MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 13, 2012

လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲခဲ့မှုနှင့် ပတ်သက်၍ ရန်ကုန်၊မန္တလေး၊မုံရွာ၊ပခုက္ကူ၊စစ်တွေ စသည့်မြို့များတွင် ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့မှ သံဃာတော်များ ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်မှုပြုလုပ်

ဆန္ဒထုတ်ဖော်ခဲ့ကြသည့် သံဃာတော်များကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် တွေ့ရစဉ်thn-12-12-6
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်အားသုံးဖြိုခွင်းခဲ့မှုနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၂ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်၊မန္တလေး၊မုံရွာ၊ပခုက္ကူ၊စစ်တွေ စသည့်မြို့များတွင် ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့မှ သံဃာတော်များ ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။        
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများနှိမ်နင်းမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များဘက်မှ သံဃာထုတစ်ရပ်လုံးက ထောက်ခံရပ်တည်သည့်အနေဖြင့် ဒီဇင်ဘာလ ၈ရက်နေ့(တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ အမျိုးသားနေ့)တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ သံဃာတော်များမှ အချက်ငါးချက်ပါ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း  အစိုးရအဖွဲ့အနေဖြင့်
ထိရောက်မှုမရှိသည့် ဆောင်ရွက်ချက်များသာ လုပ်ဆောင်နေသည့်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည့် သံဃာတော်များက မိန့်ကြားခဲ့သည်။
thn-12-12-7
မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် သံဃာတော်များအား တွေ့မြင်ရစဉ်

သံဃာတော်များ တောင်းဆိုခဲ့ကြသည့် တောင်းဆိုချက်များမှာ (၁) အကြမ်းဖက်ခံ သံဃာထုအတွက် သံဃာထုတစ်ရပ်လုံး ကျေနပ်စေရန်  နိုင်ငံတော်သမ္မတအနေဖြင့် ပွင့်လင်းမြင်သာစွာ တောင်းပန်ပေးရေး (၂) အကြမ်းဖက်ခံ သံဃာထုနှင့် ပြည်သူလူထုအတွက် နိုင်ငံ့ခေါင်းဆောင်ကောင်း တစ်ယောက်အနေဖြင့် မှန်မှန်ကန်ကန် တာဝန်ယူပေးရေး (၃) လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်၍ ဖမ်းဆီးခံရသော ရဟန်းရှင်လူတို့အား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရေး (၄) ငြိမ်းချမ်းစွာဆန္ဒပြ ရဟန်းရှင်လူတို့အား  အကြမ်းဖက်နှိမ်နင်း ဖြိုခွင်းသော တာဝန်ရှိပုဂ္ဂိုလ်အားလုံးကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရေး (၅) အထက်ပါအချက်များအား မှန်မှန် ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရေးတို့ ဖြစ်ကြောင်း သိရသည်။      
သို့ရာတွင် အစိုးရအဖွဲ့အနေဖြင့် (၁) မုံရွာမြို့ ရွှေစည်းခုံဘုရားတွင် တောင်းပန်စဉ်က ကိုယ်ထိလက်ရောက် စော်ကားခဲ့သော ပုဂ္ဂိုလ်များ မပါဝင်ဘဲ တင်စီးစွာဖြင့် ၀တ်ကျေတန်းကျေသာ တောင်းပန်ခြင်း၊ ဒီဇင်ဘာလ ၇ရက်နေ့ ည ၈နာရီ သတင်းအစီအစဉ်တွင် အစော်ကားခံပုဂ္ဂိုလ်များနှင့် စော်ကားသောပုဂ္ဂိုလ်များမဟုတ်ဘဲ ကြားခံအနေဖြင့် မဆိုင်သူများက တောင်းပန်ခြင်း၊ ကျေအေးခွင့်လွတ်ခြင်းများ ပြုလုပ်ခြင်း (၂) ခေါင်းဆောင်က ခေါင်းရှောင်ပြီး မသိကျိုးကျွံပြုခြင်း၊ကျူးလွန်သော လက်အောက်ငယ်သားများကို ဖော်ထုတ်မပေးခြင်း (၃) အကြမ်းဖက်သော ပုဂ္ဂိုလ်များနှင့် အပေါင်းပါများကို ဖော်ထုတ်ခြင်း၊ဖမ်းဆီးခြင်းနှင့် အရေးယူမှုများ ပြုလုပ်မှုမရှိသေးခြင်း စသည်တို့ကိုသာ လုပ်ဆောင်နေခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။           
သံဃာတော်များ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ရာတွင် ''အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူပေးရေး'' ''သာသနာ့အန္တရာယ် တို့ကာကွယ်'' ''ခန္တီနှလုံးအစဉ်သုံးသော သံဃာထု၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲ'' ''မြန်မာပြည်သူများ ကျန်းမာချမ်းသာကြပါစေ၊ဘေးရန်အပေါင်းမှ ကင်းဝေးပါစေ'' ''သမိုင်းအမွေအနှစ်များ ဖျက်ဆီးခြင်းကို ချက်ခြင်းရပ်''စသည့်   ဆောင်ပုဒ်များ ကိုင်ဆောင်ပြီး တရားတော်များ ရွတ်ဖတ်ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ရာ သံဃာတော်များအား ပြည်သူများက ၀န်းရံပြီး လိုက်ပါခဲ့ကြောင်း သိရသည်။


Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။