MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 3, 2012

ကြေးနီတောင်စီမံကိန်း အင်အားသုံးဖြိုခွင်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့

2012-12-01
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် အတွင်းမှာရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အင်အားသုံး ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်သိရှိနိုင်အောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ဒီဇင်ဘာလ ၁ရက် ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
Photo: RFA
လက်ပန်းတောင်းသပိတ် ဖြိုခွဲမှုကြောင့် ဒဏ်ရာရထားတဲ့ သံဃာတော်များကို မုံရွာပြည်သူ့ဆေးရုံတွင် တွေ့ရစဉ်
အဖြစ်မှန်ဖေါ်ထုတ်တာအပြင် ကော်မရှင်အနေနဲ့ ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်သင့် မသင့်ကိုလည်း စုံစမ်းရမယ်လို့ ဖေါ်ပြထားပါတယ်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌအဖြစ် ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှုးအဖြစ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးစစ်မြိုင် က အတွင်းရေးမှုးအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး စုစုပေါင်းအဖွဲ့ဝင် ၂၈ဦးပါဝင်ပါတယ်။ အဲဒီအထဲမှာ အထင်ကရ
ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ပါဝင်သလို စာရေးဆရာ မောင်ဝံသ တို့လို ပုဂ္ဂိုလ်တွေအပြင် နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ ပြည်သူ့လွှတ်တော်
အမတ်တွေလည်း ပါဝင်ပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးတို့အတွက် ရည်ရွယ်ချက်ထားပြီး အချက် ၈ချက်ကို အခြေခံတဲ့ သုံးသပ်ချက်နဲ့အတူ အကြံပြုတင်ပြရမယ်လို့ သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားပါတယ်။

အဲဒီ အချက် ၈ချက်ထဲမှာ ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းပေးဖို့ ဆန္ဒဖေါ်ထုတ်မှုတွေ ဖြစ်ရတဲ့အကြောင်းရင်း၊ ကြေးနီတောင်စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် သင့် မသင့်၊ အဲဒီစီမံကိန်းဟာ နိုင်ငံတကာပြဌာန်းထားတဲ့ ဆောင်ရွက်သင့်တဲ့ နည်းပညာတွေ အသုံးပြုခြင်း ရှိမရှိ၊ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိ မရှိ အပြင် နိုင်ငံတော်အတွက် အကျိုးရှိမှုရှိ မရှိ စတဲ့ အချက်တွေကိုလည်း စုံစမ်းလေ့လာတင်ပြရမယ်လို့ ထုတ်ပြန်ထားပါတယ်။


RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။