MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, December 13, 2012

 တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအပါအ၀င် အိမ်နီးချင်း နိုင်ငံများတွင် ကလေးသူငယ်များမှာ လိင်လုပ်ငန်း၊ အတင်းအကြပ် လက်ထပ်စေခြင်း၊ ကလေးအလုပ်သမားများနှင့် သူတောင်းစားများအဖြစ် စေခိုင်းခြင်းများ စသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရင်ဆိုင်နေကြရ

127

ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေး ၀ိုင်းဝန်းကူညီစောင့်ရှောက်ပေး အခမ်းအနားတွင် ကလေးသူငယ်များမှ ဖျော်ဖြေတင်ဆက်နေစဉ်

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံများတွင် ကလေးသူငယ်များမှာ လိင်လုပ်ငန်း၊ အတင်းအကြပ် လက်ထပ်စေခိုင်ခြင်း၊ ကလေးအလုပ်သမားများနှင့် သူတောင်းစားများအဖြစ် စေခိုင်းနေခြင်းများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရင်ဆိုင်နေရကြောင်းကို ‘ကလေးကူး သန်းရောင်းဝယ်မှု ပပျောက်ရေးဝိုင်း ၀န်းကူညီစောင့်ရှောက်ပေး’ အခမ်းအနားတွင် ကလေးကူးသန်းရောင်းဝယ်ရေး တားဆီးရေးကွန်ယက် (မြန်မာနိုင် ငံ)
မှအဖွဲ့ဝင်ဦးထက်မြတ်က ပြောကြားခဲ့ပြီး ယင်းအခမ်းအနားကို ဒီဇင်ဘာလ ၁၁ရက်နေ့တွင် (၅) ကြိမ်မြောက်အဖြစ် ရန်ကုန်မြို့ရှိ  Excel Tower တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ကို နိုင်ငံတကာက ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်တားဆီးရေးနေ့အဖြစ် သတ်မှတ်ထားပြီး လက်ရှိမြန်မာနိုင်ငံတွင်ရှိသော ကလေးများသည် စားဝတ်နေရေး ကြပ်တည်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ဘေးဒဏ်များကို ရင်ဆိုင်ကြုံတွေ့နေရပြီး၊ ပညာရေးအပါအ၀င် အခြေခံလိုအပ်ချက်များ နိမ့်ကျနေခြင်း၊ အသိပညာ ပေးမှုများ အားနည်းနေခြင်းတို့ကြောင့် မသမာသူများ၏ ကူးသန်းရောင်းဝယ်ခြင်းကို ခံစားနေရလျက်ရှိနေကြောင်း သိရှိရသည်။

128
ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေး ၀ိုင်းဝန်းကူညီစောင့်ရှောက်ပေး အခမ်းအနား ကျင်းပနေစဉ်
ကလေးကူးသန်းရောင်းဝယ်ရေး တားဆီးရေးကွန်ယက် (မြန်မာနိုင် ငံ) မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးထက်မြတ်က “ကလေးကူးသန်းရောင်းဝယ်မှုဟာ အနာဂတ်ကို ရောင်းစားခြင်းဖြစ်ပါတယ်။ အနာဂတ်အတွက် မရှိမဖြစ် အရေးပါလှတဲ့ ကလေးတွေကို အမြတ်ထုတ်ဖို့ ရည်ရွယ်ပြီး ကူးသန်းရောင်းဝယ်ခြင်းဟာ အမှန်တကယ် လူသားတို့ရဲ့ အနာဂတ်ကို အန္တရာယ်ပြုနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ အနာဂတ်တွေ လှပစေဖို့အတွက် ကလေးကူးသန်းရောင်းဝယ်မှုကို ၀ိုင်းဝန်းဆန့်ကျင် တားဆီးကြပါ။ ကလေးများကို ကူးသန်းရောင်းဝယ်ခြင်း ပပျောက်ဖို့အတွက် သက်ဆိုင်ရာ အစိုးရများမှာ တာဝန်ရှိပါတယ်။ လူမှုအသိုင်းအ၀ိုင်းမှာရှိတဲ့ လူတိုင်းလူတိုင်းမှာလဲ တာဝန်ကိုယ်ဆီ ရှိကြပါတယ်။ ကလေးတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ဥပဒေများကို ပြဌာန်းပေးခြင်းနဲ့ ချိုးဖောက်သူတွေကို တိတိကျကျ အရေးယူခြင်းတွေကို လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်” ဟု ပြောပြသည်။
ကလေးများကို ကူးသန်းရောင်းဝယ်ခြင်းသည် ကလေးအခွင့်အရေး ချိုးဖောက်ခြင်းပုံစံ တမျိုးဖြစ်ကြောင်းကို ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၏ အပိုဒ် (၃၅) တွင် အတိအလင်း ဖော်ပြထားပြီး ယင်းအပိုဒ်တွင် ကလေးများအား မည်သည့်နည်းလမ်း၊ မည်သည့် ရည်ရွယ်ချက်အတွက်ဖြစ်စေ ပြန်ပေးဆွဲခြင်း၊ ရောင်းချခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းတို့ မဖြစ်အောင် နိုင်ငံတော်အတွင်း၊ နိုင်ငံများအကြားနှင့် နိုင်ငံတကာတို့အလိုက် လိုအပ်သော လုပ်ဆောင်မှုများကို လုပ်ဆောင်ရမည်ဟု ဆိုထားကြောင်း သိရှိရပြီး ကလေးကူးသန်းရောင်းဝယ်မှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားပြီး နိုင်ငံအချင်းချင်း ပူးပေါင်းကာ အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် ရာဇ၀တ်မှု တားဆီရေး သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း သိရှိရသည်။

Eleven News





No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။