MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, December 3, 2012

ရန်ကုန်မြို့တွင် လက်ပန်းတောင်းတောင်အရေး ဆန္ဒပြသူနှစ်ဦးဖမ်းဆီးခံရ

လက်ပန်းတောင်းတောင်အရေးမှာ အစိုးရတာဝန်ရှိသူတွေက ကိုင်တွယ်ဖြေရှင်းခဲ့တာကို မကျေနပ်တဲ့ အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ဗဟန်းမြို့နယ်မှာ စုပေါင်း ဆန္ဒပြခဲ့ရာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ဒုရဲမှူးကြီး ဦးသက်လွင်ကိုယ်တိုင် ဆန္ဒပြခေါင်းဆောင် နှစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
ဒီကနေ့ ဖမ်းဆီးခံခဲ့ရသူတွေဟာ Generation Wave အဖွဲ့က ကိုမိုးသွေးနဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးတို့ နှစ်ဦးဖြစ်ပြီး ဗဟန်းမြို့နယ်ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာရှိတဲ့ ကြေးသွန်းဘုရားကြီးကနေ တာမွေအဝိုင်းထိပ်ကို ချီတက်ဆန္ဒပြနေချိန် ရွှေဂုံတိုင်ဟိုတယ်အနီးမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ စာရေးဆရာ ဝေမှူးသွင်က RFA ကို အခုလိုပြောပါတယ်။ "ကျွန်တော်တို့က ကြေးသွန်းဘုရားရှေ့ကနေ တာမွေအဝိုင်းကိုသွားတဲ့အခါမှာ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးနဲ့ Generation
Wave အဖွဲ့က ကိုမိုးသွေးရယ်ကို SSC ဆေးရုံနားမှာ ဖမ်းဆီးသွားတာ ကျွန်တော်တို့က မည်သည့်အကြမ်းဖက်မှုကိုမှ မပြုလုပ်ပါဘူး၊ နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို အသုံးချတာဖြစ်ပါတယ်" ဒီကနေ့ ဆန္ဒပြသူတွေဟာ သပိတ်စခန်းတွေက အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသူတွေကို နိုင်တော်အစိုးရက ဝန်ချတောင်းပန်ရေး၊ လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေးနဲ့ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံအတွင်းက အမြန်ဆုံးထွက်ခွာသွားရေး စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ဆန္ဒပြပွဲကို ရန်ကုန်မြို့မှာ ရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အင်အား ၆၀ ကျော်ပါဝင်ခဲ့ပြီး၊ဒီကနေ့ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းက သပိတ်စခန်းတွေကိုအကြမ်းဖက် ဖြိုခွဲပြီးနောက် တတိယမြောက်နေ့ အဖြစ် ရန်ကုန်မှာ ဆန္ဒပြတာ ဖြစ်ပါတယ်။
Generation Wave မျိုးဆက်သစ်လူငယ်များအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမိုးသွေးနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ကတစ်ဦးကို ဒီကနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်တွေက ကိုမိုးသွေးတို့စီးလာတဲ့ အငှားယာဉ် တက္ကဆီကို လမ်းပိတ်တားပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ကိုမိုးသွေးတို့နဲ့အတူရှိနေခဲ့တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဒီငြိမ်းလင်းနဲ့ ကိုမိုးသွေးရဲ့ ညီဖြစ်သူ ကိုကြည်ဇင်သာကို RFA အဖွဲ့သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။


RFA NEWS

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။