MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 12, 2012

ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေးကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားဆောက်ရန် စိတ်ဝင်စားကြောင်း လာရောက်ဆွေးနွေး

12
ကမ်းနားလမ်းတစ်လျှောက်နှင့် ဒလဘက်အခြမ်းကို တွေ့မြင်ရစဉ်

ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုနှင့် ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်ရန် စိတ်ဝင်စားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် လာရောက်ဆွေးနွေးခဲ့သည်ဟု သိရသည်။
ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ယင်းလုပ်ငန်းများနှင့် ပတ်သက်၍ လာရောက်တင်ပြ ဆွေးနွေးရာတွင် ဒလဘက်ခြမ်းအား ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရှိရသည်။ ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက ၎င်းတို့ပြုလုပ်လိုသည့် ဒလအိမ်ရာစီမံကိန်း၊ ဒလအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် ရန်ကုန်ဒလ ဆက်သွယ်သည့်တံတား ဆောက်လုပ်ရန် လုပ်ငန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ခွင့်ပြုပါက ကုမ္ပဏီ၏ အစီအစဉ်ဖြင့် လေ့လာတိုင်းတာမှု လုပ်ငန်းများ ပြုလုပ်သွားမည်ဖြစ်ပြီး စီမံကိန်းများ အတွက်ပါ Proposal တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒလဘက်ခြမ်းတွင် အိမ်ရာစီမံကိန်း တည်ဆောက်ပါက ကိုရီးယားနိုင်ငံတွင် အခြေစိုက်သည့် အမေရိကန် ကုမ္ပဏီ (OPIC-Overseas Private Investment Corporation) ၏ အကူအညီဖြင့် ငွေချေးယူကာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဟန်ရှင်းကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လိုလျှင်လည်း...
ဒလဘက်ခြမ်းတွင် အိမ်ရာစီမံကိန်း တည်ဆောက်ပါက ကိုရီးယားနိုင်ငံတွင် အခြေစိုက်သည့် အမေရိကန် ကုမ္ပဏီ (OPIC-Overseas Private Investment Corporation) ၏ အကူအညီဖြင့် ငွေချေးယူကာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဟန်ရှင်းကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လိုလျှင်လည်း သဘောတူသည်ဟု ဟန်ရှင်းကုမ္ပဏီဘက်က တင်ပြခဲ့သည်။
ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီက တင်ပြလာမှုအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ ဟန်ရှင်းကုမ္ပဏီက အဆိုပါလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အမေရိကန်ဒေါ်လာသန်း ၂၅၀ ခန့် အသုံးပြုသွားရန် ခန့်မှန်းထားသည်ဟုလည်း သိရသည်။
ဟန်ရှင်းဆောက်လုပ်ရေး ကုမ္ပဏီသည် ကိုရီးယားနိုင်ငံ၏ ထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည်ဟု သိရသည်။
ထို့ပြင် ရန်ကုန်-ဒလ ဆက်သွယ်သည့် ရန်ကုန်မြစ်ဖြတ် မြစ်ကူးတံတား လေးစင်းဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ကိုရီးယားတို့ လေ့လာတိုင်းတာမှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။