MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, December 18, 2012

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီရုပ်တု ၁၀ ခုအား ထုလုပ်ထားကြောင်း သိရှိရ

ha-16-12-9
၂၀၁၀ ပြည့်နှစ်အတွက် ပေးအပ်ချီးမြှင့်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဆုရရှိသူများ
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီရုပ်တု ဆယ်ခုအား ထုလုပ်ထားသည်ဟု အကယ်ဒမီရွှေစင်ရုပ်အား တာဝန်ယူထုလုပ်သည့် ပီအောထွန်းရင်နှင့် သားများပန်းထိမ်လုပ်ငန်းမှ Weekly Eleven News Journal သို့ ပြောကြားခဲ့ပါသည်။ အဆိုပါ အကယ်ဒမီရုပ်တုများမှာ ရွှေစင်ကြယ်တပ်ဆင်ရန်သာ ကျန်ရှိတော့ပြီး ကျန်အပိုင်းများကို အချောသတ်ထုလုပ်ပြီးသွားပြီ ဖြစ်သည်ဟု သိရှိရသည်။
“ကျွန်တော်တို့က ၁၉၅၂  ခုနှစ်ကတည်းက အခုနှစ်အထိ နှစ်စဉ်အကယ်ဒမီရုပ်တုတွေ
ထုလုပ်ပေးဖြစ်ခဲ့တာပါ။ ဒီနှစ်အတွက်ကိုတော့ အကယ်ဒမီရုပ်တု ဆယ်ခုမှာတာကြောင့် ထုလုပ်ထားပါတယ်။ အချောသတ်အားလုံး ပြီးနေပါပြီ။ ရွှေစင်ကြယ်လေးကို တပ်ဖို့အဆင့်ပဲ ကျန်ပါတော့တယ်။ ရွှေကြယ်က ကျွန်တော်တို့မထုပါဘူး။ ဖလင်ဝိုင်းပေါ်မှာ နတ်သမီးလက်ကမ်းနေတဲ့ ပုံအဆင့်အထိပဲ ကျွန်တော်တို့ ထုပါတယ်။ ရွှေကြယ်ကိုတော့ သီးခြားလာတပ်ပါတယ်” ဟု အကယ်ဒမီရုပ်တုအား နှစ်စဉ်ဖန်တီးထုလုပ်ခဲ့သူ ပီအောဦးထွန်းရင်က ရှင်းပြခဲ့ပါသည်။
ပီအောဦးထွန်းရင်နှင့်သားများ ပန်းထိမ်လုပ်ငန်းသည် ၁၉၅၂ ခုနှစ်တွင် ပထမဆုံးအကြိမ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်စဉ်မှစတင်ကာ ယခုနှစ်အထိ နှစ်စဉ်ပေးအပ် ချီးမြှင့်ခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို ထုလုပ်ဖန်တီးခဲ့သူ ဖြစ်သည်။ ပထမဆုံးအကြိမ် ပေးအပ်ခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ငွေဒေါင်းရုပ်၊ ခြင်္သေ့ရုပ်၊ ကိန္နရာရုပ်များကို ထုလုပ်ဖန်တီးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းနှစ်များတွင် ဖလင်ဝိုင်းပေါ်၌ နတ်သမီးက ရွှေစင်ကြယ်ကို ဆွတ်ယူနေဟန် ပြောင်းလဲဖန်တီးခဲ့သည်။ အဆိုပါ ရုပ်တုများကို မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ရေးအဖွဲ့မှသာ ရွေးချယ်မှာယူခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ ၂၀၁၁ ခုနှစ်အတွက် ရွေးချယ်ပေးအပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ယခုနှစ်ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ ပြုလုပ်မည်ဖြစ်ပြီး ဆန်ခါတင်စာရင်းဝင် ၁၅ ကား အဆင့်သုံးဆင့်ဖြင့် စိစစ်အကဲဖြတ် ရွေးချယ်ပြီးဖြစ်သည်ဟု သိရှိရသည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။