MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, December 30, 2012

လက်ပန်းတောင်း အကြမ်းဖက်ခံရမှု တစ်လပြည့် အခမ်းအနား ကျင်းပ

2012-12-29
လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှု တစ်လပြည့်တဲ့အထိမ်းအမှတ်အဖြစ် ဒီကနေ့ မနက်ပိုင်းက လက်ပန်းတောင်းတောင်ခြေ ဆည်တဲရွာနဲ့ လက်ပန်းတောင်းတောင် ကြားမှာ ဒေသခံရွာသားတွေနဲ့ သံဃာတော်တွေ စုပေါင်းပြီး မေတ္တာပို့ဆုတောင်းခဲ့ကြပါတယ်။
Photo : RFA/San Oo
မန္တလေးမြို့မှ သံဃာတော်များ ထိုင်သပိတ်စတင်
အဲဒီ့မေတ္တာပို့ပွဲမှာ ဆေးကုသမှု ခံယူနေဆဲ သံဃာတော်တွေအတွက် ဗောဇ္ဈင်္ဂသုတ်ကိုလည်း ရွတ်ဖတ်ခဲ့တယ်လို့ မေတ္တာပို့ပွဲမှာ ပါဝင်ခဲ့တဲ့  လက်ပန်းတောင်းတောင်ခြေ ၊ ဇီးတောကျေးရွာ ၊ စမ်းမြဝတီကျောင်းတိုက် ဆရာတော် ဦးအာလောကက RFA ကို မိန့်ကြားပါတယ်။
ဒီကနေ့ ပြုလုပ်ခဲ့တဲ့ မေတ္တာပို့ပွဲကို ပခုက္ကူ ရှင်မတောင်ဆရာတော် ဦးဆောင်တဲ့ သံဃာတော် ငါးပါးနဲ့  လက်ပန်းတောင်ဒေသခံ (၂၆)ရွာက  ရွာသူရွာသား (၂၅၀) ကျော်တို့ စုပေါင်းပြီး
အတူတကွ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူပဲ  လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှု တစ်လပြည့် အထိမ်းအမှတ်အနေနဲ့   လက်ပန်းတောင်းတောင်ဒေသ အပါအဝင် ရန်ကုန်၊ချောက် ၊ ရေနံချောင်း ၊ ပခုက္ကူ ၊ ကျောင်းပန်းတောင်း၊ ရေစချို၊ စတဲ့ မြို့တွေမှာ ဒီကနေ့ နေ့လည်ပိုင်းက တစ်ပြိုင်နက်ထဲ ဆန္ဒပြ ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

 RFA News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။