MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, December 12, 2012

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် အဓိကဇာတ်ပို့ ၂၁ ဦး ရွေးချယ်မည်

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန်အတွက် အဓိကဇာတ်ပို့ ၂၁ ဦးကို ရွေးချယ်သွားမည်ဟု ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ သိရှိရပါသည်။
“ ဗိုလ်ချုပ်ဇာတ်ကားမှာ ပါဝင်မယ့် အဓိကဇာတ်ပို့တွေထဲက ၂၁ ဦးကို ရွေးချယ်သွားမှာပါ။ အဲဒီသရုပ်ဆောင်ရွေးချယ်မှုအတွက် ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေထဲက သရုပ်ဆောင်အတတ်ပညာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေပါဝင်မယ့် သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ရွေးမှာပါ” ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုဇော်သက်ထွေးက ဆိုပါသည်။
အဓိကဇာတ်ပို့များ ရွေးချယ်ရေးကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင်များနှင့် ဇာတ်ညွှန်းဖြစ်မြောက်ရေးအဖွဲ့ဝင်များ၏ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအစည်းအဝေးသို့  ဦးမိုးသူ၊ ဦးဇာဂနာ၊ ဦးစိမ်းနီ၊ ချစ်ဦးညို၊ ဒါရိုက်တာ ကြည်စိုးထွန်း၊ မင်းထင်ကိုကိုကြီး၊ ကိုဇော်သက်ထွေး၊ ကိုသူရကျော်၊ အိအိခိုင်၊
ကြည်ဖြူသျှင်နှင့် ထွန်းအိန္ဒြာဗိုတို့ တက်ရောက်ခဲ့သည်။
အဓိကသရုပ်ဆောင် ၂၁ ဦးမှာ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်လှမြိုင် (ဗိုလ်ရန်အောင်)၊ သခင်ရှုမောင် (ဗိုလ်နေ၀င်း)၊ သခင်နု၊ ဒေါက်တာဘမော်၊ ဂဠုန်ဦးစော၊ သခင်ထွန်းအုပ်၊ သခင်ဘစိန်၊ သခင်မြ၊ ဦးတင်ထွဋ်၊ သခင်စိုး၊ ဦးသိန်းဖေမြင့်၊ ဦးကျော်ငြိမ်း၊ သခင်လေးမောင်၊ ဒေါက်တာသိန်းမောင်၊ ကိုအုံး၊ ဦးညိုမြ၊ ဦးရာရှစ်၊ ဦးသီဟန်၊ ကိုဗဟိန်းနှင့် သခင်သန်းထွန်းတို့ ဖြစ်သည်။
ယင်းဇာတ်ပို့နေရာများတွင် သရုပ်ဆောင်ရန်အတွက် လက်ရှိအနုပညာလောကမှ သရုပ်ဆောင်များ၊ ဗိုလ်ချုပ်ရုပ်တူ လျှောက်ထားပြီး ရွေးချယ်ခြင်းမခံရသူများအနက် ကျရာဇာတ်ရုပ်တွင် ပါဝင်သရုပ်ဆောင်ရန် ဆန္ဒရှိသူများ၊ သရုပ်ဆောင်သင်တန်းများမှ သင်တန်းသားများနှင့် ယင်းနေရာများတွင် ပါဝင်သရုပ်ဆောင်ရန် စိတ်ပါဝင်စားသည့် နိုင်ငံသားများအား ဖိတ်ခေါ်ကာ ဇာတ်ကောင်နှင့် ကိုက်ညီမှုရှိသူများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိတ်ပါဝင်စားသူများနှင့် သရုပ်ဆောင်သင်တန်းများမှ သင်တန်းသားများအတွက် လျှောက်ထားနိုင်မည့် အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။