MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, December 22, 2012

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၈) သည် နိုင်ငံသား အခွင့်အရေးများကို များစွာ ချိုးဖောက်နေကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ထုတ်ပြန်

 
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၈) သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသား အခွင့်အရေးများကို ပြန်လည်ချိုးဖောက်နေသည်ဟု ယုံကြည်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ချုပ်မှ ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် ဆန္ဒထုတ်ဖော်ပွဲများတွင် ပါဝင်ခဲ့မှုကြောင့် ဗကသများအဖွဲ့ချုပ်မှ ကိုအောင်မှိုင်းဆန်း၊ ကိုမင်းနိုင်လွင် (ခ) ကိုကျော်ကြီး နှင့် ကိုသန်းထိုက်တို့အား ပုဒ်မ (၁၈) ဖြင့် မန္တလေးထောင်တွင် ဖမ်းဆီးထားပြီး ကိုသီဟ၀င်းတင်နှင့် ကိုထွန်းထွန်းကျော်တို့အား ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ (၁၈) တို့ဖြင့် အသီးသီး ဖမ်းဝရမ်း ထုတ်ပြန်ထားကြောင့် ၎င်းတို့၏ ပြောကြားချက်အရ
သိရသည်။
''ပုဒ်မ ၁၈ ဟာ ပြည်သူလူထုရဲ့အခွင့်အရေးတွေကို ဆန္ဒထုတ်ဖော်တဲ့ အခါမှာ အသုံးချရမယ့် အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ ပုဒ်မ တစ်ခုဖြစ်ပြီး မတရားတဲ့ ဥပဒေ တစ်ခုလို့ လူထုကို အသိပေးချင်လို့ ကျွန်တော်တို့လူတွေက အကျဉ်းထောင်ထဲကို ၀င်သွားခဲ့တာပါ'' ဟု ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောသည်။
လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်၍လည်း ဒီမိုကရေစီရေး ချိုးဖျက်ခံရခြင်းနှင့် ဆုံးရှုံးသွားသည်ဟု ယူဆသောကြောင့် တာဝန်ရှိသူများကို အရေးယူပေးမှသာ ကျေနပ်နိုင်မည် ဖြစ်ကြောင်းနှင့် မတရားဖမ်းဆီးထားမှုများကို ပယ်ဖျက်ပေးရန် တောင်းဆိုကြောင်း၊ ပြည်သူလူထု၏ အရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုကျော်ကိုကိုက ဆက်လက်ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ပတ်သက်၍လည်း တလေးတစားနှင့် စောင့်ကြည့်သွားမည်ဖြစ်ပြီး ကော်မရှင်တွင် လိုအပ်သည်များကို အကြံပေးခြင်းနှင့် အားကောင်းလာစေရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပါသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တွေ့ရှိချက်များကို တတ်နိုင်သမျ ဆန်းစစ်လေ့လာသွားမည်ဖြစ်ပြီး သေသေချာချာ စိစစ်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင်မူ မှားသည်မှန်သည်ဟု မပြောလိုသေးကြောင်း၊ တွေ့ရှိချက်များသည် ပြည်သူလူထု၏ ဆန္ဒ၊ ပြောကြားချက်များနှင့် ညီမညီကို သိရှိအောင် အရင်ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ ဗကသအနေဖြင့် ပြည်သူလူထုဘက်ကသာ ရပ်တည်သွားမည် ဖြစ်ကြောင်းလည်း မေးခွန်းများကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

Eleven News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။