဲ့ပါသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။