MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 15, 2012

ငွေလဲနှုန်းအား နှုန်းရှင်အဖြစ် ပြောင်းလဲခဲ့ပြီးနောက်ပိုင်း အောက်တိုဘာလမှစ၍ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်နေ

ha-15-12-1
ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ပြောင်းလဲပြီးနောက်ပိုင်း အောက်တိုဘာလမှစတင်၍ နိုင်ငံခြားငွေလဲနှုန်း အတက်အကျ အနည်းပါးလျက်ရှိကြောင်း ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိထားသော နိုင်ငံခြားငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။
'' နိုင်ငံခြားငွေလဲလှယ်မှုနှုန်းမှာ အခု ၈၄၄ ကျပ်ဝန်းကျင် ပုံမှန်သွားနေမှာပါ။ စိုးရိမ်စရာမရှိပါဘူး '' ဟု သမ၀ါယမလိမိတက်ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားခဲ့ပါသည်။
ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် စတင်သတ်မှတ်သော ဧပြီလအတွင်း နိုင်ငံခြားငွေလဲနှုန်းတွင် မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာငွေ တန်ဖိုးမှာ အမေရိကန်တစ်ဒေါ်လာလျင် ၈၁၅ ကျပ်ဝန်းကျင်တွင်ရှိခဲ့ပြီး အနိမ့်ဆုံး ၈၁၀ ကျပ်မှ အမြင့်ဆုံး ၈၁၇ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။ မေလပထမပတ်အတွင်း အမေရိကန်တစ်ဒေါ်လာ
တန်ဖိုးမှာ ၈၁၈ ကျပ်ရှိလာပြီး မေလနောက်ဆုံးပတ်တွင် အမေရိကန်တစ်ဒေါ်လာ ၈၃၇ ကျပ်ထိ မြင့်တက်လာကြောင်း၊ ဇွန်လဒုတိယပတ်တွင် အမေရိကန်တစ်ဒေါ်လာတန်ဖိုးမှာ ၈၄၄ ကျပ်ရှိလာခဲ့ပြီး ဇွန်လနောက်ဆုံးပတ်တွင် အမေရိကန်တစ်ဒေါ်လာ ၈၇၅ ကျပ်ထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရပါသည်။
ဇူလိုင်လပထမပတ်မှ တတိယပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွင် အမေရိကန်ဒေါ်လာငွေ အမြင့်ဆုံးတန်ဖိုးမှာ ၈၇၈-၈၈၃ ကျပ်ဝန်းကျင်ထိ ရှိလာခဲ့ပြီး သြဂုတ်လဆန်းပိုင်းမှစတင်ကာ အမေရိကန်တစ်ဒေါ်လာတန်ဖိုးမှာ ၈၆၅-၈၆၇ ကျပ်ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။
စက်တင်ဘာလ ဒုတိယပတ်မှစ၍ သိမ်ဖြူငွေလဲကောင်တာ၌ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းတွင် အမေရိကန်တစ်ဒေါ်လာတန်ဖိုးမှာ ၈၅၉-၈၆၀ ကျပ်ဝန်းကျင်သို့ ကျဆင်းလာခဲ့ပြီး ပြင်ပဈေးကွက် ပေါက်ဈေးမှာ ၀ယ်ဈေး -၈၄၆- ရောင်းဈေး ၈၄၉ ကျပ်ဝန်းကျင်သာရှိကြောင်း သိရပါသည်။ ထို့အတူ ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းနှင့် ပြင်ပပေါက်ဈေးကွာဟချက် ပိုမိုများပြားလာပြီး စက်တင်ဘာ ၁၉ ရက်နေ့ ဗဟိုဘဏ်သတ်မှတ်ဈေးမှာ အမေရိကန်တစ်ဒေါ်လာလျင် ၈၆၅ ကျပ်ဖြစ်လာခဲ့သည်။
အောက်တိုဘာလမှစတင်၍ ဒီဇင်ဘာလ ဒုတိယပတ်ထိ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းတွင် ပျမ်းမျှအမေရိကန်တစ်ဒေါ်လာ တန်ဖိုးမှာ ၈၄၅-၈၅၃ ကျပ်ဝန်းကျင် ရှိလာခဲ့သည်။ ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ သတ်မှတ်ဈေးမှာ ၈၅၂ ကျပ်ဝန်းကျင်တွင် တည်ရှိနေပြီး ပြင်ပငွေလဲလှယ်နှုန်းနှင့် ၇ ကျပ်ထိ ဆက်လက်ကွာခြားလျက်ရှိကြောင်း သိရသည်။
တရားဝင်ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်း နှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်းတွင်လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်းဘောင်အတွင်းတွင်လည်းကောင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။